From : .7day
မြန်မာလုပ်သားများ ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရာတွင် ပြည်ဝင်ခွင့်မရသော မြန်မာလုပ်သား ၇၀ ကျော် ရှိကြောင်း အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ အရာရှိတစ်ဦးက ပြောသည်။
ကိုရီးယားသို့ ပြည်ဝင်ခွင့်မရသော မြန်မာလုပ်သားများမှာ ယခင် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ခဲ့စဉ်၌ ဗီဇာသက်တမ်း ကျော်လွန်၍ တရားမ၀င် နေထို

င်ခဲ့ကြပြီး ပြည်တွင်းသို့ ပြန်လည်ရောက်ပြီးနောက် အမည်၊ မွေးသက္ကရာဇ်တို့အား ပြောင်းလဲ၍ နိုင်ငံကူးလက်မှတ် အသစ်ဖြင့် အဆိုပါ နိုင်ငံသို့ ထပ်မံသွားရာ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနက စစ်ဆေးတွေ့ရှိ၍ ပြန်လည်စေလွှတ်ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
“ဟိုနိုင်ငံရဲ့ လေဆိပ်ကျမှ Immigration ဖြတ်တော့မှ နဂိုက သူတို့ရဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေ အားလုံးရှိတော့ ပြန်လွှတ်ခံရတာ။ လေဆိပ်ကပဲ ပြန်လာရတာ။ များသောအားဖြင့် ဟိုဘက်လေဆိပ်မှာ မိတာများတယ်”ဟု အထက်ပါ အရာရှိတစ်ဦးက ပြောသည်။
လက်ရှိ ကိုရီးယားနိုင်ငံသို့ ပို့ပေးထားသော မြန်မာလုပ်သား ၅၃၀၀ ကျော်ထဲမှ ပြည်ဝင်ခွင့် မရသဖြင့် ပြန်လည်စေလွှတ်ခံရသူ ၇၀ ကျော်ရှိခြင်း ဖြစ်သည်။
“အဲဒီလို မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့သွားရင် မြန်မာနိုင်ငံသားတွေအပေါ် အထင်သေးစရာဖြစ်တယ်။ အခြား မြန်မာလုပ်သားတွေ အတွက်လည်း ပုံရိပ်မကောင်းဘူး။ ပြည်ဝင်ခွင့်ရပြီး မိမိရဲ့လုပ်ငန်းဌာနမှ အလုပ်ရှင်နှင့် သဘောတူညီမှု မရဘဲ တရားမ၀င် ထွက်ခွာသွားတာ၊ ထွက်ပြေးတာမျိုးတွေ မပြုလုပ်ဖို့ လိုပါတယ်။ ထွက်ပြေးတော့ နိုင်ငံလည်း သိက္ခာကျတယ်။ နောက်လူတွေလည်း အလုပ်အကိုင် အခွင့်အလမ်းရဖို့ ခက်ခဲသွားမယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ကိုရီးယားနိုင်ငံသို့ စတုတ္ထအကြိမ်အဖြစ် လုပ်သားစေလွှတ်ရာတွင် ကိုရီးယားဘာသာစကား EPS- Topik စာမေးပွဲ စစ်ဆေး၍ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း အလုပ်ခေါ်ရာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို ပိုမိုအလုပ်လျှောက်သူ များနေသည်။
ထို့အပြင် အစိုးရအေဂျင်စီ အနေဖြင့် အလုပ်လျှောက်လွှာများအား ကိုရီးယား HRD အဖွဲ့အစည်းသို့ အွန်လိုင်းမှတစ်ဆင့် ပေးပို့ကာ အလုပ်ရှင်ဘက်မှ ရွေးချယ်သူများအတွက် အလုပ်ခေါ်စာ ရမည်ဖြစ်ကြောင်း သိရသည်။
“တချို့က မြန်မြန်သွားချင်တော့ ပွဲစားတွေရဲ့ ယုံကြည်လောက်အောင် ပြောဆိုမှုကို နားယောင်ပြီး ငွေအလိမ်ခံရတာမျိုးတွေ ဖြစ်တတ်တယ်။ ဟိုဘက်က အလုပ်ရှင်က ရွေးချယ်မှ သေချာတာ။ ပွဲစားနဲ့လုပ်တာ အသုံးမ၀င်ဘူး”ဟု ၎င်းက ထပ်မံပြောကြားသည်။ ယခုနှစ် သြဂုတ်လအထိ ကိုရီးယားနိုင်ငံမှ အလုပ်ခေါ်စာ ရရှိသူ ၅၈၀၀ ကျော်ရှိခဲ့ပြီး သွားရောက်အလုပ်လုပ်ကိုင်သူ ၅၃၀၀ ကျော်ရှိကာ ပြည်ဝင်ခွင့်မရဘဲ ပြန်လည်စေလွှတ်ခံရသူ ၇၀ ကျော် ရှိခဲ့ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
ယခင်အလုပ်ခေါ်ရာ၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းအား အဓိကခေါ်ဆိုခဲ့ပြီး ယခုအခါ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်းတို့အတွက် ပိုမိုခေါ်ယူလာသည်။
Myanmar Express“ဟိုနိုင်ငံရဲ့ လေဆိပ်ကျမှ Immigration ဖြတ်တော့မှ နဂိုက သူတို့ရဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေ အားလုံးရှိတော့ ပြန်လွှတ်ခံရတာ။ လေဆိပ်ကပဲ ပြန်လာရတာ။ များသောအားဖြင့် ဟိုဘက်လေဆိပ်မှာ မိတာများတယ်”ဟု အထက်ပါ အရာရှိတစ်ဦးက ပြောသည်။
လက်ရှိ ကိုရီးယားနိုင်ငံသို့ ပို့ပေးထားသော မြန်မာလုပ်သား ၅၃၀၀ ကျော်ထဲမှ ပြည်ဝင်ခွင့် မရသဖြင့် ပြန်လည်စေလွှတ်ခံရသူ ၇၀ ကျော်ရှိခြင်း ဖြစ်သည်။
“အဲဒီလို မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့သွားရင် မြန်မာနိုင်ငံသားတွေအပေါ် အထင်သေးစရာဖြစ်တယ်။ အခြား မြန်မာလုပ်သားတွေ အတွက်လည်း ပုံရိပ်မကောင်းဘူး။ ပြည်ဝင်ခွင့်ရပြီး မိမိရဲ့လုပ်ငန်းဌာနမှ အလုပ်ရှင်နှင့် သဘောတူညီမှု မရဘဲ တရားမ၀င် ထွက်ခွာသွားတာ၊ ထွက်ပြေးတာမျိုးတွေ မပြုလုပ်ဖို့ လိုပါတယ်။ ထွက်ပြေးတော့ နိုင်ငံလည်း သိက္ခာကျတယ်။ နောက်လူတွေလည်း အလုပ်အကိုင် အခွင့်အလမ်းရဖို့ ခက်ခဲသွားမယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ကိုရီးယားနိုင်ငံသို့ စတုတ္ထအကြိမ်အဖြစ် လုပ်သားစေလွှတ်ရာတွင် ကိုရီးယားဘာသာစကား EPS- Topik စာမေးပွဲ စစ်ဆေး၍ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း အလုပ်ခေါ်ရာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို ပိုမိုအလုပ်လျှောက်သူ များနေသည်။
ထို့အပြင် အစိုးရအေဂျင်စီ အနေဖြင့် အလုပ်လျှောက်လွှာများအား ကိုရီးယား HRD အဖွဲ့အစည်းသို့ အွန်လိုင်းမှတစ်ဆင့် ပေးပို့ကာ အလုပ်ရှင်ဘက်မှ ရွေးချယ်သူများအတွက် အလုပ်ခေါ်စာ ရမည်ဖြစ်ကြောင်း သိရသည်။
“တချို့က မြန်မြန်သွားချင်တော့ ပွဲစားတွေရဲ့ ယုံကြည်လောက်အောင် ပြောဆိုမှုကို နားယောင်ပြီး ငွေအလိမ်ခံရတာမျိုးတွေ ဖြစ်တတ်တယ်။ ဟိုဘက်က အလုပ်ရှင်က ရွေးချယ်မှ သေချာတာ။ ပွဲစားနဲ့လုပ်တာ အသုံးမ၀င်ဘူး”ဟု ၎င်းက ထပ်မံပြောကြားသည်။ ယခုနှစ် သြဂုတ်လအထိ ကိုရီးယားနိုင်ငံမှ အလုပ်ခေါ်စာ ရရှိသူ ၅၈၀၀ ကျော်ရှိခဲ့ပြီး သွားရောက်အလုပ်လုပ်ကိုင်သူ ၅၃၀၀ ကျော်ရှိကာ ပြည်ဝင်ခွင့်မရဘဲ ပြန်လည်စေလွှတ်ခံရသူ ၇၀ ကျော် ရှိခဲ့ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ
ယခင်အလုပ်ခေါ်ရာ၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းအား အဓိကခေါ်ဆိုခဲ့ပြီး ယခုအခါ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်းတို့အတွက် ပိုမိုခေါ်ယူလာသည်။
3 comments:
ဒါကြောင့်ပြောတာ ...သူတပါးနိုင်ငံမှာသွားနေရင် ပြစ်မှု့ ဥပဒေမကျုးလွန်စေနဲ့၊
Overstay မနေကြနဲ့ ၊ သူ့တို့ဆီမှာက computer ထဲမှာ Blacklist
ထည့်ထားလိုက်ရင်ရာသက်ပန် ပြန်ဝင်လို့မရတော့ဘူး
တခုတော့ရှိတယ် ၊ ပြောင်းရင်လဲ နာမည်ကအစ ၊ မှတ်ပုံတင်နံပါတ်၊သန်းကောင်စာရင်း ၊ ပတ်စပို့ အသစ်ပါအကုန်ပြောင်းလိုက်၊
အဲဒီလိုလုပ်ပြန်ကျတော့လဲ ရိုဟင်ဂျာကုလားတွေနဲ့ ပုံစံအတူတူဖြစ်နေပြီ
ပြီးတော့လဲမြန်မာဥပဒေအရလဲလက်ခံမှာမဟုတ်တော့အကောင်းဆုံးက
တော့၊ ခိုးနေခဲ့တဲ့နိုင်ငံကိုထပ်မသွားတာအကောင်းဆုံးဘဲ
ကိုယ်လုပ်ခဲ့တာကိုယ်ဘဲခံပေါ့ လို့သာသဘောထားလိုက်ပေါ့
ကိုရီးယားမှာ Overstay နေခဲ့ပြီး မြန်မာမှာ ၅နှစ်ကျော်ရင်ပြန်ဝင်လို့ ရပါတယ်ဗျ ပြည်ဝင်ခွင့်က ၅နှစ်ပဲ ပိတ်တာပါဗျာ
ဟုတ်လား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်