Subscribe to our RSS Feed

မြန်မာနှင့်ထိုင်းတို့ နှစ်နိုင်ငံ ပူးပေါင်းမှု တိုးမြှင့်မည်

From : .MRTV4

မြန်မာနိုင်ငံမှ ခေါင်းဆောင်ဖြစ်သူနှင့် ထိုင်းနိုင်ငံ အကြီးအကဲ ဖြစ်သူတို့မှာ နှစ်နိုင်ငံ အကြား စီးပွားရေး ပူးပေါင်း လုပ်ဆောင်မှုကို တိုးမြှင့်ရန် အတွက် ထပ်လောင်း အတည်ပြုလိုက်ပြီ ဖြစ်ကာ မြန်မာနိုင်ငံ၏ စီးပွားရေးဇုံ ဖွံ့ဖြိုးရန် အတွက် လုပ်ဆောင်လိုက်ပြီ ဖြစ်သည်။

မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် တို့မှာ တနင်္လာ နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်ကာ သမ္မတ ဦးသိန်းစိန် အနေဖြင့် နိုင်ငံတော် အကြီးအကဲ အဖြစ် ရွေးကောက်ခံရပြီး နောက်ပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ထိုင်း နိုင်ငံသို့ လာရောက်မှု တစ်ခုလည်း ဖြစ်သည်။ ယခုလို ဆွေးနွေးပွဲ အပြီးတွင် ပြုလုပ်သည့် ပူးပေါင်း သတင်းစာ ရှင်းလင်းပွဲ အတွင်းတွင် ယင်လတ်မှ ပြောရာ၌ ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရေး ပြောင်းလဲမှုများတွင် အဖက်ဖက်မှ ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ထားဝယ်တွင် ပြုလုပ်သည့် ဖွံ့ဖြိုးရေး စီမံကိန်းများတွင်လည်း အရှိန်မြှင့် လုပ်ဆောင်နိုင်စေရန် အတွက်လည်း သဘောတူ စာချုပ်ကို လက်မှတ် ထိုးလိုက်ကြောင်းလည်း NHK သတင်းတွင် ဖော်ပြခဲ့သည်။

source : NHK news




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်