Subscribe to our RSS Feed

အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေး ပါတီများ ညီလာခံ International Conference Asian Political Parties ( ICAPP) မှ Founding Chairman & Co-Chairman of the

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၏ ဖိတ်ကြားချက်အရ အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေးပါတီများ ညီလာခံ Internatinoal Conference Asian Political Parties ( ICAPP) မှ Founding Chairman & Co-Chairman of the Standing Committee Hom Jose de Venecia ဦးဆောင်သော အဖွဲ့ဝင် (၄၂) ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့မှ (၁၄) ရက်နေ့ထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေးပါတီများ ညီလာခံ Internatinoal Conference Asian Political Parties ( ICAPP) မှ Founding Chairman & Co-Chairman of the Standing Committee Hom Jose de Venecia တို့ တွေ့ဆုံဆွေးနွေးစဉ်

အဆိုပါ ICAPP ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်း (၈)နာရီအချိန်တွင် ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော် လေ ဆိပ်သို့ မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်နှင့် နေပြည်တော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ တာဝန်ရှိ သူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေးပါတီများ ညီလာခံ Internatinoal Conference Asian Political Parties ( ICAPP) မှ Founding Chairman & Co-Chairman of the Standing Committee Hom Jose de Venecia တို့ တွေ့ဆုံဆွေးနွေးစဉ်

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား (ICAPP) Founding Chairman & Co-Chairman of the Standing Committee Hom Jose de Venecia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ (၁)နာရီအချိန် တွင် နေပြည်တော် ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်ဂါရ၀ပြုတွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ICAPP အမြဲတမ်းကော်မတီ အကြား ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးစဉ်

တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ ဗဟိုအတွင်းရေးမှူး ဦးသိန်းဇော် ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးမောင်မောင်သိမ်း၊ သူရဦးအေးမြင့်၊ ဦးသိန်းဆွေ၊ သူရဦးအောင်ကို၊ ဦးစိုးနိုင်၊ ဒေါက်တာချမ်းငြိမ်း၊ အလုပ်အမှုဆောင်များဖြစ်ကြသော ဦးလွန်းသီ၊ ဦးအောင်ထွန်း၊ ဦးလှသိန်းဆွေနှင့် ပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ( ICAPP) Founding Chairman & Co-Chairman of the Standing Committee Hom Jose de Venecia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ကြသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ICAPP အမြဲတမ်းကော်မတီ အကြား ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးစဉ်

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ICAPP ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် အမြင်ချင်း ဖလှယ်ပြီး ခိုင်မာသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် ခင်မင်ရင်းနှီး ပွင့်လင်း စွာ ဆွေးနွေးကြသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ICAPP အမြဲတမ်းကော်မတီ အကြား ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးပြီးစဉ်

တွေ့ဆုံပွဲအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧည့်သည်တော် ICAPP Founding Chairman & Co-Chairman of the Standing Committee, Hon Jose de Venecia နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြသည်။

၎င်းနောက် မွန်းလွဲ (၁) နာရီ (၄၅) မိနစ် အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်အဖွဲ့နှင့် ICAPP ကိုယ်စားလှယ် အဖွဲ့တို့ သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ အလုပ်သဘောတွေ့ဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက် (Joint Statement) ထုတ်ပြန်သည်။

၎င်းနောက် နှစ်ဘက်အဖွဲ့ဝင်များသည် ဖိတ်ကြား၍ တက်ရောက်လာကြသော စာနယ်ဇင်းသမားများ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေး ခန်းမကြီး၌ တွေ့ဆုံပြီး မေးမြန်းချက် များကို ရှင်းလင်းဖြေကြားသည်။

ညပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးသည် ဧည့်သည်တော် ICAPP ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။

Myanmar Express

2 comments:

အားကီးကောင်းလယ်

အားကီးကောင်းလယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်