စစ်တွေမြို့၊ နာဇီကျေးရွာအနီးရှိ ဗုဒဘာသာ ဘုန်းတော်ကြီးကျောင်းသုံးခုကို ဘင်္ဂါလီလူမျိုးများက ယနေ့နံနက် ၁၁ နာရီခန့်က မီးရှို့ခဲ့ပြီး ယခုအခါ မီးငြိမ်းသွားပြီဖြစ်သော်လည်း မီးခိုးများထွက်ပေါ်နေဆဲဖြစ်ကြောင်းစစ်တွေမြို့ ရှိ
သတင်းထောက်က ပေးပို့သည်။ ဘုန်းတော်ကြီးကျောင်းများမှာ ဇေယျမင်္ဂလာ၊ စန္ဒာလောက၊ ရတနာ့ဗိမာန်ကျောင်းများဖြစ်သည်ဟု သိရသည်။
အဆိုပါ နာဇီကျေးရွာအနီးရှိ ရွာသာယာကျေးရွာကို ဘင်္ဂါလီလူမျိုးများက မီးရှို့မည်ဟူသည့် သတင်းများလည်း လွန်ခဲ့သည့် တစ်နာရီခန့်က ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ပေါ်တွင် လုံခြုံရေးအခြေအနေ နည်းပါးနေသောကြောင့် ဒေသခံ အမျိုးသားများနှင့် အမျိုးသမီးများမှာ စိုးရိမ်ကြောင့်ကြနေကြပြီး ဒုတ်၊ ဓားများ ကိုင်ဆောင်ကာ လမ်းမပေါ်သို့ စုဝေးရောက်ရှိနေကြကြောင်း ဒေသခံများက ပြောကြားသည်။
“ လုံခြုံရေးအင်အားမလုံလောက်တော့ ဒီဘက်က လိုက်ပြီးထိန်းရင် ဟိုဘက်က ဘင်္ဂါလီတွေ ထွက်လာတယ်။ ဟိုဘက်က လိုက်ရင် ဒီဘက်က ပြန်ထွက်လာတယ်။ အဲ့လိုဖြစ်နေတော့ ရခိုင်တွေလည်း ဒုတ်၊ ဓားဆွဲပြီး လမ်းပေါ်ထွက်လာကြတယ်”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင် တစ်ဦးက ဆိုသည်။
စစ်တွေမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများကြောင့် တပ်မှ ကားတစ်စီး ရောက်ရှိလာသည်ကို တွေ့ရကြောင်း ၄င်းက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မကျည်းမြိုင် ရပ်ကွက် (၅) တွင်းက လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာ ယင်းနေရာ သို့ မီးသတ်ကားများ သွားရောက် ငြိမ်းသတ်စဉ် ဘင်္ဂါလီများက ခဲဖြင့် ပစ်ပေါက်သဖြင့် မီးမငြိမ်းသတ်နိုင်ဘဲ တပ်မတော်၏ အကူအညီဖြင့် မီးငြိမ်းသတ်နေရကြောင်း ဒေသခံများက ပြောကြားသည်။
ဓည၀တီရပ်ကွက်တွင် မီးရှို့ရန် ကြိုးစားခဲ့သူ ဘင်္ဂါလီလူမျိုး ငါးဦးခန့်ကို ဓာတ်ဆီပုံးများနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် လူသုံးဦး သေဆုံး
ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသော စစ်တွေမြို့ မြောက်ဘက်ရှိ ဗျိုင်းဖြူရွာတွင် ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂါလီများက နေအိမ်များအား မီးရှို့ကာ ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်တိုင်းရင်းသားသုံးဦးသေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စုံစမ်းသိရှိရသည်။
အဆိုပါကျေးရွာသို့ ယခုအချိန်ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ မရောက်ရှိသေးကြောင်း ၄င်းတို့က ဆိုသည်။
“ဘင်္ဂါလီတွေက သေနတ်ပစ်ပြီးတော့ ရွာကို မီးရှို့ဖို့ ၀င်လာတဲ့အခါ ရခိုင်တွေက ဓားနဲ့ ပြန်ခုတ်တယ်။ အဲ့ဒီမှာ ဘဂါင်္လီဘက်က လူအင်အားအတော်များတော့ ဒဏ်ရာရတဲ့သူတွေမှာ ရခိုင်တွေ ပိုများတယ်” ဟု ဗျိုင်းဖြူရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်
အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ် အတွင်းရှိ ကုလသမဂ္ဂဝန်ထမ်းများကို ပြန်လည်ခေါ်ယူနေပြီဖြစ်ကြောင်း CNN က ပြောကြားသည်။
မောင်တောနယ်တွင် တာဝန်ကျနေကြသည့် ကျောင်းဆရာ/မများ မိမိဒေသပြန်ရန်စီစဉ်
From : 7Day
မောင်တောမြို့နယ်အတွင်းရှိ ကျေး ရွာများတွင် တာဝန်ကျနေကြသည့် ကျောင်းဆရာ/မများမှာ ဖြစ်ပွား နေသည့် ပဋိပက္ခများကို စိုးရိမ်ကာ မိမိတို့နေထိုင်ရာ မြို့များသို့ ထွက်ခွာသွားရန် စီစဉ်နေကြကြောင်း သတင်းရရှိသည်။ အဆိုပါ ဆရာ/ မများ သွားလာနိုင်ရန်အတွက် သက် ဆိုင်ရာ မြို့နယ်ပညာရေးမှူးများ နှင့် ဒေသခံဆရာ/မများက စီစဉ်နေကြပြီး ယခုနှစ်တွင် အသစ်တာ ၀န်ကျလာသည့် ဆရာ/မများကို လိုက်ပါ ပို့ဆောင်သည့် မိဘများလည်း မောင်တောမြို့မှ ပြန်ရန် အခက်တွေ့နေကြောင်း သိရသည်။
From : 7Day
ရန်ကုန်လေဆိပ်တွင်အထူးစစ်ဆေးမှု့များပြုလုပ်
စစ်တွေမြို့နှင့်သံတွဲမြို့များမှ ပြန်လာသည့်ခရီးသည်များကို ရန်ကုန်လေဆိပ်တွင် စနစ်တကျစစ်ဆေးမှု့များပြုလုပ်နေကြောင်း ရန်ကုန်လေဆိပ်မှအဓိက တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
ဇွန်လ ၁၁ ရက်နေ့ ၁၄၃၅ နာရီ ။ နာဇီရပ်ကွက်(၁၂)၊ ဘင်္ဂါလီအများစုနေထိုင်သည့် အိမ်(၂) လုံး မီးလောင်ကျွမ်းခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ခလရ(၂၀)မှ တပ်မတော် သားများမှ သွားရောက် ရှင်းလင်းခဲ့သည်။ လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရသဖြင့် လူစုကွဲကာ မီးများလည်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
တပ်မတော်သည် စစ်ကြောင်းများထိုးရ်ျ နယ်စပ်တစ်ယောက် ကယ်တင်ခြင်း..
တပ်မတော် ထောက်ပို့ တပ်များမှ လိုအပ် အဝတ်ထည် ပစ္စည်းများ ဒုက္ခသည်စခန်းများအား ပို့ ဆောင်ပေးခြင်း....
မြို့ တွင်းရှိ မီးရထားလမ်းများလုံခြုံစွာ မနားမနေ တာဝန်ယူပေးခြင်း..........
တပ်မတော်လေမှလည်း ရိက္ခာပစ္စည်းများ လိုအပ်သည် များကို ရဟတ်ယဉ် တပ်မတော်သယ်ယူပို့ ဆောင်ရေး လေယဉ် များဖြင့် ပို့ ဆောင်ပေးခြင်း.......
တပ်မတော် ရေမှလည်း ဘင်္ဂလီများထပ်မံ ဝင်ရောက်လာ နိုင်ခြင်း မရှိရင် ရေပိုင်နက်တွင်ကင်းလှည့်ခြင်း..........
တပ်မတော်ကြည်းတပ်များမှ နယ်မြေစိုးမိုးမှုကို ခရီးတိုခရီး ရှည်ဆောင်ရွက်ခြင်း ဖြင့်တာဝန်ကျေပွန် စွာ ကိုယ်စီထမ်းဆောင်နေကြောင်းသိရှိရပါသည်။
"အရေးပေါ်အခြေအနေသည် စစ်အုပ်ချုပ်ရေးမဟုတ်"
၁။ အရေးပေါ်အခြေအနေ ကြေညာချက်သည် စစ်အုပ်ချုပ်ရေး မဟုတ်ပါ။
၂။ ဤအဆင့်သည် အရပ်ဘက်-စစ်ဘက် ပူးတွဲတာဝန်ထိန်းသိမ်းသည့် အဆင့် ဖြစ်ပါသည်။ (မူလက ရဲ၊ နစက စသည့် အရပ်ဘက် သက်သက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။)
၃။ စစ်အုပ်ချုပ်ရေး ကြေညာသော အဆင့်မှသာ အလုံးစုံကို တပ်မတော်က ထိန်းချုပ်ကွပ်ကဲ ဆောင်ရွက်မည် ဖြစ်ပါသည်။
မောင်တော ဒုက္ခသည်များအတွက်ကယ်ဆယ်ရေးပစ္စည်းများ လေယာဉ်ဖြင့်ရောက်
From : 7Day
မောင်တော၊ ဇွန်-၁၁
မောင်တောမြို့တွင် ဖြစ်ပွာနေသော ပဋိပက္ခများကြောင့် နယ်ကျေးရွာများမှ ရောက်ရှိလာကြသည့်ဒုက္ခ သည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများကို လေယာဉ်နှစ်စင်းဖြင့် စစ်တွေမြို့မှ မောင်တောမြို့ သို့ ယနေ့နံနက် ၈ နာရီခန့်တွင် ရောက်ရှိလာကြောင်း သိရသည်။
နံနက် ၉ နာရီခန့်တွင် မောင်တောမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဘင်္ဂါလီများမှာ မိမိနေအိမ်ကို မီး ရှို့ထွက်ပြေးနေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်နေရကြောင်း သိရသည်။ အ ဆိုပါအိမ်များကို မီးငြှိမ်းသတ်နေ စဉ် အမှတ်(၄)ရပ်ကွက် ဗိုလ်မှူးရွာမှ ဘင်္ဂါလီများမှာလည်း မိမိနေ အိမ်များကို မီးရှို့ကာ မြို့ပြင်သို့ ထွက်ခွာသွားနေကြကြောင်း သိရသည်။ အဆိုပါမီးလောင်နေအိမ်များကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ရှင်းလင်းနေရကြောင်း သတင်းရရှိသည်။
ယနေ့(ဇွန် ၁၁) မွန်းလွဲ တစ်နာရီ ခွဲတွင် ရွှေတိဂုံဘုရားအနောက်ဘက်မုဒ် ၊ရခိုင်တန်ဆောင်းတွင် ရောက်ရှိစုဝေးနေသော လူ၂၀၀ကျော်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု့များကို ကန့်ကွက်ဆန္ဒပြခြင်းထက် ပိုထိရောက်မည့် အကြမ်းဖက်မှု့ခံခဲ့ရသည့် ဒုက္ခသည်များကိုထိရောက်သောအကူအညီများ ပေးနိုင်ရန် ဆွေးနွေးတိုင် ပင်လျှက်ရှိကြကြောင်း ထိုနေရာတွင်ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ယခင်ရက်များကကဲ့သို့ ဆန္ဒပြ လှည့်လည်ခြင်းများသည် မလိုလားအပ်သော ပြသနာများ ထပ်မံပေါ်ပေါက်နိုင်သည့်အတွက် ဒုက္ခသည်များကို မည်သို့ထိရောက်အောင်ကူညီနိုင်မည်ကို နည်းလမ်းရှာဖွေကြရန် ပါဝင်သော သံဃာတော်များနှင့် အချို့လူပုဂ္ဂိုလ်များက ဦးဆောင် ဆွေးနွေးနေကြသည်ဟု သတင်းထောက်ကသတင်းပေးပို့သည်။
ယနေ့တွင် မောင်တောမြို့ ရပ်ကွက်(၂) ပျံကျဈေးတွင် ဆူပူသူများစုဝေးခဲ့သဖြင့် နယ်မြေခံရဲတပ်ဖွဲ့နှင့် လုံခြုံရေးတာဝန်ရှိသူများမှ ထိန်းသိမ်းဟန့်တားခဲ့။
ယနေ့ မောင်တောမြို့ဖြစ်စဉ်များတွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့။
ယနေ့ ရမ်းဗြဲမြို့ ရပ်ကွက်(၁) သာယာကုန်းဗလီအား ဆူပူအကြမ်းဖက်သူများက ဖျက်ဆီးခဲ့။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး စစ်တွေ အခြေပြု ရခိုင်ပြည်နယ် ဌာနခွဲရှိ ရေလမ်းကြောင်း ခရီးစဉ်များ ယာယီ ပိတ်ထား လိုက်ကြောင်း သိရသည်။
ထိုရခိုင်ပြည်နယ် ဌာနခွဲအနေနှင့် ရခိုင်ပြည်နယ်အတွင်း စစ်တွေ - မြောက်ဦး ၊ စစ်တွေ-ဘူးသီးတောင် ၊ စစ်တွေ-တောင်ကုတ် ၊ တောင်ကုတ်-မာန်အောင် ၊ ခရီးစဉ် (၄) ခု ကို ပြေးဆွဲပေးလျက် ရှိသော ဌာနခွဲ တစ် ခုဖြစ်သည်။
"ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် စစ်တွေ-ဘူးသီးတောင် ခရီးစဉ်ကို ဒီလ ၉ ရက်နေ့က တည်းက စပြီး ယာယီပိတ်ခဲ့ ပါတယ် စစ်တွေ-ဘူးသီးတောင် ခရီးစဉ်က နေ့စဉ် ပြေးဆွဲပေးနေရတဲ့ ခရီး စဉ်ဖြစ် ပါ တယ် အခု စစ်တွေ-မြောက်ဦး ခရီးစဉ် နဲ့ စစ်တွေ-တောင်ကုတ် ခရီးစဉ်ကလည်း ခရီးသည်နှင့် ကုန်စည် မရှိတဲ့ အတွက် ယာယီ ရပ်နားထားပါတယ် ၊ ဒီခရီးစဉ်က တစ်ပတ်ကို ၂ ရက် ပြေးဆွဲပေးရတဲ့ ခရီးစဉ် ဖြစ်ပါတယ်"ဟု စစ်တွေ အခြေပြု ရခိုင်ပြည်နယ် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဘူးသီးတောင် နှင့် မောင်တောဒေသများ မှ ပြည်သူများ အနေနှင့် စစ်တွေ-ဘူးသီးတောင် ရေလမ်းခရီးစဉ်ကို အဓိကအားထားနေရပြီး ဒေသအတွက် လိုအပ်သော ကုန်စည်များကိုလည်း အဆိုပါရေလမ်းကြောင်းမှ သယ်ယူကာ ဘူးသီးတောင်မှတစ်ဆင့် မောင်တော ဒေသများသို့ ကားဖြင့် ပို့ဆောင်ရကြောင်း သိရသည်။
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာနှင့် သံတော်လီရွာ အကြားတွင် ရခိုင်တိုင်းရင်းများနှင့် ဘင်္ဂါလီတို့အကြား တင်းမာမှု ဖြစ်ပွားနေပြီး ထိုနေရာသို့ စစ်တပ်နှင့် လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေပြီ ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ ရွာနှစ်ရွာအကြားတွင် မွန်းလွဲပိုင်းအချိန်က ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားသုံးဦးမှာ ဘင်္ဂါတို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသည်။ သေဆုံးခဲ့သူ သုံးဦး အနက် နှစ်ဦး၏ အလောင်းကို ဘင်္ဂါလီများက သံတော်လီရွာအတွင်း ဆွဲယူသွားသဖြင့် ရခိုင် တိုင်းရင်းသားများက အလောင်း ပြန်ရရေးအတွက် သံတော်လီရွာအတွင်း ၀င်ရောက်ရန် ကြိုးစားရာမှ တင်မာမှု ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။
သံတော်လီရွာသည် ဘင်္ဂလီများနေထိုင်သည့် ရွာတစ်ရွာဖြစ်ပါသည်။ တင်းမာမှု စတင် ဖြစ်ပွားနေချိန်၌ ထိုနေရာတွင် ရှိနေသော လုံခြုံရေးအင်အားမှာ နည်းပါးပြီး မလုံလောက်တော့သည့်အတွက် စစ်တပ်နှင့် လုံထိန်းများ ထပ်မံသွားရောက်နေခြင်း ဖြစ်သည်။
ယနေ့မွန်းလွဲပိုင်းတွင် ဖြစ်ပေါ်ခဲ့သော နာဇီရွာ မီးလောင်မှုတွင်
ဘဂါင်္လီများက ရခိုင်တိုင်းရင်းသားများ နေအိမ်ကို စတင် မီးရှို့ခဲ့သဖြင့် ရခိုင်တိုင်းရင်းသားများက အင်အားပြန်လည်စုပြီး ဘင်္ဂါလီနေအိမ်များကို ပြန်လည် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေ ဒေသခံ တစ်ဦးက ပြောပါသည်။
"ဘင်္ဂါလီတွေက လာ စတာပါ။ အဲဒီလို လာစပြီး မီးရှို့တော့ ရခိုင်တိုင်းရင်းသား အိမ်နှစ်အိမ် မီးထဲပါသွားပါတယ်။ အဲတာနဲ့ ကျွန်တော်တို့လည်း လူပြန်စုပြီး ဘင်္ဂါလီအိမ်တွေကို မီးပြန်ရှို့လိုက် ပါတယ်။ အခုဖြစ်နေတာတွေက သူတို့စလို့ ကျွန်တော်တို့ ပြန်လုပ်နေရတာပါ” ဟု စစ်တွေဒေသခံ တစ်ဦးက ပြောပါသည်။
နာဇီရွာတွင် ဘဂါင်္လီအိမ်ခြေ ၂၇၀၀ ကျော်ရှိပြီး ရခိုင်တိုင်းရင်းသား နေအိမ် ၂၈၀ ရှိကြောင်း သိရသည်။ ရခိုင်တိုင်းရင်းသားများ ယမန့်နေ့ကတည်းက အဆိုပါ ရွာမှ နေအိမ်များကို စွန့်ခွာခဲ့ပါသည်။ ထိုသို့ စွန့်ခွာခဲ့ခြင်းကြောင့် ရွာတွင်ရှိနေသော ရခိုင်တိုင်းရင်းသားများ၏ နေအိမ်ကို ဘင်္ဂါလီများက ယမန့်နေ့က မီးရှို့ခဲ့ပါသည်။ ယနေ့နံနက်ပိုင်းတွင်မူ ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒလောကနှင့် ဂြစ်ချောင်း ဘုန်းတော်ကြီးများကို ဆက်လက်မီးရှို့ခဲ့ကြပါသည်။
ယနေ့မွန်းလွဲပိုင်းတွင် နာဇီရွာမှ ဘင်္ဂါလီများက ဓည၀တီရပ်ကွက်အနီးရှိ ရခိုင်တိုင်းရင်းသားများ နေအိမ်ကို မီးစတင်ရှို့ခဲ့သဖြင့် ရခိုင် တိုင်းရင်းသားများက နာဇီရွာရှိ ဘဂါင်္လီနေအိမ်များကို ပြန်လည်
မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု စစ်တွေ ဒေသခံများက ပြောပါသည်။
စစ်တွေတွင် လုံခြုံရေးအင်အားမလုံလောက်ဟုဆို
ဆူပူအကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာသော ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ဓည၀တီကုန်သည်လမ်း၊ စက်ရုံစုအနီးတစ်ဝိုက်တွင် မီးရှို့မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး လုံခြုံရေးအင်အားမလုံလောက်မှုကြောင့် ဒေသခံများမှာ ညအချိန်ရောက်ရှိမည်ကို စိုးရိမ်နေကြကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီဝင်တစ်ဦးက ပြောကြားသည်။
“ညဘက်မှာ လုံခြုံရေးတွေသာ လာမကယ်ရင် အားလုံးဒုက္ခရောက်ကုန်မယ်”ဟု ၄င်းက ဆိုသည်။
ဓည၀တီရပ်ကွက်တွင် ယခုအခါ တပ်မတော်သားအယောက် ၂၀ ခန့်သည် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော ဘင်္ဂါလီများကို ၀င်ရောက်ပစ်ခတ်နေကြောင်း၊ သို့သော် အင်အားမလုံလောက်မှုကြောင့် ဘဂါင်္လီများမှာ အဆိုပါရပ်ကွက်အတွင်းမှ ထွက်ခွာမသွားသေးဘဲ မီးရှို့မှုများကို ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်
ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မှုကြောင့် ဒုက္ခသည် တစ်သောင်းကျော်ရှိဟုဆို
လူမျိုးရေးအသွင်ဆောင်သော ဆူပူအကြမ်းဖက်ပဋိပက္ခမှု များ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့ခံရမှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည် တစ်သောင်းကျော်(၁၂၀၇၄ဦး)အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီအထိ စာရင်းအရ မောင်တောမြို့နယ်တွင် ဒုက္ခသည် ၃၈၇၄ဦး၊ ဘူးသီးသောင်းမြို့နယ်တွင် ဒုက္ခသည် ၁၃၀၀ဦး၊ စစ်တွေမြို့တွင် ဒုက္ခသည် ၄၉၀၀ဦးနှင့် ရသေ့တောင်တွင် ဒုက္ခသည် ၂၀၀၀ဦး စုစုပေါင်း ၁၂၀၇၄ ဦးရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ရခိုင်နှင့် မြန်မာတိုင်းရင်းသားများက ရန်ကုန် မြို့တော်ခန်းမရှေ့၌ ယနေ့ နံနက် ၁၀ နာရီခန့်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။
“လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ အစ္စလမ် ဘာသာဝင်တွေနဲ့ တိုက်ခိုက်ဆန့်ကျင်နေတဲ့ ဘာသာရေး အဓိကရုဏ်း မဟုတ်ပါဘူး၊ အလွန်မင်းမဲ့စရိုက်ဆန်တဲ့ အကြမ်းဖက်နေမှုသာ ဖြစ်ပါတယ်။ မထင်မှတ်ဘဲ တစတစ ကြီးထွား လာတဲ့ ရခိုင်ပြည်နယ် အရေးကိစ္စဟာ လူမျိုးရေး အဓိကရုဏ်း အသွင်မဟုတ်ဘဲ အမျိုးသားရေး ထိပါး စော်ကားမှု ဖြစ်လာတဲ့ အတွက် ဒီကိစ္စကို နိုင်ငံတော်က အမြန်ဆုံး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ပေးစေလိုပါတယ်” ဟု ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။
ဆက်လက်၍ ၎င်းတို့က နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထု တသားတည်းရှိမှု၊ ပြည်သူလူထု၏ ယုံကြည်အားထားမှုကို
နိုင်ငံတော်အစိုးရ အနေနှင့် အရယူစေချင်ကြောင်း၊ အမျိုးသားရေးတာဝန် တရပ်အနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့်
အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး၊ မြန်မာနိုင်ငံတွင် အမှန်တကယ် မွေးဖွားခဲ့သူများ အားလုံး၏ ပြည်သူ့အသက် စည်းစိမ် အိုးအိမ်များ ကာကွယ် စောင့်ရှောက်ရေး၊ အကြမ်းဖက်မှု အဆွယ်အပွားများ ပပျောက်စေရေးတို့အတွက် အမြန်ဆုံး စီစဉ်သင့်ကြောင်း နိုင်ငံတော်အစိုးရထံ တောင်းဆိုလိုက်ကြောင်း ပြောကြားသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်