Subscribe to our RSS Feed

လန်ဒန်အိုလံပစ်ပြိုင်ပွဲ မြန်မာက အားကစားနည်းငါးမျိုး ဝင်ရောက် ယှဉ်ပြိုင်မည်


From : ရန်ကုန်တိုင်းမ်

လန်ဒန်အိုလံပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံက အားကစားနည်းငါးမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က ပြောကြားသည်။ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁၂ ရက်အထိ ကျင်းပမည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် ဗြိတိသျှသံရုံးတို့မှ ဂုဏ်ပြုသည့် Road to London အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်က “မြန်မာနိုင်ငံ အနေဖြင့် အိုလံပစ်ပြိုင်ပွဲများတွင် စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှ စတင်ပြီး အိုလံပစ်ပြိုင်ပွဲများကို အစဉ်အလာမပျက် ဝင်ရောက်ခဲ့သည့်အပြင် (၁၄) ကြိမ်မြောက် လန်ဒန်အိုလံပစ်ကို လွတ်လပ်ရေးရပြီးပြီးချင်း ဝင်ရောက်ခဲ့သည့်အတွက် ထူးခြားပါကြောင်း၊ ယခုအကြိမ် (၃၀) မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်းငါးမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း” ဟု ပြောသည်။ “တတိယအကြိမ် ကျင်းပခွင့်ရတဲ့ လန်ဒန်အိုလံပစ်ကို အားကစားနည်း ငါးမျိုး၊ ကစားသမား ၁၇ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောသည်။ အဆိုပါ အိုလံပစ်ပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။ (၂၉)ကြိမ်မြောက် ပြိုင်ပွဲကို တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အပြင် ယခုနှစ် အကြိမ် (၃၀) မြောက် လန်ဒန်အိုလံပစ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံက မြားပစ်၊ ပြေးခုန်ပစ်၊ ဂျူဒို၊ သေနတ်ပစ်၊ လှေလှော် အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express


1 comments:

"Bravo Myanmar Bravo"... "Bravo Myanmar Bravo"

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်