Subscribe to our RSS Feed

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂမှ တိုးမြှင့်ကူညီမည်


From : ခေတ်လူငယ်

ကုလသမဂ္ဂမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုတိုးမြှင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရသစ် လက်ထက်၌ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ ပိုမိုပူးပေါင်း ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွား ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလေးပေး ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် ပြည့်ဝစေရန် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့များ ပူးပေါင်းပြီး ကူညီထောက်ပံ့ရေး ဆောင်ရွက်ပေးနေမှုများ၊ တူရကီ၊ အင်ဒိုနီးရှား၊ အမေရိကန်နှင့် OIC ရှေ့ပြေးအဖွဲ့ စသည့် နိုင်ငံတကာ လေ့လာရေးအဖွဲ့များအား ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့မှုများ၊ ရခိုင်ပြည်နယ်အတွင်း အလားတူ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကို အလေးထား ဆောင်ရွက်နေမှုများ၊ ဒုက္ခသည်များ၏ လတ်တလော စားဝတ်နေရေး၊ ကျန်းမာရေး၊ မိုးလုံလေလုံ နေထိုင်နိုင်ရေး တို့အတွက် ဆောင်ရွက်ပေးနေမှုများ၊ လွတ်လပ်သော အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုတိုးမြှင့် ကူညီဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များ၊ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဦးဆောင်သော အဖွဲ့နှင့်အတူ UNDP မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr.Ashok Nigam တက်ရောက်ခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်