Subscribe to our RSS Feed

ချင်းဒေါက်တာနှစ်ကောင် အကြံမထမြောက်၊ လမ်းခွဲ


From : ဆလိုင်းကျော်ကျော်

ချင်းအမျိုးသားတပ်ဦး၊ နိုင်ငံခြားရေးရာတာဝန်ခံ ဒေါက်တာရွေခါးရ်နှင့် ဗဟိုတရားသူကြီးဥက္ကဌ ဒေါက်တာအင်ဒရူးငွန်ကျုံးလျန် တို့မ လှမပ လမ်းခွဲသွားခဲ့ကြသည်။ ၂၀၁၂ခှုနစ် မေလ ၅-၆ တွင် ပြုလုပ်သည့် ချင်းအမျိုးသားတပ်ဦးနှင့် နိုင်ငံတော်အစိုးရတို့ဟားခါးတွင် ပြည်ထောင်စုအဆင့်အဖြစ် ပထမအကြိမ် တွေ့ဆုံခဲ့သည်။ အဆိုပါ ဒေါက်တာ နှစ်ကောင်သည် ကိုယ်ရေးအရာရှိ ရိုခေါမာနှင့် အရာခံဗိုလ် မောင်လေးတို့နှင့် ဦးအောင်မင်းတို့သည် ဟားခါးမြို့ရှိ ပြည်ထောင်စုရိပ်သာတွင် နိုင်ငံခြားအရက်ဝိုင်းဖြင့် သီးသန့်တွေ့ဆုံမှုပြုလုပ်ခဲ့သည်။ ထိုဝိုင်းတွင်ပင် ဒေါက်တာရွေခါးရ်ကို ချင်းပြည်နယ်ဝန်ကြီးချုပ် အဖြစ်လည်းကောင်း၊ ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်ကို သမ္မတဦးသိန်းစိန်အကြံပေးအဖြစ်လည်းကောင်း စီစဉ်ပေးရန် ဦးအောင်မင်းအား တိုက်တွန်းခဲ့သည်။ မောင်လေးအား နှုတ်ပိတ်ခအဖြစ် ရေခဲသေတ္တာတခု၊ ရိုခေါမာအား လက်တော့ပ်ကွန်ပြူတာတလုံး စီဖြင့် အဆိုပါ ဒေါက်တာနှစ်ဦးက ပေးခဲ့သည်။ ဦးသိန်းစိန်မှ ဒေါက်တာအင်ဒရူးကိုမူ လိုအပ်သော နေရာတွင် အသုံးပြုရန် (ယခု-ရခိုင်ပြည်အရေးအခင်းလေ့လာ သူအဖြစ်ပါဝင်) ခန့်အပ်သော်လည်း၊ ဒေါက်တာရွှေခါးရ်ကိုမူ ခန့်အပ်ခြင်းမရှိသောကြောင့် ဒေါက်တာရွှေခါးရ် စိတ်အတော်ထိခိုက်သွားခဲ့သည်။ ထို့ကြောင့် အရေးပေါ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို ဒေါက်တာရျွှေခါးရ်မှ အမြန်ခေါ်ယူပြီး အင်ဒရူးအား ရန်သူနှင့် ပူးပေါ်င်းမှုဖြင့် အရေးယူရန် အမြန်ဆုံးစီစဉ်ခဲ့သည်။ အစည်းအဝေးမှ ဒေါက်တာအင်ဒရူးအား ချင်းအမျိုးသားတပ်ဦးမှ မျိုးဆက်လေးဆက်တိုင်အောင် နာမည်မည်းစာရင်းတွင် ထည့်သွင်းရန် သဘောတူသည်။ နောက်တဆင့်ဆုံးဖြတ်ချက်အဖြစ် CNA ရဲဘော်များ အင်ဒရူးရွာ (အရူ၊ မတူပီမြို့နယ်) တွင် ထင်ရာစိုင်း ကြက်၊၀က်များကို သတ်ဖြတ်စားသောက်ခွင့်ကို အပိုဆု အဖြစ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ယခုဒေါက်တာအင်ဒရူးသည် သူပုန်ဘ၀မှ အစိုးရလူဘ၀သို့ ၀င်စားနေပြီဖြစ်သော်လည်း ဒေါက်တာရွှေခါးရ်မှာ မူ ချင်းလူမျိုးများအား ဆက်လက်ရောင်းစားနေကြောင်း သိရပါသည်။
ဝန်ခံချက်။ ။ ကျနော်သည် PACC ခေါ်ချင်းပြည်သူ့ရေးရာကော်မတီတွင် တာဝန်ထမ်းဆောင်နေပါသည်။ မိမိတို့လူကြီးများ အခြေအနေကိုကြည့်ပြီး စိတ်နာလွန်းလို့ Myanmar Expressကို သတင်းပေးရခြင်းဖြစ်ပါသည်။ ကျေးဇူးပြုပြီး ဖော်ပြပေးပါရန်။ ဓါတ်ပုံတွေကိုတော့ google မှာ ရှာတွေ့မှာပါ။

Myanmar Express

3 comments:

You guys CNA or any Chin armed groups need to fight Bangali Muslims, no need to fight Chin National each others or no need to fight Union Government, what a foolish thinking and fighting each others, if all Chin Nationals would not be unity, you guys will go under Bangali Muslims very soon.

You, Kyaw Kyaw, must be a foolish man. I don't know how hard you might have been trying to be smart, but you actually and obviously are very stupid. Just wondering if you have ever finished reading any type of book. Your stupid political view point might seem to be a smart one in a rural country side where no one is educated.

ဒေါက်တာရွေခါရ် အနေနဲ့ သမ္မတအဖြစ် ချင်းပြည်သူတွေရဲ့ ရွေးချယ်တင်မြောက်ခြင်းကို မလိုလားပဲ နိုင်ငံတော်အာဏာရှင်မှ တိုက်ရိုက် ခန့်အပ်တာမျိုးကိုသာ လိုချင်ရင် အနှစ်နှစ်ဆယ်ကျော် ချင်းပြည်နယ် လွတ်လပ်ရေးအတွက် တောခိုပြီး တော်လှန်ရေးလုပ်တယ်ဆိုတာ ဘယ်မှာလဲ? သူပုန်လုပ်တာကိုပြောတာလား။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်