Subscribe to our RSS Feed

မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် အမေရိကန် အစိုးရဟာ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအဖြစ် မြင်နိုင်ကြောင်း အမေရိကန်သံအမတ် ပြောကြား


From : ခေတ်လူငယ်

မြန်မာနိုင်ငံ၏ စီးပွာရေး ပြုပြင်ပြောင်းလဲမှုအတွက် အမေရိကန်အစိုးရအား လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအဖြစ်ဆုံး နိုင်ငံအဖြစ် မြင်နိုင်ပါကြောင်း အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က ပြောကြားလိုက်သည်။ မကြာသေးမီက သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် ဇူလိုင် ၂၀ ရက်၊ နံနက် ၁၁ နာရီက မြန်မာ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “အမေရိကန် ပြည်သူတွေနဲ့ မြန်မာပြည်သူတွေကြားမှာ ရေရှည်ဖွံ့ဖြိုး တိုးတက်စေမယ့် ဆက်ဆံရေးမျိုးတွေ ဖြစ်လာဖို့နဲ့ မြန်မာနိုင်ငံသားတွေရဲ့ သာယာဝပြောမှု အပါအဝင် ထင်သာမြင်သာ ပိုမိုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ ရှိစေဖို့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြှုပ်နှံဖို့ မေတ္တာရပ်ခံ တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို ကူညီပံ့ပိုးပေးနိုင်ဖို့လဲ ဆန္ဒပြုပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ အရေးကြီးတဲ့ လုပ်ဆောင်မှုတစ်ရပ်ပါ။ သဘာဝသယံဇာတ အရင်းအမြစ်တွေ ကြွယ်ဝတဲ့ မြန်မာနိုင်ငံအတွက် အခြေအနေကောင်းတွေ ရှိနေပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာလဲ ရင်းနှီးလုပ်ကိုင်ဖို့ အမေရိကန် ကုမ္ပဏီတွေ စိတ်အားထက်သန်မှု ရှိနေပါတယ်” ဟု ပြောဆိုသည်။ ယင်းကဆက်လက်ပြီး “အခြားသော လူမှုရေးလုပ်ငန်းတွေနဲ့ ကချင်ဒေသက ဒုက္ခသည်တွေ ရှမ်းပြည်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် USAID က ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အပါအဝင် မြန်မာပြည်သူတွေ ဘယ်တိုင်းရင်းသားတွေပဲဖြစ်ဖြစ် ကူညီပံ့ပိုးပေးနေတာတွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖြစ်ပါတယ်။ ဒီမှာဘာတွေပဲဖြစ်ဖြစ် ကြီးမားတဲ့ အချိန်အတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေဟာ နှစ်နိုင်ငံ ပြည်သူတွေကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ဖို့ဆိုတဲ့ ကျွန်တော်တို့မှာ တူညီတဲ့ ရည်မှန်းချက် ရှိကြပါတယ်။ ဒေသတွင်းမှာ ရှိကြသူတွေအတွက် အခွင့်အလန်းတွေ ဖြစ်စေဖို့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကို လာရောက်စေမှာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် အမေရိကန် အစိုးရဟာ လုပ်ဆောင်ကိုင်ဖက် မိတ်ဆွေအဖြစ်ဆုံး နိုင်ငံအဖြစ် မြင်နိုင်ပါတယ်။ အမေရိကန်-မြန်မာ ဆက်ဆံရေး ပြောင်းလဲတိုးတက်လာခဲ့သလို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆက်လက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် စီးပွားရေး အခွင့်အလမ်းတွေဟာ မဟာဗျူဟာမြောက် ရည်းမှန်းချက်တွေအဖြစ် တည်ရှိနေပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

6 comments:

ငါတို့ကတော့ မင်းတို့ဆီလာမယ်။ မင်းတို့ကိုတော့ ငါတို့ဆီလာဖို့ လက်မခံသေးဘူး ဆိုတဲ့ဟာကြီး ရှိနေသရွှေ့ မင်းတို့ ဘယ်လောက်ပဲသေအောင်ပြော မယုံရေးချမယုံ အမေရိကန်တို့ရေ......

ငါတို့ကတော့ မင်းတို့ဆီလာမယ် မင်းတို့ကိုတော့ ငါတို့ဆီလာဖို့ လက်မခံသေးဘူး ဆိုတဲ့ဟာကြီး ရှိနေသရွှေ့ မင်းတို့ကိုဘယ်တော့မှ မယုံရေးချမယုံ အမေရိကန်ရေ

မှန်တယ်ဟေ့

Myo Chitmg! you're absolutely right man, they can make money and a lot of profits in Myanmar, but Myanmar cann't export anything to USA, this is very unfair business relationship. Any American can enter Myanmar very easily as tourists or business men/women. Can any good Myanmar citizen easily to get USA Visa? No, No Way. But the persons who opposed Myanmar Government, DEMO lairs can get USA Visa easily. Is it real fair between 2 countries relationship? No..No..No... So Americans don't treat equal relations between USA Citizens and Myanmar Citizens. How can we trust Americans? No..No way..

လာရင်လည်း လူလိုလာခဲ့ကြပေါ့။

ရေကူးလာမယ်ဟေ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်