Subscribe to our RSS Feed

ယနေ့မြင်နေရသော ကမ္ဘာ၏ ပုံရိပ်ယောင်နှင့် ပုံရိပ်အမှန်


ကမ္ဘာကြီးသည် ငြိမ်းချမ်းနေသယောင်ထင်ရသော်လည်း ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြင့်
ဒုက္ခမီးပင်လယ်ဝေနေသော နေရာထိုင်ခင်းကြီးတစ်ခုပင်ဖြစ်သည်။ကျွန်ပ်တို့ယူဆထားသော မြင်တွေ့
နေရသော အခြေအနေထက် အမှန်တကယ်ဖြစ်ပွားပေါ်ပေါက်နေသော လက်ရှိအခြေအနေများက သာ၍
ပင်အကျည်းတန် လှပေတော့သည်။

အရှေ့အလယ်ပိုင်းဒေသ သည် အစ္စလမ္မစ် နိုင်ငံများနှင့် အာရပ်ကမ္ဘာကြီးစိုးသော ဒေသ ဖြစ်လျှက်ရှိရကား
အမေရိကန်ဆန့်ကျင်ရေး ပြင်းထန်သော နိုင်ငံများဖြစ်ကြသည်။၎င်းအစ္စလမ္မစ် နိုင်ငံများက အမေရိကန်
နှင့်အနောက်နိုင်ငံများကို မုန်းတီးနေကြခြင်းသည် အစ္စရေး နိုင်ငံ အရေးနှင့် ပတ်သက်လျှက်ရှိသည်
ကို မည်သူမျှ ငြင်းခုန်ုနိင်မည် မဟုတ်ချေ။မွတ်စလင်များ၏ အရိုးအရေထဲမှ မုန်းတီးမှုသည် အစ္စရေးဟုခေါ်သော
ဂျူးနိုင်ငံတော် ပင်ဖြစ်သည်။

အစ္စရေးကို ဥပမာယူလျှက် များစွာသော မွတ်စလင်တို့သည် ၄င်းတို့၏ နယ်မြေများကို
တပါးသူကျူးကျော်မှုအားအလွန်အမင်းကြောက်ရွံ့နေရကား ၄င်းတို့အခြေချသော
နိုင်ငံများတွင် အခိုင်အမျာခြေကုတ်ယူကြသည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးဖြစ်သည်ကို မည်သူမျှ ငြင်းခုန်နိုင်မည်
မဟုတ်ချေ။အမေရိကန် သည် လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် နိုင်ငံဆိုစေကာမူ၊
လူ့အခွင့်အရေးကိုတန်းတူမည်မျှပင် လေးစားသည်ဆိုစေကာမူ ၊ ငြိမ်းချမ်းရေးစကားကို
မည်မျှပင်လူကြားကောင်းအောင် ပြောဆိုနေစေကာမူ national interest ဟုခေါ်သော
အမျိုးသားအကျိုးစီးပွါးကို ဦးစားပေးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဆိုသည်ကိုလည်း
မည်သူမျှ ငြင်းခုန်ုနိင်လိမ့်မည် မဟုတ်ချေ။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးနောက် သွေးအေးတိုက်ပွဲ (cool war )လည်းဆိုဗီယက်
ကြီးပြိုကွဲသွားပြီးနောက် အမေရိကန်နိုင်ငံ၏ အဓိက ရန်သူမှာ အစ္စလမ္မစ် အစွန်းရောက် ၀ါဒ
(Islamic extremism ) ပင်ဖြစ်တော့သည်။ တစ်ကမ္ဘာလုံးက အစ္စလမ္မစ် အစွန်းရောက် ၀ါဒ
ကို မကောင်းမြင်လာစေရန် အမေရိကန်နိုင်ငံ၏ ကြိုးစားအားထုတ်မှု သည် အလွန်အမင်း
အောင်မြင်သော်လည်း မွတ်စလင် ဘာသာဝင်များကို မူ ထင်သလောက် ထိရောက်အောင်
ဝါဒဖြန့်နိုင်ခြင်းမရှိလှချေ။ များစွားသော မွတ်စလင် တို့သည် အစ္စလမ္မစ် အစွန်းရောက် ၀ါဒ
ကို အစွန်းရောက်သည် ဟုမမြင်ဘဲ စိတ်အတွင်းက ထောက်ခံအားပေးလျှက်ရှိပေသည်။

အိုစမ္မဘင်လာဒင်သည် ပါကစ္စတန်နိုင်ငံမြို့တော် နှင့်မနီးမဝေးတွင် ခိုလုံခွင့်ရထားသည်ကို
ကြည့်ရှုခြင်းအားဖြင့် ပါကစ္စတန်တို့၏ တစ်စိတ်တစ်ပိုင်းထောက်ခံမှုကို ပေါ်လွင်စေပါသည်။

အမေရိကန်နှင့်ပါကစ္စတန်တို့သည် အပြင်ပန်းအဆင်ပြေသယောင်ထင်ရသော်လည်း ကိုယ်ပိုင် အကြံညဏ်ဖြင့် လျှို့ဝှက်အစီအစဉ်များရှိသော နိုင်ငံများပင်ဖြစ်သည်။ လပေါင်းများစွာ ပိတ်ပင်ထားသော နေတိုးထောက်ပံ့ရေးလမ်းကြောင်းများကို ပြီးခဲ့သော ရက်အနည်းငယ်က ပြန်လည်ဖွင့်ပေးလိုက်သော ပါကစ္စတန်သည် အမေရိကန်နိုင်ငံထက် အနောက်ဥရောပ နိုင်ငံများ ၏ ပိုမိုကောင်းမွန်သော ဆက်ဆံ ရေးကိုမျှော်လင့်လျှက် ပြန်လည် ဖွင့်ပေးလိုက်သည်ကို သိရှိနိုင်ပါသည်။ ၄င်းကိုလည်း ပါကစ္စတန်ပြည် သူတစ်ချို့က ကန့်ကွတ်ကြောင်း နိုင်ငံအတွင်း ဆန္ဒပြမှုများက သိသာမြင်သာစေပါသည်။

အစ္စလမ္မစ် နိုင်ငံများထဲတွင် နျူကလီးယား ပိုင်ဆိုင်သော ပါကစ္စတန်သည် စစ်ဘက်ဆိုင်ရာအကြီးအကဲ ပါဘက်မူရှာရက်ဖ် အုပ်ချုပ်စဉ်က ဘာသာရေးအစွန်းရောက်များနေရာ သိပ်မရခဲ့သော်လည်း နောက်ပိုင်း အမေရိကန်နှင့် ဆက်ဆံရေးချို့ယွင်းလာသည်ကို သိသာမြင်သာဖြစ်လာရပါသည်။

အမေရိကန်သည် ပါကစ္စတန်ကို မချစ်သော်လည်း ပါကစ္စတန်က ခိုလုံခွင့်ပေးထားသည် ဟု သူယုံကြည်သော
တာလီဘန်သူပုန်တို့ကို ရန်သူအဖြစ်သက်မှတ်ချေမုန်းနေရကား ပါကစ္စတန်၏ ပူးပေါင်းဆောင်ရွက်မှုကို အတိုင်းအတာတစ်ခုအထိ လိုအပ်လျှက်ရှိပါသေးသည်။အိုစမ္မာဘင်လာဒင် ကို သတ်ဖြတ်ပြီနောက်…ပါကစ္စတန် စစ်တပ်နှင့်ထောက်လှမ်းရေးအသိုင်း အ၀ိုင်းသည် ပြည်သူတို့၏ ဝေဖန် မှုကို ပြင်းထန်စွာခံလာရသောကြောင့် ဘင်လာဒင်ရှိကြောင်းထောက်လှမ်းသတင်းပေးခဲ့သည်ဟုစွပ်စွဲခဲ့ထားရသော ဒေါက်တာတစ်ဦးကို ပြင်းထန်စွာ
အရေးယူပြလိုက်ခြင်းအားဖြင့် ဘင်လာဒင်ကို ထောက်ခံသော ပြည်သူတစ်ချို့ကို ကျေနပ်စေခဲ့သလို အမေရိကန်
အပါအ၀င် အနောက်နိုင်ငံများကျေနပ်အောင်လည်း ဘင်လာဒင်၏ မိန်းမတစ်သိုက်ကို ပြည်နှင်ဒဏ်ပေးပြရပြန်သည်။

အမေရိကန်သည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ပါလေရာ ပွကြီးဖြစ်နေရကား အီရန်အရေး၊ ဆီးရီးယားအရေးတို့တွင် ၄င်း၏ ခြေရာလက်ရာများမကင်းကြောင်းကို မည်သူမျှ မငြင်းနိုင်ပါ။ အမေရိကန် စီအိုင်အေ သည် ၀ါဆော ပြိုကွဲမှုတွင်၎င်း၊ ဆီးရီးယားပြည်တွင်းစစ်တွင်၎င်း၊ အီဂျစ်တော်လှန်ရေးတွင်၎င်း၊လစ်ဗျားအရေးအခင်း တွင်၎င်းပါဝင်ပတ်သက်ခဲ့ကြောင်း သိသာထင်ရှားသော်လည်း စီအိုင်အေ ကဘယ်တုန်းကမှ ၀င်ခံခဲ့ဖူးခြင်းမရှိချေ။

အမေရိကန်အဖို့ အရှေ့အလယ်ပိုင်းနှင့် အာရပ်နိုင်ငံများ ကိုယ့်ရှူးကိုပတ်နေခြင်းသည် အခွင့်အရေးတစ်ရပ် ပင်ဖြစ်ပါသည်။အမေရိကန်က လူ့အခွင့်အရေးကိုဘန်းပြလျှက် အစွန်းရောက် မွတ်စလင်များကို အားပျော့သွား
စေရန်ကြိုးပမ်းမှုကလည်း မှန်းချက်နှင့်နှမ်းထွက် က မကိုက်ဖြစ်နေပြန်သည်။ အဘယ်ကြောင့်ဆိုသော် အီဂျစ် တွင် စစ်ကောင်စီအကြီးအကဲဟောင်းနှင့် မွတ်စလင် ဘရားသားဟု အားပြိုင်နေသည်တွင် မွတ်စလင် ဘရားသားဟု ( Muslim brotherhood ) သာသွားသောကြောင့်ဖြစ်သည်။မွတ်စလင်ဘရားသားဟု သည် မွတ်စလင်အစွန်းရောက်အဖွဲ့ပင်ဖြစ်သောကြောင့် တစ်ချို့သော ပြည်သူများက လက်မခံချင်ကြကြောင်း မပြီးပြတ်သေးသော ရွေးကောက်ပွဲအခြေအနေနှင့် အီဂျစ်နိုင်ငံရေး အခင်းအကျင်းက ဖော်ပြလျှက်ရှိပါသည်။



အီရန်ကိုပြည်တွင်းစစ် ဖြစ်ပွါးစေရန်အလို့ငှာ ထရီရန် မြို့တော်ဆန္ဒပြပွဲများတွင်အမေရိကန် နှင့်အနောက်အုပ်စု များက အတိုက်အခံများဖက်မှ မည်သို့ပင် လှုံ့ဆော်ပေးစေကာမူ သဘောထားအလွန့်အလွန်တင်းမာသော မာမွတ်အမ္မာဒီနီဂျက်ဖ် နှင့် ဘာသာရေးခေါင်းဆောင်Ali Khamenei - Wikipedia, the free encyclopedia တို့၏ သြဇာကို အီရန်ပြည်သူအများစုက လက်ခံလိုက်နာထောက်ခံနေရကား မည်သို့မျှ မအောင်မမြင်ဖြစ်နေ ပြန်သည်။

အီရန်ကလည်း သူ့နျူကလီးယားအစီအစဉ်ကြောင့် မျက်နှာပန်းသိပ်မလှဖြစ်နေပြန်သည်။ မွတ်စလင်နိုင်ငံအများစု က ၄င်းအစီအစဉ်ကို မည်မျှထောက်ခံနေစေကာမူ အနောက်အုပ်စုနှင့် အမေရိကန်အပါအ၀င် အစ္စရေးနိုင်ငံက ထိုအစီအစဉ်ကို ပြင်းထန်စွာကန့်ကွပ်လျှက်ရှိပါသည်။ အီရန်သမ္မတ က လွန်ခဲ့သောနှစ်အနည်းငယ်က ကမ္ဘာပေါ်တွင် အစ္စရေးမြေပုံ မရှိစေရဟူ၍ ကြွေးကြော်ထားသောစကားရှိရကား နျူကလီးယားအစီအစဉ်သည် အစ္စရေး၏ လုံခြုံရေးကို အကြီးအကျယ် ချိမ်းခြောက်လျှက်ရှိပေသည်။ အစ္စရေးက အီရန်ကို စစ်ရေးဖြင့်အရေးယူချင်နေသည်မှာ မှန်သော်လည်း ၄င်း၏ အမှားလည်းဖြစ်မည်စိုးရိမ်သောကြောင့် အီရန်၏ မှားကွက်ကို ချောင်းနေသော အခါပင်ဖြစ်နေပါသည်။ ထိုအချိန်တွင် အီရန်က ဟော်မုတ်ရေလက်ကြားကို ပိတ်ပစ်မည် ဟု ချိမ်းခြောက်လာသည်။ အီရန်အနေဖြင့် ထိုသို့လုပ်ရန် သတ္တိမရှိသော်လည်း အသံဖြင့်ဖြဲခြောက်ခြင်းပင်ဖြစ်သည်။ အီရန်အပေါ်ပိတ်ဆို့အရေးယူမှု များသည် တင်းကြပ်သည်ထက်တင်းကြပ်လာ သည်နှင့်အတူ အကယ်၍ အီရန်သည်သာ နျူကလီးယားထုတ်လုပ်အောင်မြင် သွားပါက ခွေးရူးတစ်ကောင် ထပ်တိုးလာနိုင်ပေသည်။မြောက်ကိုးရီးယား သည် အီရန်၏ စံပြနိုင်ငံဖြစ်သော ခွေးရူးဖြစ်ဟန်တူပါသည်။ အမေရိကန်သည် အီရန်ကို မည်သည့်နည်း နှင့်မျှ နျူကလီးယားလက်နက်ကို ပိုင်ဆိုင်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။အီရန်က ရူးမိုက်စွာ ဟော်မုတ်ရေလက်ကြားကို ပိတ်ပစ်လိုက်ပါက အမေရိကန်နှင့် အစ္စရေးတို့စောင့်စားနေသော အခွင့်အခါသည် ကျရောက်လာပြီး အီရန်ကို စစ်ရေးအရ မလွဲမသွေ အရေးယူမည်ဖြစ်ရာ အီရန်နှင့် အမေရိကန် ၊ အစ္စရေး စစ်ပွဲဖြစ်ပွါးနိုင်ပါသည်။ ယခုအချိန် အထိ ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သော ရုရှ နှင့် တရုတ်တို့ ပင်အီရန်အရေးတွင် ခက် ရှောင်ရှောင်လုပ်လာပြီဖြစ်ရာ ဟော်မုတ်ရေလက်ကြားကို အီရန်က ပိတ်လိုက်ပါက ထိုနိုင်ငံများက ကုလလုံခြုံ ရေးကောင်စီတွင် ကန့်ကွပ်ကြတော့မည် မဟုတ်ချေ။ဤသည်မှာ မြေကြီးလက်ခက်မလွဲပင် အီရန်အတွက် ဆိုးကျိုးများစွာ ယူဆောင်လာစရာဖြစ်သည်။

အီရန်သည် မြန်မာနိုင်ငံ ရခိုင်ဒေသသို့ ကုလငြိမ်းချမ်းရေးတပ်များစေလွှတ်ရန် ကုလသို့တိုက်တွန်းသော်လည်း ဂါးဒီယန်းသတင်းစာ၏မေးမြန်းချက်တစ်ရပ်တွင် တိုင်းပြည်ပျက်လုလုဖြစ်နေသော ဆီးရီးယားအရေးအခင်းကို မူ ဖြစ်ရိုးဖြစ်စဉ်တစ်ခု ( normal case ) ဟုပြောဆိုသွားခဲ့သည်။ အမေရိကန်အပါအ၀င်အနောက်နိုင်ငံများနှင့် အစ္စလမ္မစ် နိုင်ငံများ၏ ဘာသာရေးအစွန်းရောက်သူများအရေး အခင်းသည် နောင်နှစ်ပေါင်းများ စွာ ကမ္ဘာတည်သ၍ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး မွတ်စလင်များသည် အမေရိကန်နှင့်အစ္စရေးအပေါ် ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေ ဖြစ်မည်မှာ မြေကြီးလက်ခက် မလွဲပါကြောင်း တင်ပြလိုက်ရပါသည်။

Myanmar Express

1 comments:

မြန်မာတွေ ညီညွတ်ကြပါတော့
မြန်မာတွေ ညီနေလို့ ကတော့ ဘယ်ခွေးသား ၀က်မြေးကို မှ သောက်ဂရုစိုက်စရာမလိုဘူး။

.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်