ပြည်တွင်းရှိ လုပ်သား တွေရဲ့ အရည်အချင်း တိုးတက် ဖွံ့ဖြိုးဖို့ အတွက် စင်္ကာပူ နိုင်ငံ အဖွဲ့အစည်း နှစ်ခုက ကူညီဆောင်ရွက် ပေးသွားဖို့ ရှိတယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ သိရပါတယ်။ ဒီလို ကူညီမှုနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၁၇ ရက်နေ့ ကလည်း အရည်အသွေး အာမခံခြင်း ဆိုင်ရာ မူဘောင်နဲ့ လုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် မြှင့်တင် ဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာ ရေးထိုးပွဲကို နေပြည်တော်မှာ ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။
နားလည်မှု စာချွန်လွှာ ရေးထိုးရာ မှာတော့ အလုပ်သမား ၀န်ကြီး ဌာနမှ တာဝန်ရှိသူနဲ့ Singapore Poltyechnic မှတာဝန် ရှိသူတို့က လက်မှတ် ရေးထိုးကြတာ ဖြစ်ပါတယ်။ အဆိုပါ လက်မှတ်ရေးထိုးမှု အရ စင်္ကာပူ ပိုလီတက်ကနစ်နဲ့ တီမားဆပ်ဖောင်ဒေးရှင်း တို့ဟာ မြန်မာနိုင်ငံရဲ့ အသက်မွေး ပညာရပ် သင်တန်းများ၊ လုပ်သားထု အရည်အသွေး အသိအမှတ် ပြုလက်မှတ် ပေးအပ်မှုတို့မှာ လုပ်ဆောင်သင့်တဲ့ အချက်အလက် တွေကို ကူညီပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းရှိ အလုပ်အကိုင် အခွင့်အလမ်း ရှိရာ သင်တန်း ကျောင်းတွေရဲ့ အရည်အသွေး မြှင့်တင်ပေးမှုကို ကူညီပေးဖို့နဲ့ စင်္ကာပူ နိုင်ငံ အဖွဲ့အစည်း ၂ ခုရဲ့ လေ့လာ ဆောင်ရွက် ထားမှုတွေကို ပြန်လည် ဆွေးနွေးပြောပြ ပေးဖို့ကိုလည်း သဘောတူ ခဲ့ကြတယ်လို့ သိရပါတယ်။ အခုလို ပြည်တွင်း လုပ်သားတွေရဲ့ အရည်အချင်း မြှင့်တင်မှု အတွက် ကူညီရာမှာ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေး အဖွဲ့ရဲ့ အဖွဲ့ဝင် ၃၅ ဦး ကိုလည်း စင်္ကာပူနိုင်ငံရှိ ကျွမ်းကျင် ပညာရှင်တွေက ဆွေးနွေးပွဲများ၊ လေ့လာရေးများကို မြန်မာနဲ့ စင်္ကာပူနိုင်ငံ တွေမှာ ပြုလုပ်ပေး သွားမယ်လို့ သိရပါတယ်။



0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်