From : မင်းခေါင်
နိုင်ငံတော်မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံ၍ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းနေချိန်တွင် မေလ ၂၈ ရက်နေ့၌ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးမှာ မုဒိန်းကျင့်၊ လူသတ်၊ ပစ္စည်းအလုခံရာမှ စတင်ပြီး ဘင်္ဂလာလီကုလားများနှင့် ဒေသခံရခိုင်များအကြား ပြဿနာ စတင်ဖြစ်ပွားခဲ့ပါသည်။ ဒီကိစ္စနှင့် ပတ်သတ်ပြီး ဒေသခံရခိုင်လူမျိုးများမှ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့တွင် မွတ်ဆလင်ဘာသာဝင် ၁၀ ဦးအား သတ်ဖြတ်ခဲ့ပါတယ်။ တောင်ကုတ်မှာ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မကျေနပ်တဲ့အတွက် ဇွန်လ ၅ ရက်နေ့တွင် ဆူးလေဗလီမှ အစ္စလမ်ဘာသာဝင်တွေက တရားမျှတစွာအရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပါသည်။
၎င်းအဖြစ်အပျက်များဖြစ်ပွားပြီးနောက် ဇွန်လ ၈ ရက်နေ့တွင် မောင်းတောမြို့မှ ဘင်္ဂလီကုလားများသည် ဗလီတက်ချိန်တွင်လူစုပြီး ဗလီမှဆင်းသောအခါ လူအုပ်ဖြင့် မောင်းတောမြို့မှ ရခိုင်အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး မောင်းတောမြို့နယ်အတွင်းရှိ ရခိုင်ကျေးရွာများကိုလည်း လိုက်လံမီးရှို့ဖျက်ဆီးခဲ့ပါသည်။ ဘင်္ဂလီကုလားများသည် ရခိုင်ရွာများအား မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မွတ်စလင်ကုလားမှ လွဲပြီး ကျန်လူမျိုးအားလုံးအား သတ်ဖြတ်ခဲ့ပါသည်။
ယခုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်မှ ခုလိုအကြမ်းဖက်မှုများ ဖြစ်ပွားရခြင်းမှာ အစိုးရတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဒေါက်တာအေးမောင်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်တွေရဲစခန်းအား ရခိုင်ပြည်သူများမှ ဆန္ဒပြခဲ့ရာမှာ ၀င်ဖြန်ဖြေမှုပြုလုပ်ခဲ့သော်လည်း လူထုကလက်မခံပဲခဲနဲ့ပေါက်ခဲ့သဖြင့် ရဲစခန်းစားပွဲခုံအောက်တွင် ၀င်ပုန်းနေရ ကြောင်း မျက်မြင်များကပြောကြားခဲ့ပါသည်။
ဒေါက်တာအေးမောင်သည် ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်ပုံမှန် အစည်းအဝေးတွင် ၀န်ထမ်းအဖွဲ့များ ချုံ့ခြင်း၊ ချဲ့ခြင်း၊အသစ်ဖွဲ့ခြင်းများအား စနစ်တကျပြုရေး အဆိုကိုတင်သွင်းခဲ့ပါသည်။ ၎င်းအဆိုတွင် မြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီလမ်းစဉ်အား ဦးတည်လျှောက်လှမ်းနေသဖြင့် ရဲတပ်ရင်းများအား လျော့ချပေးစေလိုကြောင်းတင်ပြခဲ့ပါသည်။ အဆိုပါတင်ပြချက် အား မကွေးတိုင်းမဲဆန္ဒနယ်မှ ဦးလှဆွေမှ ဘူးသီးတောင်-မောင်းတောဒေသသည် ဘင်္ဂလီလူမျိုးများ ၀င်ရောက် ကျူးကျော်နေသဖြင့် တားဆီးရန်လိုအပ်ကြောင်း၊ ထို့ကြောင့်ရဲတပ်ရင်းများ တိုးချဲ့ထားရှိကာ တားမြစ်ရမှာ ဖြစ်ကြောင်း၊ ကျူးကျော်မှုများအား မတားဆီးနိုင်ပါက ရခိုင်ပြည်နယ်သည် ကုလားပြည်နယ်ဖြစ်သွားမှာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါသည်။ အဆိုပါဒေါက်တာအေးမောင်၏ တင်ပြချက်အား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိခဲ့ပါသည်။
တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်စသည်ဖြင့် အဆင့်လိုက် ဖြေရှင်း ဆောင်ရွက်ရပါသည်။ မြို့ပြအုပ်ချုပ်ရေးတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ရဲတပ်ဖွဲ့မှ ကာကွယ် စောင့်ရှောက်ပေးရပြီး ရဲများမှ မထိန်းသိမ်းနိုင်မှသာ မြို့ပြအုပ်ချုပ်ရေးမှ တဆင့် စစ်တပ်အား အကူအညီ တောင်းဆိုမှသာ မလွဲမရှောင်သာ ၀င်ရောက်ထိန်းသိမ်းပေးရခြင်းဖြစ်သည်။ စစ်တပ်၏ သဘောသဘာဝအရ မြို့ပြ အုပ်ချုပ်ရေးနှင့် ကင်းကင်းရှင်းရှင်းနေရပါသည်။ ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူ၊ အစိုးရနှင့် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။
ဒေါက်တာအေးမောင်မှ ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားရခြင်းမှာ အစိုးရကြောင့်သာ ဖြစ်ပွားခဲ့ရကြောင်း စွပ်စွဲပြောဆိုနေသည်ကို တွေ့ရပါသည်။ ဇွန်လ ၈ ရက်နေ့ ည ၇ နာရီခန့်က Eleven Media Group နှင့်တွေ့ဆုံစဉ် ဒေါက်တာအေးမောင်မှ နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်သူပြည်သားတွေ လက်ထဲအပ်သင့်တယ်။ ရှမ်းကို ရှမ်းလက်ထဲအပ်ဖို့လိုမယ်။ တိုင်းရင်းသားတွေလက်ထဲ အပ်ဖို့လိုတယ် စသည်ဖြင့် ပြည်ထောင်စုပြိုကွဲစေရန်အတွက် ရည်ရွယ်သော စကားများကို ပြောဆိုပြီး နိုင်ငံရေး အမြတ်ထုတ်ခဲ့ပါသည်။ ၎င်းစကားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀ မှ ပြည်ထောင်စုမပြိုကွဲရေး အတွက် နိုင်ငံတော်တွင်ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ စသည့်နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုတဲ့အချက်နဲ့ ကိုက်ညီမှုမရှိပဲ တရားလက်လွတ်ပြောဆိုနေခြင်းဖြစ်ပါသည်။
ထို့အပြင် ဒေါက်တာအေးမောင်မှ မိမိရပ်ကွက်၊ ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာဖွဲ့ဖို့လိုတယ် ဟုပြောကြားခဲ့ပါသည်။ ၎င်းပြောဆိုချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပေဒေ ပုဒ်မ ၃၃၈ တွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။ နိုင်ငံအ၀န်း နယ်စပ်ဒေသအပါအ၀င် လိုအပ်သောနေရာဒေသများတွင် နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များကိုလည်း ဥပဒေနဲ့ အညီဖွဲ့စည်းပေးပြီး နယ်မြေဒေသလုံခြုံရေးကို ဆောင်ရွက်ပေးလျှက်ရှိသည် ဟုပြဋ္ဌာန်းထားပါသည်။ ဒေါက်တာအေးမောင် ပြောဆိုခဲ့သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် ဆိုသောအချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါဝင်သော တပ်မတော်နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ပြီး ပြောဆိုခြင်းသာဖြစ်သည်။
ထို့ကြောင့် နိုင်ငံသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၈ အရ ဖွဲ့စည်းပုံအခြေခံဥပေဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိသည့်အလျောက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက် များကို ဆန့်ကျင်ပြီး ပြည်ထောင် စုပြိုကွဲအောင်၊ ပြည်ထောင်စုကြီး အတွင်းမှ ပြည်နယ်များခွဲ ထွက်အောင် လှုံ့ဆော် ဆောင်ရွက်နေသူများကို ရှုတ်ချရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။
Myanmar Express

11 comments:
စောက်ရူးအေးမောင်
နွားကွဲရင်ကျားဆွဲခံရတက်ပါတယ်....မကြိုက်ရင် နောက်ရွေးကောက်ပွဲမှာ မဲမပေးနဲ့ပေါ့ကွာ..ကိုယ်ချင်းချင်းတော့ မလုပ်ကြပါနဲ့
ဒေါက် တာ အေး မောင် မင်း ရ ခိုင် ဖြစ် ပြီး ရ ခိုင် ပြည် သူ တွေ ကို ကာ ကွယ် ပေး တာ မ လုပ် ဘဲ နဲ့ နိုင် ငံ ရေး အ မြတ် ထုတ် ဘို့ ကြိုး စား နေ တာ ရ ခိုင် ပြည် သူတွေ အ တွက် လား။ လွှတ် တော် ကိုယ် စား လှယ် မှ ချက် ချင်း နှုတ် ထွက် ပေး ပါ။ မ ရှက် ဘူး လား။
Short-sighted Aye Maung.
Foolish Aye Maung.
Never protect Maung Taw people.
Reject him from the current post.
Right.
Than right
Tha rihgt
ကိုယ့်အမှားကိုယ်သိရင် ချက်ချင်းနှုတ်ထွက်ပေးပါ။
ပြည် ထောင် စု ကြီး မှ ပြည် နယ် တစ် ခု ခွဲ ထွက် သည် နှင့် ခွဲ ထွက် သည့် ပြည် နယ် မှ လူ မျိုး စု များ ပျောက် ကွယ် သွား ပါ လိမ့် မည်။ ယုံ ပါ။ ပြည် ထောင် စု ကြီး ကို ၀ိုင်း ၀န်း ကာ ကွယ် ရ မည် မှာ ပြည် ထောင် စု သား တိုင်း ၏ သ မိုင်း ပေး တာ ၀န် ဖြစ် ပါ သည်။
အ ရှက် ကိုမ ရှိ တဲ့ လူေ တွ လေ ကုန် ခံ ရေး လိုက် အော် လိုက် နဲ့ ကြ တာ ဥ ပဒေ ရှင် လို လို ဘာ လို လို နဲ့ ပုဒ် မ တွေ တတ် ပြိး တော့ အရှက် မရှိ ရင် ဘာ နဲ့ တူ လဲ အရ စဥ်း စား နော
ရခိုင်လူမျိုးဆိုတာ ကုလားနဲ့တန်ပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်