Subscribe to our RSS Feed

Googleမှ Email ၀န်ဆောင်မှု ကုမ္ပဏီတစ်ခုကို ၀ယ်ယူ

From : MRTV4

ပိုမိုတိုးတက် ကောင်းမွန်နိုင်ဖို့အတွက် Sparrow ဟာ Gmail နဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Google ဟာ Sparrow ဆော့ဖ်ဝဲကို ဘယ်လောက်နဲ့ ၀ယ်ယူခဲ့တယ် ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

အခုအခါ Sparrow ၀က်ဘ်ဆိုက်မှာ မူလအတိုင်း Application တွေကို ဆက်လက် အသုံးပြုနိုင်ဆဲ ဖြစ်ပေမယ့် နောက်ထပ feature အသစ်တွေကိုတော့ ဖြည့်စွက်သွားဖို့ အစီအစဉ်မရှိကြောင်း စပဲရိုး ကုမ္ပဏီက ၎င်းရဲ့ အသုံးပြုသူတွေဆီ email ပေးပို့ခဲ့ပါတယ်။ စပဲရိုး ၀က်ဘ်ဆိုက်ဟာ mail user agent လို့ခေါ်တဲ့ email ၀န်ဆောင်မှုတစ်ခုကို ကမ်းလှမ်းထားပါတယ်။ အဲ့ဒီဝန်ဆောင်မှုဟာ အသုံးပြုသူရဲ့ email ကို စီမံခန့်ခွဲနိုင်သလို လက်ခံရယူနိုင်ပါတယ်။

စပဲရိုးဟာ ၎င်းရဲ့ အပလီကေးရှင်းတွေကို Apple ရဲ့ OS X အော်ပရေးတင်း စနစ်အတွက် ၂၀၁၁ခုနှစ် အောက်တိုဘာလက လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းရဲ့ ရိုးရှင်းပြီး ထိရောက်တဲ့ ၀န်ဆောင်မှုကြောင့် အလျင်အမြန် လူကြိုက်များခဲ့တယ်လို့ သိရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်