Subscribe to our RSS Feed

တိုင်းဒေသကြီး ၅ ခုသို့ ဂါလံ ၃၆၀၀ဆံ့ မီးသတ်ယာဉ်များ အသစ်ထပ်မံ ဖြည့်တင်း ပေးသွားမည်


From : MRTV-4

ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီး ၅ ခုရှိ မီးသတ်စခန်းတွေ အတွက် ဂါလံ ၃၆၀၀ ဆံ့ မီးသတ် ယာဉ်တွေကို အသစ်ထပ်မံ ဖြည့်တင်း ပေးသွားမှာ ဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနမှ သိရပါတယ်။ ဒီလို ဖြည့်တင်း ပေးမယ့် မီးသတ်ယာဉ် တွေဟာ စက်မှု ၀န်ကြီးဌာန၊ အမှတ် ၁ အကြီးစား စက်မှု လုပ်ငန်းမှ ထုတ်လုပ်တဲ့ TE-31 အမျိုးအစား ယာဉ်တွေ ဖြစ်ပါတယ်။

အဆိုပါ ယာဉ်တွေကို မီးသတ် ဦးစီးဌာနမှ ၁၀ စီးမှာယူ ထားတာ ဖြစ်ပြီး ပထမ အသုတ် အနေနဲ့ ၇ စီး ရောက်ရှိ လာတာ ဖြစ်ပါတယ်။ အဲ့ဒီလို ရောက်ရှိ လာတဲ့ ယာဉ်တွေကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သန်လျင်နဲ့ လှိုင်သာယာ စတဲ့မြို့နယ် တွေကို ပေးပို့ သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မကွေးတိုင်း ဒေသကြီး အတွင်းရှိ မကွေး မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီးရှိ ပဲခူး မြို့နယ်နဲ့ ပြည်မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ပုသိမ်မြို့နယ် များကိုလည်း ၁ စီးစီ ခွဲဝေပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ပြည်တွင်းထုတ် မီးသတ်ယာဉ်များ အပြင် ဂျပန် နိုင်ငံထုတ် မီးသတ်ယာဉ် ၂၉ စီးမှာလည်း ပြည်တွင်းကို ရောက်ရှိ လာပြီ ဖြစ်ပြီး အဆိုပါ ယာဉ်တွေ ကိုလည်း သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် တွေရှိ မီးသတ်ယာဉ် လိုအပ်ချက် ရှိတဲ့ နေရာတွေကို ခွဲဝေချ ထားပေး သွားမှာ ဖြစ်ပါတယ်။ ဒီလိုခွဲဝေချ ထားပေးမှု မပြုလုပ်ခင် မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိ သူတွေဟာ အဆိုပါ မီးသတ် ယာဉ်တွေရဲ့ မီးငြှိမ်းသတ် နိုင်မှု စွမ်းရည်ကို သိရှိနိုင်ဖို့ အတွက် ဇူလိုင် ၁၉ ရက်နေ့က မရမ်းကုန်း မြို့နယ်ရှိ မီးသတ် ဦးစီးဌာန ရုံးချုပ်မှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ကြည့်ရှု စစ်ဆေး ခဲ့တယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်