Subscribe to our RSS Feed

မြန်မာ-အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံမှုတွင် Google နှင့် Coca Cola အပါအဝင် ကုမ္ပဏီ ၃၀ ကျော် ဆွေးနွေးခဲ့

From : MRTV-4

အမေရိကန် နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက် တွေကို ဖြေလျှော့ ပေးပြီးနောက် အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တွေဟာ

လာရောက် ရင်းနှီးမြှုပ်နှံဖို့ အတွက် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံမှုတွေ စတင်ပြုလုပ် ခဲ့ပါတယ်။ ဒီလို တွေ့ဆုံရာမှာ Google, Coca Cola စတဲ့ ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၃၀ ကျော်က လာရောက် တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။ ဒီလို လာရောက် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲ တစ်ခုကို ဇူလိုင်လ ၁၆ ရက်နေ့က Sedona ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

ဒီလို မြန်မာနိုင်ငံမှာ လာရောက် တွေ့ဆုံရာမှာ အမေရိကန် နိုင်ငံမှ နာမည်ကြီး ကုမ္ပဏီတွေ ဖြစ်တဲ့ Coca Cola ကုမ္ပဏီ၊ GE Healthcare ကုမ္ပဏီ၊ Google ကုမ္ပဏီ၊ Deloitte Consulting U.S.A စတဲ့ ကုမ္ပဏီတွေ အပြင် အခြား ကုမ္ပဏီ ၃၆ ခုက ပါဝင်ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ လာရောက် တွေ့ဆုံခဲ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခု အပါအ၀င် ဖြစ်တဲ့ GE ကုမ္ပဏီဟာ Sealion Co.Ltd မှတဆင့် ဗဟိုရ်စည် ဆေးရုံ၊ ပန်းလှိုင် ဆေးရုံတို့မှာ ခေတ်မီရောဂါ ရှာဖွေရေးနဲ့ ကုသရေး စက်ပစ္စည်းများ ၀ယ်ယူမှုတွေ အတွက် သဘောတူ စာချုပ်ရေးထိုး ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် GE ကုမ္ပဏီ ရုံးခန်းကို ပြည်တွင်းမှာ ဖွင့်လှစ် သွားဖို့လည်း စီစဉ်လျက် ရှိပါတယ်။ ဒါ့အပြင် စွမ်းအင်၊ ဘဏ္ဍာရေးနှင့် ၀န်ဆောင်မှု၊ စားသောက်ကုန်၊ စိုက်ပျိုးရေး၊ ကျန်းမာရေး ၀န်ဆောင်မှု၊ သတင်း အချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာ အစရှိတဲ့ လုပ်ငန်းတွေ မှာလည်း ရင်းနှီးမြှုပ်နှံဖို့ အတွက် နှစ်နိုင်ငံမှ လုပ်ငန်းရှင် တွေဟာ လေ့လာမှုတွေကို လာရောက် ပြုလုပ်မှု အနေနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။


Myanmar Express

1 comments:

The American Companies are coming and investing in Myanmar, I cann't say "Very Good", I can say "Not Bad" because they gonna make tons of money for them and take a lot of profits from Myanmar. As a released of this Sanction is still tricky, we can not export to USA any products from Myanmar, we are only importing products from them. Please think about it, the American said: "they'll wait and see 3 more years, after the 3 years they'll consider to lift 100% Sanction or not. Do you know what's it mean? 3 more years means next Myanmar General Election in year 2015, they're still expecting their favorite choice "Daw Suu Kyi" is becoming President, look like they still want to hold the Sanction until Daw Suu Kyi be a President but according to the Myanmar Constitution if she could not make it, may be some one from her Party, American'll still holding this Sanction on Myanmar just only for one reason of Daw Suu Kyi and NLD, actually American never care Myanmar people, they care just only one person Daw Suu Kyi. This is "Very Bad".

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်