Subscribe to our RSS Feed

မန္တလေးမြို့ရှိ ဆရာတော်၊ သံဃာတော်များ အတွက် သင်္ကန်း၊ သပိတ်နှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်း


From : မြဝတီ

သာသနာရေး ဝန်ကြီးဌာန၏ဦးဆောင် မှုဖြင့် မြန်မာနိုင်ငံ နယ်စပ်နှင့် တောင် တန်းဒေသ ထေရဝါဒ ဗုဒ္ဓဘာသာ သာ သနာနုဂ္ဂဟ အသင်းက ကြီးကြပ်၍ ထိုင်း နိုင်ငံ TRAISIKKHA BHAVANA ACADEMY THAILAND က မန္တလေးမြို့ရှိ ဆရာတော်၊ သံဃာတော်များ အတွက် သင်္ကန်း၊ သပိတ်အစုံ ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် မန္တလေးမြို့ရှိ မဟာမုနိ ဘုရားတွင် ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံ တော်သြဝါဒါစရိယ ရွှေကျင်သာသနာ ပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက မဟာဝိသုဒ္ဓါရုံ တိုက်သစ် ဝါဆိုကျောင်း သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဃိယ ထံမှ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ မန္တလေးမြို့တော်ဝန် ဦးအောင် မောင်း၊ မြန်မာနိုင်ငံ နယ်စပ် နှင့်တောင် တန်းဒေသ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာနုဂ္ဂဟ အသင်းဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ အလှူရှင်များ၊ ဖိတ်ကြားထားသူများက ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ယင်းနောက် ထိုင်းနိုင်ငံ အလှူရှင်များ ကိုယ်စား ကိုယ်စားလှယ် တစ်ဦးနှင့် မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်း ဒေသ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာ နုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ တို့က လှူဒါန်း ရခြင်းနှင့် စပ်လျဉ်း၍ ရှင်း လင်းလျှောက် ထားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ မန္တလေးမြို့တော်ဝန် ဦးအောင်မောင်း၊ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေနှင့် ထိုင်းနိုင်ငံမှ အလှူရှင်များက ဆရာတော်၊ သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ ဆက် ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ထိုင်းနိုင်ငံမှ အလှူရှင် သီလရှင်ဆရာ ကြီး Mrs.Thiraporn က မန္တလေး မြို့ရှိ မဟာမုနိ ဘုရားတွင် လှူဒါန်းရန် ရွှေစင်စလွယ်နှင့် ရတနာ ပစ္စည်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ် သည်။

ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက မြတောင်ကျောင်း တိုက် ရွှေဝါဝင်းကျောင်း သက်တော် ရှည်ဆရာတော်ကြီး ဘဒ္ဒန္တ သာသနာ ဘိဝံသ ထံမှ ဧည့်သည်တော်များက အနုမောဒနာတရားနာကြား၍ ရေစက် သွန်းချ အမျှပေးဝေကြသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်