From : ခေတ်လူငယ်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် မွန်ဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း၊ ကြေညာချက်အမှတ် (၃၄/၂၀၁၂) ကို၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းအမှတ် (၁၈၁)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော မွန်ဒီမိုကရေစီပါတီအား ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ကြေညာအပ်ပါသည်။ မွန်ဒီမိုကရေစီပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၈) ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်