Subscribe to our RSS Feed

နိုင်ငံတကာအကူအညီလိုအပ်နေသော်လည်း အကူအညီကို မှီခိုနေရသောနိုင်ငံအဖြစ် မရပ်တည်လိုကြောင်း သမ္မတဦးသိန်းစိန် ပြောကြား


From : ခိုင်လင်းကျော်

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများထံမှ အကူအညီလို အပ်နေသော်လည်း အကူအညီကို မှီခိုနေရသောနိုင်ငံအဖြစ် မရပ်တည် လိုကြောင်း နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က ဇူလိုင် ၁၀ ရက်တွင် နေ ပြည်တော်ရှိ သမ္မတအိမ်တော်၌ Financial Times သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြား သည်။

“ကျွန်တော်တို့အနေနဲ့ ကုလ သမဂ္ဂနဲ့ အခြားအဖွဲ့အစည်းများထံ မှ အကူအညီလိုအပ်နေပါတယ်။ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့ အစည်းများထံမှ ချေးငွေနဲ့ outright grant တွေဟာ လက်ရှိအချိန်မှာ ကျွန်တော်တို့ကို ကူညီနိုင် တာကြောင့် အထောက်အပံ့ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ အကူအညီကိုမှီခိုနေရတဲ့ နိုင်ငံအဖြစ် မရပ်တည်လိုပါဘူး။ လက်ရှိအချိန်မှာ ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်နိုင်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဗဟုသုတ၊ ချေး ငွေနဲ့ grant တွေအတွက် ကူညီ ထောက်ပံ့မှုကို အမှန်တကယ်လို လားပါတယ်။ လက်ရှိအချိန်မှာ အမှန်တကယ်ရင်ဆိုင်နေရတဲ့ပြဿနာ က နိုင်ငံရေး၊ စီးပွားရေးကို ရှေ့သို့ တွန်းပို့နိုင်မယ့် ရင်းနှီးမြှုပ်နှံမှုနဲ့ ချေး ငွေတွေပဲဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုကို ကျွန်တော်တို့ အကောင် အထည်ဖော်ဖို့အတွက် ပြီးခဲ့တဲ့လပေါင်းများစွာကတည်းက ကြိုးပမ်းခဲ့ ပေမယ့် အနောက်နိုင်ငံတွေရဲ့ အကန့်အသတ်အချို့ရှိနေသေးပါတယ်။ ဒါ့ကြောင့် အဓိကရင်းနှီးမြှုပ်နှံမှုတွေ ကို ဖြစ်ထွန်းစေဖို့ ဆန်ရှင်တွေကို အပြည့်အ၀ရုပ်သိမ်းပေးစေချင်ပါ တယ်။တစ်ချိန်တည်းမှာပဲ လက်ရှိအချိန်ထိ ဖြေလျှော့ပေးခဲ့တဲ့ အတိုင်း အတာတစ်ခုအတွက်လည်း ကျေးဇူး တင်မိပါတယ်။ ကျွန်တော့်ရဲ့အမြင် မှာတော့ ဆန်ရှင်တွေကို အပြည့် အ၀ရုပ်သိမ်းမှသာ ကျွန်တော်တို့ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုမျိုးကို မြင် တွေ့ရမှာပါ။ ဒီလိုမျိုးရင်းနှီးမြှုပ်နှံမှု တွေဝင်ရောက်လာမှသာ စက်ရုံတွေတည်ဆောက်နိုင်ပြီး အလုပ်အ ကိုင်အခွင့်အလမ်း တွေကို ဖန်တီးနိုင်မှာပါ။ သာမန်ပြည်သူတွေအတွက် ၀င်ငွေမြှင့်တင်နိုင်ဖို့ကိုလည်း ကူညီ နိုင်ပါလိမ့်မယ်။ဒါမှသာ ပြည်သူတွေ ရဲ့ ကျန်းမာရေး၊ ပညာရေးကို မြှင့် တင်နိုင်မှာပါ။ အားလုံးကိုခြုံကြည့် ရင် ပိတ်ဆို့မှုတွေကို အပြည့်အ၀ ရုပ်သိမ်းပေးတာကို မြင်တွေ့လိုပါ တယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
စိုက်ပျိုးရေးအခြေပြုနိုင်ငံ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဆင်းရဲနွမ်းပါးမှုပပျောက်ပြီး ချမ်းသာ သည့်နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိ ရန် စက်မှုဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းများကို ရှာဖွေရန်လိုအပ် ကြောင်း နိုင်ငံတော်သမ္မတက ထောက်ပြပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ကျွမ်း ကျင်လုပ်သားတွေပါဝင်တဲ့ စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်မှုကို မြင် တွေ့လိုပါတယ်။ ဒီလိုမျိုးစက်ရုံတွေ တည်ထောင်နိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းတွေ ကျွန်တော်တို့ ရှာ ဖွေနေပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကဏ္ဍမှာ ကြီးမားတဲ့အလားအလာရှိပါတယ်။ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ရာခိုင်နှုန်း ၄၀ ခန့်ဟာ သဘာဝအရင်းအမြစ်တွေရှိတဲ့ သစ် တောတွေဖြစ်ပါတယ်။ မြစ်ချောင်းနဲ့ ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့နဲ့ ရာဘာနဲ့ အခြားစိုက်ပျိုး ရေးလုပ်ငန်းတွေအတွက် ဖွံ့ဖြိုးတိုး တက်နိုင်မယ့် အလားအလာတွေရှိ ပါတယ်။ ထုတ်ကုန်တွေကို ကုန်ကြမ်းတွေအနေနဲ့ တင်ပို့ခြင်းမျိုး မဟုတ်ဘဲ Value-added industries တွေ ဖွံ့ဖြိုးနိုင်ဖို့နည်းလမ်းတွေ ကို ရှာဖွေဖို့အရေးကြီးပါတယ်””ဟု နိုင်ငံတော်သမ္မတက ပြောကြား သည်။

လက်ရှိအချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေး နိုင်မည့် စက်ရုံ၊ အလုပ်ရုံများ ဖန်တီး ပေးနိုင်ရေးမှာ အဓိကလုပ်ဆောင်ရ မည့် အရာတစ်ခုဖြစ်ကြောင်း နိုင်ငံ တော်သမ္မတက သုံးသပ်သည်။“အိမ် နီးချင်းနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား သုံးသန်းကျော်ရှိပါတယ်။ သူတို့အ တွက် အလုပ်အကိုင်အခွင့်အလမ်း တွေဖန်တီးပေးနိုင်ဖို့ အရေးကြီး ပါတယ်။ ဒါဟာ ပြည်တွင်းမှာ အလုပ်အကိုင် ခန့်ထားမှုမြင့်မားတဲ့ စက်ရုံတွေ၌ ရင်းနှီးမြှုပ်နှံမှုကို ရည် ရွယ်ပါတယ်””ဟု နိုင်ငံတော်သမ္မတ က ပြောကြားသည်။

ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးမှာ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကို ဆွဲဆောင်ရန်ဖြစ်ကြောင်း သမ္မတက သုံးသပ်သည်။

“ဒီလိုကဏ္ဍတွေအားလုံးမှာ ရှေ့ဆက်နိုင်ဖို့ ကျွန်တော်တို့ဆီမှာ ရင်းနှီးမြှုပ်နှံမှုတွေ နည်းပါးနေပါ တယ်။ ပြင်ပဗဟုသုတတွေကိုလည်း လိုအပ်နေပါတယ်။ ဒါ့ကြောင့် ကျွန် တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ကို နှစ်ဆမြှင့်တင်ကြိုးပမ်းနေပါ တယ်။ စီးပွားရေးဖွံ့ဖြိုးမှုကို ကူညီနိုင် ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကို ဆွဲဆောင်ဖို့ အဓိကရည်ရွယ်ကြိုး ပမ်းနေပါတယ်””ဟု သမ္မတက ဆို သည်။

မြန်မာနိုင်ငံ၏ သဘာဝအရင်း အမြစ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုကို အခြေခံစည်းမျဉ်းသုံးခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတ က ပြောကြားသည်။“ရင်းနှီးမြှုပ်နှံမှု တွေကို အခြေခံစည်းမျဉ်းသုံးခုနဲ့ လေ့လာဆောင်ရွက်ပါတယ်။ ပထမ ဆုံးအနေနဲ့ မည်သည့်နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှုမဆို မြန်မာနိုင်ငံရှိ သာမန် ပြည်သူတွေအတွက် အကျိုးရှိမယ့် နည်းပညာတွေကို လွှဲပြောင်းပေး အပ်နိုင်ပြီး သူတို့ရဲ့ဝင်ငွေရရှိမှုကို မြှင့်တင်နိုင်ဖို့၊ ပြည် သူတွေကို အကျိုးရှိစေဖို့ လိုအပ်ပါ တယ်။ ဒုတိယအချက်က အချုပ်အ ခြာအာဏာနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံခြားငွေအများစုဟာ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးသမားများနဲ့ နိုင်ငံရေးပါတီများနဲ့ သက်ဆိုင်တဲ့အ ခြေအနေမျိုးကို ကျွန်တော်တို့ မလို လားပါဘူး။ တတိယအချက်က တော့ သဘာဝပတ်ဝန်းကျင်ဖြစ်ပါ တယ်။ မည်သည့်ပြည်ပရင်းနှီးမြှုပ်နှံ မှုမဆို သဘာဝပတ်ဝန်းကျင်ကို ထိ ခိုက်ပျက်စီးစေမှာကို ကျွန်တော်တို့ မလိုလားပါဘူး”ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အစိုးရသစ်လက်ထက်တွင် ပြည်ပသတင်းဌာနအချို့၏ အင်တာ ဗျူးခွင့်တောင်းခံခြင်းကို လက်ခံဖြေ ကြားခဲ့ပြီးကမ္ဘာကျော်သတင်းစာများ ဖြစ်သည့် The Washington Post ၊ The Financial Times နှင့် The Straits Times တို့အား တွေ့ ဆုံမေးမြန်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Myanmar Express

2 comments:

"နိုင်ငံတကာအကူအညီလိုအပ်နေသော်လည်း အကူအညီကို မှီခိုနေရသောနိုင်ငံအဖြစ် မရပ်တည်လိုကြောင်း သမ္မတဦးသိန်းစိန် ပြောကြား" ထောက်ခံတယ်

အကူအညီ မလိုတဲ့နိုင်ငံဆိုတာ မရှိပါဘူး။ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးတော့ ဖြစ်စေလိုကြတာပဲ။ မြန်မာပြည်သားအားလုံး အခုလိုစိတ်ဓာတ်ရှိရမယ်

Myanmar president is only for myanmar citizen. Right!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်