From :
..သမ္မတရုံး
..
www.MyanmarExpress.net
နေပြည်တော် မေ ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် မေ(၁၉)ရက် ဒေသစံတော်ချိန် ညနေ(၄)နာရီတွင် အမေရိကန်
ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ခေတ္တတည်းခိုသည့် Four Seasons Hotel ၌ CNN
တင်းဌာနမှ နိုင်ငံတကာရေးရာ သတင်းထောက်ချုပ် Mrs. Chiristiane Amanpour
နှင့် Washinton Post သတင်းစာမှ အယ်ဒီတာ Mr. Fred Hiatt နှင့်
နိုင်ငံရေးဆိုင်ရာ သတင်းထောက် Mrs. Anne Gearan တို့အား လက်ခံတွေ့ဆုံ၍
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်ပြီး
မေးမြန်းသည်များကို ပြန်လည် ရှင်းလင်း ဖြေကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အမေရိကန်အသံ(VOA) အဆောက်အအုံ၌ အမေရိကန် ရောက် မြန်မာအသိုင်းအဝိုင်းနှင့် တွေ့ဆုံသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဝါရှင်တန်မြို့ရှိ
ဂျက်ဖာဆင်ဟိုတယ်(Jefferson Hotel) ၌ Think-Tank အဖွဲ့အစည်းဖြစ်သည့် Center
for Strategy and International Study (CSIS) အဖွဲ့က တည်ခင်းဧည့်ခံသည့်
ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
1 comments:
CNN Washintom post သတင်းစာတွေဆိုတော့ ကမ္ဘာ့ အကြော် ကြားဆုံး Media တွေပေါ့။ဂုဏ်ယူစ၇ာပ။(ငါ တို့ဆီ
က အကြံအဖန် လျပ်တပျက်တို့။Messenger တို့နဲ့ တခြား
ဆီဘဲ။ဟိုမှာ မေးမြန်းသွားလိုက်တာ လှလို့။ပညာ၇ပါ့။ငါတို့
ဆီက ဂျာနယ်မမတို့။မောင်မောင်တို့နဲ့ဘာမှမဆိုင်ဘူး။
တင်လေးကော့။၇င်လေးမော့ပြီး အထာပေးတဲ့ ပုံစံတွေနဲ့။ထွီ။
(ဂျာနယ်ကြော်မမလေးတို့။အင်ဒီပင်းဒန့်ဒေါ်စန်းတို့ကိုအတု
ယူကြ တူမကြီးတို့။ဉပမာသာ ပေး၇တာ သည်နံမည်တွေလည်း သိမယ်မထင်ပေါင်။)
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်