Subscribe to our RSS Feed

အမေရိကန် ကုမ္ပဏီတို့ မြန်မာသို့ ပြန်လည် ဝင်ရောက်လာ


From : MRTV-4

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ထားသည့် အရေးယူမှုများကို ဖြေလျော့ပေးပြီးနောက် ပထမဆုံး အဖြစ် မြန်မာနိုင်ငံသို့

ဝင်ရောက်လာသည့် ကုမ္ပဏီမှာ General Electric အဖြစ် စံချိန် တင်လိုက်ပြီ ဖြစ်သည်။

သမ္မတ ဘားရက်အိုဘားမားမှ ဗုဒ္ဓဟူး နေ့က ရင်းနှီးမြှုပ်နှံခွင့် ပေးလိုက်အပြီးတွင် အမေရိကန်ရှိ လုပ်ငန်းများမှာ အချိန်မဆိုင်းဘဲ ယခုလို ဝင်ရောက် လာခြင်းလည်း ဖြစ်သည် ဟု radioaustralia.net.au သတင်းတွင် ဖော်ပြသည်။ ယခုလို ဝင်ရောက်လာမှုနှင့်အတူ GE တို့ အနေဖြင့် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဆေးရုံ နှစ်ခုသို့ နှလုံး နှင့် ကိုယ်တွင်း အင်္ဂါများကို ဓါတ်မှန်ရိုက်ရန် X-ray စက်များကို ရောင်းချရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယခုလို သဘောတူညီချက်ကို စနေနေ့က ထုတ်ဖော် ပြောကြား လိုက်ခြင်းလည်း ဖြစ်သည်။

source : radioaustralia.net.au

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်