Subscribe to our RSS Feed

ASEAN ICT AWARD ပြိုင်ပွဲ ကျင်းပမည်


From : ခေတ်လူငယ်

ASEAN ICT Masterplan 2012 ပါ ICT ကဏ္ဍတွင် အစိုးရများ၊ စီးပွားရေးလုပ်ငန်းများ၊ ပြည်သူလူထုများနှင့် အခြားအဖွဲ့အစည်းများကြား ကြံဆတီထွင်မှုများ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် အစီအစဉ်အရ ပထမဆုံး ASEAN ICT AWARD ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံ အသီးသီးမှ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ပြိုင်ပွဲအမျိုးအစားများမှာ Public Sector, Private Sector, Corporate Social Responsibility, Digital Content, Start up Company စသည်ဖြင့် ငါးမျိုးခွဲခြားထားပြီး ပြိုင်ပွဲဝင် Project များကို သြဂုတ် ၁၅ ရက် နောက်ဆုံးထား၍ Online မှ တင်သွင်းရမည် ဖြစ်သည်။ ပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၁၂ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် 12th TELMIN အစည်းအဝေးတွင် ဆုချီးမြှင့်မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို www.aseanictaward.com တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်