Subscribe to our RSS Feed

တောင်ကိုရီးယားနိုင်ငံတွင် အိမ်မွေးခွေးတစ်ကောင်မှ ကြောင်ပေါက်လေးတစ်ကောင် မွေးဖွား


From : မြဝတီ

တောင်ကိုရီးယားနိုင်ငံတွင် ယခုရက် သတ္တပတ်အစောပိုင်းက အိမ်မွေးခွေး တစ်ကောင်က ခွေးပေါက်လေးများနှင့်အတူ ကြောင်ပေါက်လေးတစ်ကောင်အား မွေးဖွားခဲ့ကြောင်း ယင်းခွေးပိုင်ရှင် အမျိုးသားဖြစ်သူ အသက် ၆၃ နှစ်အရွယ်ရှိ ဂျောင်ပြောင်ဘောင်က ပြောကြားခဲ့သည်ဟု ဗြိတိသျှ သတင်းစာကြီးတစ်စောင်တွင် ဇူလိုင် ၂ဝ ရက်က ဖော်ပြခဲ့သည်။

ယင်းခွေးမွေးဖွားပြီးနောက် ကြောင်ပေါက်လေးတစ်ကောင် ပါလာသည်ကို တွေ့ရသည့်အခါ မိမိအနေဖြင့် မယုံကြည်ဖြစ်ရကြောင်း၊ ထို့ကြောင့် မြို့ရှိအခြားလူများအား မိမိနေအိမ်သို့ လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ခဲ့ ကြောင်း မစ္စတာဂျောင်က ပြောကြားခဲ့သည်။



သို့ရာတွင် အဆိုပါခွေးမမှမွေးဖွားလာခဲ့သည့် ကြောင်ပေါက်လေးသည် ကြောင်ပေါက်လေးနှင့် ဆင်တူသော ခွေးကလေးတစ်ကောင် ဖြစ်နိုင်ဖွယ်ရှိ သည်ဟုသိရသည်။

ယင်းကဲ့သို့ ဖြစ်ရပ်မျိုးသည် ပထမဆုံးအကြိမ်မဟုတ်ကြောင်း လွန်ခဲ့သည့် နှစ်အနည်းငယ်က တရုတ်နိုင်ငံတွင် ကြောင်တစ်ကောင်က ခွေးလေးတစ် ကောင်ကိုမွေးဖွားခဲ့သည့် အလားတူ ဖြစ်ရပ်မျိုးရှိပြီး ဘရာဇီးနိုင်ငံ တွင်လည်း လွန်ခဲ့သည့် ခြောက်နှစ်ကျော်က ကြောင်တစ်ကောင်သည် ခွေးလေးနှစ်ကောင် ကို မွေးဖွားခဲ့ ကြောင်းသိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်