Subscribe to our RSS Feed

မောင်တော ဆူပူမူနှင့် ဆက်စပ် ဖမ်းဆီးခံရသူ ဒေါက်တာ ထွန်းအောင်ကို စစ်တွေ တွင် ရုံးတင်

From : နိရဉ္စရာ

မောင်တောမြို့တွင် ဖမ်းဆီးခံရပြီး စစ်တွေ အကျဉ်းထောင်သို့ လွဲပြောင်းခံရသူ ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်အား ယမန်နေ့က စစ်တွေ ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

“ နေ့လည် ၂ နာရီခွဲမှာ မနေ့က ရုံးထုတ်ပါတယ်။ ကျွန်တော်တို့လည်း နားထောင်ခွင့်ရမလားလို့ သွားတာ အထဲကို ၀င်ရောက်ခွင့်မရတဲ့ အ တွက် အပြင်ကဘဲ နားထောင်ရပါတယ်။ အပြင်က နားထောင်တော့ ဘာမှ မကြားရပါ” အမည်မဖေါ်လိုသူ စစ်တွေ ဒေသခံ တစ်ဦးက ပြော သည်။

ဒေါက်တာ ထွန်းအောင်အား အင်္ဂါနေ့က နေ့လည်တွင် ရုံးထုတ်စဉ် ရန်ကုန်မှ ရှေ့နေ အမျိုးသမီးကြီး တစ်ဦးလည်း သူ့အမူကို လိုက်ပါ ဆောင် ရွက်ရန် ရောက်ရှိသည်ဟု သူက ပြောသည်။

“ ရန်ကုန်က ရှေ့နေ အမျိုးသမီး တစ်ဦးရောက်ပါတယ်။ ရဲတွေလည်း အများကြီး လုံခြုံရေး ယူထား ပါတယ်။ နောက်တစ်ပတ်ကို ရုံးချိန်းပေး လိုက်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

ဒေါက်တာ ထွန်းအောင်အား မည်သည့်အမူနှင့် စွဲချက်တင်ပြီး တရားရုံးလွတ်လပ်ခွင့် မည်မျှထိ ရှိသည်ကို နိရဉ္စရာမှ ဆက်လက် စုံစမ်း မေးမြန်း နေတုန်း ဖြစ်ပါသည်။

ဇွန်လ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ဒေါက်တာထွန်းအောင် (ခေါ်) နုရ်ဟောက် ကို မောင်တောအခြေစိုက် UNHCR ရုံးမှ နစက အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။ ဒေါက်တာ ထွန်းအောင်အားဇွန်လ ၈ ရက်နေ့က စတင်ခဲ့သော မောင်တော အကြမ်းဖက် ဆူပူမူတွင် တာဝန်ရှိသူဟု စွပ်စွဲကာ ဖမ်းဆီးခြင်း ဖြစ်သည်။

ဒေါက်တာ ထွန်းအောင်သည် ဇွန်လ ၈ ရက်နေ့ မောင်တောမြို့ ငြိမ်းချမ်းစွာ ဘာသာရေး ဆုတောင်းပွဲကို ဘာပြဿနာမှ မဖြစ်စေရဟု အာ ဏာပိုင်များထံမှ အာမခံ ခွင့်တောင်းကာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဒေါက်တာထွန်းအောင်သမီးဖြစ်သူ UNHCR အကြီးတန်းဝန်ထမ်းတဦးဖြစ်သူ ဒေါ်မြနန္ဒာအောင် ကိုလည်း ဇွန် လ ၁၁ ရက်နေ့က စစ်တွေ လေ ဆိပ်တွင်အဖော် နှစ်ဦးနှင့်အတူဖမ်းဆီးခဲ့ပြီး ယင်းနေ့ နေ့လည် ၁ နာရီခန့်တွင် ပြန်လည် လွတ်ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ် ခဲ့သည်။

အလားတူ စစ်တွေမြို့ မကျေးမြိုင်ရပ်ကွက်တွင်နေထိုင်သည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ AZG ၀န်ထမ်း တဦးဖြစ်သူ မွတ်ဆလင် လူမျိုး ဦးကျော်လှအောင်ဆိုသူကိုလည်း စစ်တွေမြို့တွင် ရုံးထုတ် စစ်ဆေးနေသည် ဆိုသော သတင်းများ လက်ခံ ရရှိသော်လည်း နိရဉ္စရာမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။


Myanmar Express

10 comments:

Use NGO name and do for rohinger, must get rid from country.

NGOs တွေရခိုင်ကိုဝင်ချင်ရင် မူဆလင်ဝန်ထမ်း မခန့်ရ

NGOs တွေ မူဆလင်ဝန်ထမ်းပါရင် ရခိုင်ကိုမ၀င်ရ

NGOs in Rakhine is Full of Moslems.

-

သူလျှိုလုပ်မှု ၊ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ သေဒဏ်ပေးလိုက်ပါ

မြန်မာပြည်မှာ သေဒဏ်ချမှတ်ပေမယ့် တကယ်သေဒဏ်မပေးပါဘူး။တသက်တကျွှန်း အဖြစ်ပြောင်းပါတယ်။ဒါဆိုရင် သီတာထွေးကိုသတ်တဲ့ ကုလားတွေကိုလဲ သတ်မှာမဟုတ်ပါဘူး တကယ်မသတ်ဘဲ တသက်တကျွန်းဘဲပြောင်းမှာပါ။ဒီစနစ်ကို ပြင်သင့်ပါတယ်။တကယ်ရက်ရက်စက်စက် အမှုကျူးလွန်တဲ့သူတွေကို တကယ်သေဒဏ်ပေးသင့်ပါတယ်။အစိုးရကို ပြည်သူတွေ ဝိုင်းဝန်းတောင်းဆိုသင့်ပါတယ်။ရခိုင်တွေတောင်းဆိုကြပါ။

Death sentence for Myanmar muslim traitor Tun Aung.

Get out UN, UNHCR , INGO, MSF, WFP , AZG and other NGO from Rakhine state, Myanmar.

သိမှန်တယ်။

အဓိကရုဏ်းဖြစ်အောင် လုပ်တာကို ထိထိရောက်ရောက်
အရေးမယူဘူး ဆိုရင် နောင်ကိုဒိထက်ဆိုးလာပြိး တိုင်းပြည်
ပျက်ဆိးခြင်းကို ဆိုက်ရောက်လိမ့်မယ်။

Where is the "Freedom of Express", why the News doesn't publish? Why didn't let all Myanmar people to know who were behind of Rohingya? Why did the officials hide this case? Because of any officials, did they involve as getting pocket money from Rohingya? Why did those people face in Court as secretly? What is it going on, what's wrong? Tell the truth, let us to know the truth, let all Myanmar people to know the truth.

You are right. Myanmar government do real death sentence for Bangali muslims and Myanmar muslim traitors.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်