Subscribe to our RSS Feed

စက်တင်ဘာလတွင် Developer Conference 2012 ကျင်းပမည်

From : MRTV4

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ကြီးမှူးပြီး ဒုတိယအကြိမ် Developer Conference 2012 ကို စက်တင်ဘာလ အတွင်း ကျင်းပပြုလုပ် သွားမယ်လို့ သိရပါတယ်။ အဲ့ဒီ Conference ကို ကွန်ပျူတာ ပညာရှင်တွေ အကြား အိုင်တီ အသိပညာ ဗဟုသုတ ဖွံ့ဖြိုး တိုးတက်စေဖို့နဲ့ အသိပညာ ဖလှယ်ဖို့၊ အိုင်တီ အသုံးချ Software ကောင်းများ တီထွင် ဖန်တီး ရေးသားနိုင်တဲ့ Developer တွေပေါ်ထွက်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ICT Developer ဖြစ်လို သူများ အတွက် နည်းလမ်းကောင်း တွေချမှတ် နိုင်ဖို့သာမက Road to e2 Developer ရည်ရွယ်ချက်နဲ့ ကျင်းပပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Conference မှာ အကြောင်းအရာ ၈ ခုနဲ့ ဆွေးနွေး မှာဖြစ်ပြီး ပါဝင်ဆွေးနွေး လိုသူတွေဟာ ဇူလိုင်လကုန် နောက်ဆုံး ထားပြီး စာတမ်း ခေါင်းစဉ်နဲ့ အကျဉ်းချုပ် ပေးပို့ရမှာ ဖြစ်ပါတယ်။ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ အကြောင်းအရာ တွေကတော့ Developer Solution Techniques ၊ Development best practies ၊ Software testing and quality control processe စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် Software security best practies ၊ latest technical trends ၊software industry challenges နဲ့ skill standards for software industry နယ်ပယ်တွေ ကိုလည်း ရွေးချယ် နိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံး အနေနဲ့ And Special Sessions on key factors that are influencing the Myanmar software Industry ဆိုတဲ့ အကြောင်းအရာ ကိုလည်း ခေါင်းစဉ် ရှာဖွေကာ တင်ပြဆွေးနွေး နိုင်တယ်လို့ သိရပါတယ်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်