From : ခေတ်လူငယ်
နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် သဘောထားကြီးစွာဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချမှတ်ပြီး ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် ကေအိုင်အေ (ကချင်)အဖွဲ့မှ ပြည်သူများ၏ လူမှုစီးပွားဘဝကို လျစ်လျူရှုကာ အဖျက်လုပ်ရပ်များ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကေအိုင်အေ (ကချင်) အဖွဲ့သည် ဇူလိုင် ၂ ရက် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်က မြစ်ကြီးနား -ဆွမ်ပရာဘွမ် သွားသည့် ကားလမ်း မိုင်တိုင် အမှတ် (၃၆/ ၀) ရှိ အရှည်ပေ ၂၇၀ ၊ အကျယ် ၁၅ ပေ ဖုန်အင်ခ သံပေါင်ပျဉ်ခင်း ဘေဘီတံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ကေအိုင်ကေ (ကချင်) လက်နက်ကိုင်အဖွဲ့အနေဖြင့် ကချင်ပြည်နယ်၏ တိုးတက်မှုကို လျစ်လျူရှု၍ ဆုတ်ယုတ်စေသော အဖျက်လုပ်ရပ်များ ဆောင်ရွက်နေခြင်းကို ရပ်တန့်ကြစေရန်နှင့် အမြင်မှန်ရရှိပြီး ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် တိုင်းရင်းသားပြည်သူများမှ မျှော်လင့်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်