Subscribe to our RSS Feed

ငွေတိုက်စာချုပ် ပြည်တွင်းဘဏ်အချင်းချင်း ရောင်းဝယ်ခွင့်ပြုတော့မည်


From : ခေတ်လူငယ်

နိုင်ငံတော်အစိုးရက ဘဏ္ဍာငွေ လိုအပ်လာလျှင် ထုတ်ရောင်းလေ့ရှိသော ငွေတိုက်စာချုပ် (သို့မဟုတ်) ငွေချေးစာချုပ် (Boon)များကို ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အချင်းချင်း အပြန်အလှန် ရောင်းဝယ်ခွင့် ပြုသွားရန်ရှိကြောင်း မြန်မာ့ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် အမှုဆောင်ဒါရိုက်တာ ဦးစိုးသိန်းက ပြောကြားသည်။ “ငွေချေးစာချုပ်တွေကို ဘဏ်အချင်းချင်း ထုတ်ရောင်းတာကို ခွင့်ပြုသွားဖို့ ရှိပါတယ်” ဟု ယင်းက ပြောသည်။ ထိုသို့ ခွင့်ပြုနိုင်ရန် နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း ယခုကဲ့သို့ ခွင့်ပြုပါက ငွေလိုသည့် ပုဂ္ဂလိကဘဏ်အနေဖြင့် ငွေပိုနေသည့် အခြားပုဂ္ဂလိကဘဏ် တစ်ခုသို့ ၎င်း၏ ငွေချေးစာချုပ်များအား ထုတ်ရောင်းကာ ဖြေရှင်းသွားနိုင်မည် ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံတွင် အစိုးရက ငွေတိုက်စာချုပ်များ ထုတ်ရောင်းရာ၌ နှစ်နှစ်၊ သုံးနှစ်နှင့် ငါးနှစ်သက်တမ်း ကာလတို ငွေတိုက်စာချုပ်များ ရောင်းသည်။ အဆိုပါ သုံးမျိုးနှင့် မလုံလောက်ပါက ငါးနှစ်မှ ၁၀ နှစ်အတွင်းရှိ ကာလလတ်နှင့် ၁၀ နှစ်အထက်ရှိ ကာလရှည် ငွေတိုက်စာချုပ်များလည်းရှိရန် လိုအပ်လာပြီဖြစ်ကြောင်း ဦးစိုးသိန်းက ပြောသည်။ ထို့အပြင် အမျိုးသား လွှတ်တော်၌ သြဂုတ် ၂၂ ရက်က အတည်ပြုခဲ့သော ငွေချေးသက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ဥပဒေ(မူကြမ်း)ကိုလည်း လာမည့် အောက်တိုဘာ၊ နိုဝင်ဘာတွင် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးအတည်ပြုနိုင်မည် ဖြစ်ကြောင်းနှင့် ယခုနှစ်မကုန်မီ အထက်ပါဥပဒေ အတည်ပြုနိုင်ဖွယ်ရှိကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

1 comments:

it is not boon.correct as bond.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်