Thursday, September 06, 2012
ME
From : planet
ဒိုင်အိုယူကျွန်းကို အစဉ်အဆက် ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားထားသည့် မိသားစုများကို ဂျပန်ယန်းငွေ (၂.၀၅)ဘီလျံ [အမေရိကန်ဒေါ်လာ (၂၆.၁၅)သန်း] ပေးချေပြီး ယင်းကျွန်းများအား အစိုးရက ဝယ်ယူမည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြသွားသည်။
ဂျပန်အစိုးရသည် ပိုင်နက်ကိစ္စ အငြင်းပွားနေသည့် ကျွန်းကို ဝယ်ယူရန် သဘောတူညီမှု ရရှိသွားပြီဟု ဂျပန်ပိုင် သတင်းစာများက ဖော်ပြခဲ့သည်။ ဒိုင်အိုယူကျွန်းကို အစဉ်အဆက် ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားထားသည့် မိသားစုများကို ဂျပန်ယန်းငွေ (၂.၀၅)ဘီလျံ [အမေရိကန်ဒေါ်လာ (၂၆.၁၅)သန်း] ပေးချေပြီး ယင်းကျွန်းများအား အစိုးရက ဝယ်ယူမည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြသွားသည်။
အရှေ့တရုတ် ပင်လယ်ပြင်တွင် ရှိနေသော ယင်းကျွန်းများကို ဂျပန်နှင့် တရုတ်နိုင်ငံများက မိမိတို့ပိုင်အဖြစ် အပြိုင်အဆိုင် အရေးဆိုနေကြသည်။ တိုကျို အုပ်ချုပ်ရေးမှူး ရှင်တာရို အီရှီဟာရာက အစိုးရသည် ထိုကျွန်းများကို ဝယ်ယူရန် စီစဉ်နေကြောင်း ဧပြီလက သတင်းထုတ်ပြန် ကြေညာခဲ့သေးသည်။ ဂျပန်အစိုးရ၏ မြို့ပြအင်ဂျင်နီယာ အဖွဲ့မှ ပညာရှင်များသည် ဒိုင်အိုယူသို့ တနင်္ဂနွေနေ့က ရောက်ရှိလာပြီး ကျွန်း၏ တည်နေရာနှင့် မြေမျက်နှာပြင်တို့ကို တိုင်းတာမှုများ ပြုလုပ်ခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဟွန်လိုင်က ဂျပန်၏ လုပ်ဆောင်မှုသည် နယ်ကျော်နေကြောင်း ဝေဖန်ခဲ့သည်။ ၎င်းတို့က ဒိုင်အိုယူနှင့် အနီးတဝိုက် ရေပြင်တို့တွင် ပြုလုပ်နေသည့် မည်သည့်တိုင်းတာ ဆောင်ရွက်မှုကိုမဆို တရားမဝင်ကြောင်းနှင့် အသိအမှတ်မပြုကြောင်း မိမိတို့ ယူဆသည်ဟု ကြေညာသွားသည်။ ထိုကျွန်းများနှင့် ပတ်သက်ပြီး ဂျပန်ရော၊ တရုတ်ရောက ရှေးခေတ်အခါကတည်းက မိမိတို့ပိုင် ဖြစ်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုနေဆဲဖြစ်သည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်