Subscribe to our RSS Feed

ဗုဒ္ဓ ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင် အသက်ဆက်ပြီး ရှင်သန်ဆဲဟု သိပ္ပံပညာရှင်တို့ပြော

From : MRTV-4

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင်မှာ ယနေ့ အချိန်အထိ ဆက်လက်ရှင်သန် ကြီးထွားနေဆဲ ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များမှ လွန်ခဲ့သည့် ကြာသပတေး နေ့က ပြောကြားလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဗောဓိပင်မှာ အသက်ရှင်ပြီး အပြည်အဝ ကျန်းမာသည့် အနေအထားတွင် ရှိနေကြောင်း အိန္ဒိယ နိုင်ငံ မြောက်ပိုင်းပြည်နယ် ဖြစ်သည့် Uttarakhand တွင်ရှိသော Dehradun မြို့ရှိ သစ်တော သုတေသန ဌာနမှ သိပ္ပံပညာရှင် နှစ်ဦး ဖြစ်သူထဲမှ တစ်ဦးဖြစ်သည့် Subhash Nautiyal ဆိုသူမှ ပြောခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗောဓိ ညောင် ပင်မှာ ဗုဒ္ဓဂယာတွင် ရှိပြီး အိန္ဒိယရှိ ဘီဟာ ပြည်နယ်တွင် ရှိနေခြင်း ဖြစ်ကာ Patna မြို့နှင့် ကီလိုမီတာ ၁၀၀ ခန့် အကွာတွင် ရှိခြင်း ဖြစ်သည်။

သိပ္ပံပညာရှင်များမှာ အဆိုပါ ဗောဓိပင်မှ အင်္ဂတေ အုတ်ခုံကို ဖယ်ရှားပြီးနောက် စမ်းသပ်ရာမှတစ်ဆင့် ယခုလို ဖော်ထုတ်လိုက်နိုင်ခြင်း ဖြစ်သည်။ ထိုအပြင် အဆိုပါ အင်္ဂတေ ခုံကို ဖယ်ရှားလိုက်ခြင်းဖြင့် သစ်ပင် အမြစ်ကို ပိုမိုပြီး အသက်ရှုခွင့် ပေးစေမည် ဖြစ်ပြီး ရှင်သန်စေရန် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်ဟု ၎င်းတို့မှ ပြောသည်။ ယခုလို မြတ်စွာဘုရား ပွင့်ထွန်းရာ ဒေသသို့ လာရောက်သူများထဲတွင် ဂျပန် နိုင်ငံမှ ခရီးသွားများမှာ အများဆုံး ဖြစ်ကြောင်းလည်း ဇင်ဝှာ သတင်းတွင် ဖော်ပြခဲ့သည်။

source : xinhuanews



Myanmar Express

2 comments:

မင်းဒို.ကောင်တွေကွာ ကိုးကွယ်စရာ ဘုရားမရှိလို. ကုလားဘုရားကိုမှ သွားကိုးကွယ်ရလားကွ ပြောတော. ကုလားတွေတဲ. ဟ ဟား ဟား တော်တော် ရိရတဲ.ကောင်တွေကွာ ငါဒို.ဘာသာကတော. အားလုံးကိုလက်ခံပါတယ် ဟိုကောင်တွေလိုလဲ ဂွေးဖြက်စရာမလို.ပါဘူး ၀င်မယ်ဆိုရင် ရတယ် ထာဝရဘုရားသခင်အားလုံးကို ညိမ်းချမ်းမူ.ပေးသနားတော်မူပါစေ

လာပြန်ပြိ စောက်ရူးတစ်ကောင် ဒါဆိုမေးမယ်
ထာဝရဘုရားသည် တန်ခိုးတော်အနန်တ
ထာဝရဘုရားသည် ခွန်အားတော် အနန်တ(eternal)လို့ဆိုတယ်
မင်းတို့ကျမ်းစာမှာပါတယ် ဒါဆို
ထာဝရဘုရားဟာ သူ မနိုင်ခြင်းမရှိတဲ့ ကျောက်တုံးကို
သူ ဖန်ဆင်းနိုင်သလား. ကဲ ဖြေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်