Subscribe to our RSS Feed

ကာကွယ်ရေး ၀န်ကြီးဌာနအတွက် AFC C လိုင်စင်နည်းပြ သင်တန်းနှင့် ဒိုင်သင်တန်း ဖွင့်လှစ်ပေးခဲ့


From : ခေတ်လူငယ်

တပ်မတော်သား ဘောလုံးနည်းပြများနဲ့ ဒိုင်လူကြီးများအတွက် ရည်ရွယ်တဲ့ AFC C လိုင်စင်နည်းပြနဲ့ ဒိုင်လူကြီးသင်တန်းကို မနေ့ကနံနက်က ဖွင့်လှစ်ခဲ့ကြောင်း

သိရှိရပါတယ်။ အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ အာရှဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ် ပေးခဲ့တာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦးတို့ ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က အဖွင့်အမှာ စကားပြောကြားကာ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး တပ်မတော်အားကစား မြင့်မားလာစေဖို့ အတွက်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့တာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အဲ့ဒီနောက် အဆိုပါ သင်တန်းမှာ သင်ကြားပေးမယ့် ထိုင်းနိုင်ငံမှ နည်းပြဆရာနဲ့ ကမ္ဘောဒီးယားနိုင်ငံမှ နည်းပြဆရာတို့ ကလည်း အသီးသီးအမှာစကား ပြောကြားသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဆိုပါ AFC C လိုင်စင်အဆင့် နည်းပြသင်တန်းမှာ သင်တန်းသား ၃၂ ဦး ၊ ဒိုင်သင်တန်း မှာ သင်တန်းသား ၃၂ ဦး စုစုပေါင်း ၆၄ ဦး တက်ရောက်ခဲ့တာဖြစ်ပြီး သင်တန်းကို မေလ ၁၄ နံနက်ပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ AFC C လိုင်စင်သင်တန်းရဲ့ နည်းပြသင်တန်းဟာ ၁၄ ရက် ကြာမြင့်မှာဖြစ်ပြီး ဒိုင်သင်တန်းကတော့ ၅ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။

သင်တန်းချိန် ကတော့ နေ့စဉ်နံနက် ၂ ချိန်နဲ့ ညနေပိုင်း ၂ ချိန်ဖြစ်ပြီး သင်တန်း ၂ မျိုးလုံးအတွက် သီအိုရီနဲ့ လက်တွေ့နှစ်မျိုးစလုံး ပါဝင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ သင်တန်းဖွင့်လှစ် မှုနဲ့အတူ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားမှာပဲ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကာကွယ်ရေးဝန်ကြီးဌာန သို့ ဘောလုံးအလုံး ၃၀၀ ပေးအပ်လှူဒါန်း ခဲ့တယ်လို့လည်း သိရှိရပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်