Subscribe to our RSS Feed

ဂျပန်ယာဉ်လိုင်းများ မြန်မာနိုင်ငံတွင်ပြေးဆွဲမည်

From : ခေတ်လူငယ်


ပြည်တွင်းယာဉ်လိုင်းပြေးဆွဲမှုတွင် ဂျပန်နိုင်ငံမှ ယာဉ်လိုင်းများ ဝင်ရောက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာသန်း ၃၀၀ ခန့် အကုန်ကျခံရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံတွင် ဂျပန်ကားလိုင်းများပြေးဆွဲရန် စီစဉ်နေကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ပြောသည်။ ဇွန် ၄ ရက်တွင် ချက်ထရီယံဟိုတယ်၌ ပြည်တွင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက “ဂျပန်ကုမ္ပဏီနဲ့ ပြောထားတယ်။ ဂျပန်က ဒေါ်လာသန်း ၂၅၀-၃၀၀ အကုန်အကျခံပြီးတော့ ဒီမှာ ကားလိုင်းတွေဆွဲမယ်။ အဲဒီကားတွေက စနစ်ကျတယ်။ ဝန်ဆောင်မှုတွေပါလာမယ်။ အချိန်မှန်ထွက်မယ်။ ကားခကိုလဲ ကတ်စနစ်နဲ့ သုံးတာတို့ပါလာမယ်။ Taxi တွေလဲ ဒီအတိုင်းပဲ။ ဂျပန်ကလာမယ်။ အခြေခံလူတန်းစားတွေ သွားရေးလာရေးအတွက် အဆင်ပြေစေဖို့ပါ” ဟု ပြောကြားခဲ့သည်။ ယင်းသို့ ပြည်တွင်းယာဉ်လိုင်းပြေးဆွဲမှုတွင် ဂျပန်နိုင်ငံကဲ့သို့ နည်းပညာ မြင့်မားကာ စည်းကမ်းရှိသည့် နိုင်ငံမှ မော်တော်ယာဉ်လိုင်းများ ဝင်ရောက်ပြေးဆွဲပါက ရန်ကုန်မြို့တွင်း အခြေခံ လူတန်းစား ဝန်ထမ်းနှင့် အလုပ်သမားများအတွက် အခြေခံအထောက်အပံ့ ကောင်းများ ဖြစ်နိုင်ကြောင်း သိရှိရသည်။
 
 Myanmar Express 

3 comments:

ကောင်းမှကောင်းပဲ....

Do you know the Japan company's name?
Because Japanese Investors called NATO [ no action talk only ]

အရေးထဲ ရခိုင်အရေးအရေးကြီးနေပါတယ်ဆိုမှ စီးပွားရေးလုပ်ချင်တဲ့သူတွေကလဲရှိသေး အဲဒီဂျပန်တွေကိုပြောလိုက် စီးပွားရေးလုပ်ချင်ရင် ဒေါ်စုနဲ့ရခိုင်မှာဘယ်လိုစီးပွားရေးလုပ်ရင်ကောင်းမလဲဆိုတာ တိုင်ပင်လိုက်အုံးလို့ ရခိုင်မှာ အိုးမဲ့အိမ်မဲ့တွေများနေပြီ သူတို့အတွက်ဝင်ငွေရအောင် လုပ်ပေးလိုက်ပါ အဲဒါဆိုအများကြီးကျေးဇူးတင်ကြလိမ့်မယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်