Subscribe to our RSS Feed

Express Times ၀က်ဘ်ဆိုက် hack ခံရ


Express Times သတင်းဂျာနယ်၏ တရားဝင်ဝက်ဘ်ဆိုက်ကို ပြည်တွင်းအခြေစိုက် လွပ်လပ်သောမူဆလင်အဖွဲ့အစည်း Freedom For Muslims In Borma ဟု အမည်ခံသည့်အဖွဲ့အစည်းတစ်ခုမှ hacked လုပ်ထားသဖြင့် မည်သည့်လုပ်ဆောင်ချက်ကိုမျှ ဆောင်ရွက်ရရှိတော့ခြင်း မရှိတော့ကြောင်း Weekly Express Times မှ သတင်းထောက်၏ ပြောပြချက်အရ သိရသည်။ မြန်မာနိုင်ငံအတွင်း Weekly Express Times သတင်းဂျာနယ်အနေဖြင့် လုပ်ဆောင်လျက်ရှိသည့် ဘာသာရေးအရ ဖိနှိပ်ဆောင်ရွက်မှုများကို ရပ်တန့်ရန်နှင့် အစိုးရအနေဖြင့် မူဆလင်အဖွဲ့အစည်းအပေါ် ဖိနှိပ်ဆောင်ရွက်မှုများကို ဖိအားပေးရပ်တန့်ရန် သတိပေးချက်ဖော်ပြထား သည်။

သတိပေးချက်အောက်တွင် ၎င်းတို့၏ သတိပေးချက်ကို လိုက်နာဆောင်ရွက်ပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက လက်စားချေခြင်းခံရမည်ဖြစ်ပြီး မိမိတို့ဘ၀ကို ကယ်တင်လိုပါက ၎င်းတို့၏ တောင်းဆိုမှုကို လိုက်လျောရန် ခြိမ်းခြောက်ထားသည်ကို တွေ့ရှိရသည်။

Weekly Express Times သတင်းဂျာနယ်အနေဖြင့် လွပ်လပ်သော မီဒီယာအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များတွင် မျှတသော၊ ဘက်မလိုက်သော အတွေးအခေါ်၊ ရပ်တည်ချက်ဖြင့် ရသမျှသော အချက်အလက်များအပေါ် အခြေခံရေးသားခဲ့ပါသည်။ ယနေ့အချိန်အထိ မည်သည့် မူဆလင်အဖွဲ့အစည်းအပေါ်ကိုမျှ တစ်ဖက်စောင်းနင်းရေးသားခဲ့ခြင်းမရှိပါသော်လည်း ယခုကဲ့သို့ အစွန်းရောက်အဖွဲ့အစည်းတစ်ခု၏ တုန့်ပြန်မှုသည် အင်မတန်ကြောက်မက်ဖွယ်ရာ၊ ၀မ်းနည်းဖွယ်ရာ ကိစ္စရပ်တစ်ခုအဖြစ် ရှုမြင်ပါသည်။

ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကိုသာ မျက်မှောက်ပြုသော ကျွန်ုပ်တို့ မီဒီယာအပေါ် ရည်ရွယ်ချက်ရှိရှိ ယခုကဲ့သို့ တိုက်ခိုက်မှုသည် လူကြီးလူကောင်းမဆန်သော ညစ်ထေးသောလုပ်ရပ်တစ်ခုဖြစ်သဖြင့် အတိအလင်း ကန့်ကွက်ရှုံချကြောင်း ကြေညာအပ်ပါသည်။

၎င်းတို့၏ လုပ်ရပ်သည် ကျွန်ုပ်တို့အနေဖြင့် မူဆလင် လူ့အဖွဲ့အစည်းများအပေါ် ထားရှိသော သဘောထားအမှန်ကိုလည်း အထူးတလည် ထိခိုက်စေနိုင်ပါသည်။

ထို့ပြင်အခြားသော မီဒီယာများကိုပါ အလားတူခြိမ်းခြောက်မှုများပြုလုပ်ရန် အစီအစဉ်များရှိကောင်းရှိနိုင်သဖြင့် မီဒီယာများ မိမိတို့၏ ၀က်ဘ်ဆိုက်များ၏ လုံခြုံရေးကို အထူးသတိထားကြရန် သတိပေးအပ်ပါသည်။

လေးစားစွာဖြင့်
အယ်ဒီတာအဖွဲ့

Myanmar Express

4 comments:

Government must investigate these Myanmar muslim hackers and prison them.

ဒိတစ်ခါ လာဟပ်ရင် လိးကျွေးလိုက်

Musalim arrlone ko Lee pal.

ရိုဟင်ဂျာတွေ ဒုက္ခရောက်နေတယ်ဆိုရင် မင်းတိုအလာ ကိုလာကယ်ခိုင်းပါလားကွ လူမိုက်ရိုင်းတွေကိုအလာလည်း မကယ်ဘူး မင်တို့ အဖေ ခေါ်နေတဲသူတွေလဲကယ်လို့ ရမှာမဟုပ်ဘူး လူ့ အဖွဲအစည်း မှာလူလိုနေချင်ရင် လူစိတ်မွေးရတယ်ကွ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်