Subscribe to our RSS Feed

အပျို၊အပျိုစစ်နှင့် အပျိုစင်........... အကြောင်း.


From : မေသဇင်


အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။
ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်....။
အပျို .......
အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။
အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ...။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်...။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်....။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ဒါကို အပျိုလို့ ခေါ်ပါတယ်....။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်...။

အပျိုစစ်.......
အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး...။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ...။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။

အပျိုစင်.......
အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး....။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်...။အပျိုစင် ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်...။ ဒါပေမဲ့ ဘယ်ယောကျာင်္းများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်...။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး...။

ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်...။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်...။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်...။“မေ့”ညီမတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ...။

Myanmar Express


22 comments:

တယ်ကောင်းပါလား ခွဲခြားပြတာ
ကျေးဇူးပါ ဘလော့ကာရေ
ကူးယူဖော်ပြတဲ့အတွက် ဒီဘလော့အားပေးသူတွေ
ဖတ်ရတာပေါ့
ဒီလိုမျိုးသိတော့မှပဲ ကိုယ့်ကိုယ်ကို
အိမ်ထောင်မကျသေးတဲ့အပျိုဟိုင်းလေးမှန်းသိတော့တယ်
:p

Hello အပျိုဟိုင်း
လူပျိုသိုး ဆိုတာသိတယ်နော်

သိပ်ကြိုက်တာပဲ

ကောင်းတယ်စတော်ဘယ်ရီလိုပဲ စပျစ်အရသာလည်းပါတယ်

ကျေးဇူးပါပဲ၊ အခုမှပဲ ရှင်းတော့တယ်

အခုမှပဲ ရှင်းရှင်းလင်းလင်း သဘောပေါက်တော့တယ် ၊ကျေးဇူးတင်ပါတယ်(မောင်ပေါက်ကျိုင်း)

တော်တော်လေးကောင်းပါတယ် ပြောသွားတာတွေကတော့ ဒါလေးတွေကို များများ ပြောပေးပါနော် ဘာဖြစ်လို့လဲ ဆိုလျှင် အခုခတ်မိန်းကလေးတွေက တာတွေကို မသိတော့ပါဘူး............... ............

ကောင်းတယ်ဗျာနော်................. ဆက်ရေးနော်...... အားပေး တယ်နော်............... ဟိုင်းဟိုင်းလေး

ကောင်းတယ်ဗျာနော်............ အားပေးတယ် ဆက်ရေးနော်......

ကောင်းတယ်ဗျာ ..............ဆက်ရေးနော်

အ၇မ်းကောင်းပါတယ်

Yes you can write whatever you like but please do not use other people's pictures without permission.

နားနဲ့မနာဖဝါးနဲ့သာနာပါ အပျိုရည်ပျက်မစိုးလို့ အနောက်ကိုပဲဆက်ဆံခံတဲ့မိန်းကလေးကြ ဘယ်အမျိုးအစားထဲပါပါသလဲခင်ဗျာ

ကောင်းလိုက်တဲ့မေးခွန်းလေး

ဘာတွေလဲ အပျိုလဲချီးပါရင်ဖင်လန်ရတာပဲ ခွီးထဲမှကွာ

အေးကွာ ဒါလေးတောင်မသိဘူး၊ အရူးဘဲ

စာရေးတဲ့သူ. အရမ်းတော် တယ်ဗျာ

ကူးယူသွားပါတယ်ဗျာ..ကျေးဇူးတင်ပါတယ်။
တကယ်ကောင်းတဲ့ပိုစ့်လေးပါ။

မသီ့တဲ့သူတွေ အတွက်တော့ကောင်းပါတယ် များများလေးရေးပေးလိုက်ပါဗျာ မသီ့တဲ့ဘောဘောတွေအတွက် ကျေးဇူးပါ TTN

ေ ကာ င်း ပါ တ ယ် ဗျာ ။ အ မျိုး သ မီးေ တွ အ တွ က် သ တိ ပြု ဆ င် ခြ င် စ ရာ ပါ ။

အရမ်းကောင်းပါတယ်။
အခုခေတ်မှာ အပျိုစင်ဆိုတာတော်တော်ရှားသွားပြီလို့
ပြောရမယ်ထင်တယ်

ကြိုက်တယ်ပြာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်