Subscribe to our RSS Feed

အမြင်မှန်ရလာသည့် ဒေါ်အောင်ဆန်း စုကြည် စီးပွားပိတ်ဆို့မှု ထပ်မံလျှော့ချပေးရေးကို ထောက်ခံ

မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့တားဆီးများ ဖြေလျှော့ပေးရေးကို ထောက်ခံကြောင်း ပြောကြားရင
်း မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၄င်း၏ အထင်ကရ အမေရိကန်နိုင်ငံ ခရီးစဉ်ကို စတင်လိုက်သည်။

ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သော မြန်မာသမ္မတ ဦးသိန်းစိန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးပြောဆိုခဲ့သည်။ သို့သော် ဆယ်စုနှစ်ငါးခုခန့် စစ်အုပ်ချုပ်ရေးအောက် နေခဲ့ရသော မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်၍အများကြီး လျှောက်လှမ်းရဦးမည် ဟုလည်း သတိပေးပြောကြားသည်။

နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် ၄င်း၏ ခရီးစဉ်အစမှာပင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက်ဟီလာရီကလင်တန်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယခင် ရက်သတ္တပတ်အတွင်း နိုင်ငံရေးအကျဉ်းသား ၉၀ ကို လွှတ်ပေးခဲ့ခြင်း အပါအ၀င် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် တုံ့ပြန်၍ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှု ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးရေး အိုဘားမားအစိုးရက စဉ်းစားနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ခရီးစဉ်အတွင်း အမေရိကန် ကွန်ဂရက်၏ အမြင့်ဆုံးဆုကို လက်ခံရယူမည်ဖြစ်သည်။

"ပိတ်ဆို့တားဆီးမှုတွေ ဖြေလျှော့ပေးဖို့ရာ ကျွန်မ တကယ်ပဲ ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံသားတွေဟာ သူတို့ရဲ့ အန္တိမပန်းတိုင်အတွက် စတင် တာဝန်ယူရမှာမို့ ဖြစ်ပါတယ်"ဟု အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ "ဒီမိုကရေစီ အရှိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ရာ အမေရိကန်ရဲ့ ပိတ်ဆို့တားဆီးမှုတွေအပေါ် ကျွန်မတို့ မှေးမနေသင့်ပါဘူး။ ကျွန်မတို့ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ကြရပါမယ်"ဟု ၄င်းကဆက်ပြောသည်။

မစ္စက်ကလင်တန်၏ မှတ်ချက်စကားများတွင် ကုန်သွယ်ရေး ပိတ်ဆို့တားဆီးမှုများအကြောင်း တိုက်ရိုက်မပြောကြားသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကြောင့် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှုများ ဖြေလျှော့ပေးရေး အလားအလာကို မြင့်တက်လာစေသည်ဟု ပြောကြားသည်။ အကယ်၍ ယင်းသို့ ဖြေလျှော့မှု ဖြစ်ပေါ်လာမည်ဆိုပါက လာမည့် ရက်သတ္တပတ်အတွင်း ကုလသမဂ္ဂ၏ အထွေထွေညီလာခံသို့ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် လာရောက်တက်ရောက်စဉ်အတွင်း ဖြစ်နိုင်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းက ဖော်ပြသည်။




မြန်မာနိုင်ငံအပေါ်သတ်မှတ်ပြဋ္ဌာန်းထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ထပ်မံလျှော့ချပေးရေးကို ထောက်ခံအားပေးသည်ဟု အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ရောက်ရှိနေသည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဘီဘီစီ သတင်းဌာနကရေးသားဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

"ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးဖို့ကိစ္စကို ကျွန်မ အလေးအနက်ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဘဝနဲ့ ကံကြမ္မာအတွက် ကိုယ့်ဘာသာကိုယ်တာဝန်စတင်ယူနိုင်ပြီ(ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီ)လို့ထင်မြင်မိတဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဒီမိုကရေစီစနစ်ကို ကျွန်မတို့ထူထောင်ရမှာဖြစ်ပါတယ်" ဟု အမေရိကန်ကွန်ဂရက်ရွှေတံဆိပ်ဆု လက်ခံရယူရန်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုခဲ့ရာ ယခုအခါတွင် နာမည်ကျော် ကိုကာကိုလာ(Coca Cola)၊ ပက်စီ(Pepsi) အပါအဝင် အမေရိကန်စီးပွားရေးလုပ်ငန်းကြီးများ စတင်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။ မြန်မာသမ္မတ ဦးသိန်းစိန်ကမူ အနောက်နိုင်ငံများအနေဖြင့် မြန်မာအပေါ်ထားရှိသော ပိတ်ဆို့အရေးယူမှုများအားလုံးကို ဖယ်ရှားပေးရန် တိုက်တွန်းပြောဆိုထားသည်။

Myanmar Express

1 comments:

အန်တီစုရေ အရင်တုန်းက အန်တီစုအကြောင်းတွေကို သိပ်စိတ်မဝင်စားပါဘူး ကျွန်တော်မြင်တဲ့ အန်တီစုဟာ လူကြမ်းကောင်းလို့ အကယ်ဒမီရတယ်လို့ထင်မြင်မိပါတယ် ဒါပေမယ့် ဒီနေ့ အန်တီစုရဲ့ အရည်အချင်းကို မျက်ဝါးထင်ထင်မြင်ချင်ပါတယ် ပြည်သူအများ မျှော်လင့်နေတဲ့ အောင်ဆန်းစုကြည် ဟာ ပြည်သူတွေအတွက် တကယ့်မျှော်လင့်ချက် အစစ်အမှန် ဖြစ်ရဲ့လားလို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်