Subscribe to our RSS Feed

ပူတင်နှင့်အာနန်တို့ ဆီးရီးယား အရေး တွေ့ဆုံဆွေးနွေး


From : MRTV-4

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နှင့် ကုလသမ္မဂ္ဂမှ ဆီးရီးယား နိုင်ငံအတွက် ကိုယ်စားလှယ် ဖြစ်သူ ကိုဖီအာနန်မှာ ဆီးရီးယား နိုင်ငံ အတွင်းရှိ

အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့ နှစ်ဦးမှာ အင်္ဂါနေ့က ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ အတွင်း ဆီးရီးယား နိုင်ငံ၏ ဆိုးရွားလာသည့် အခြေအနေများနှင့် ပတ်သက်ပြီး တူညီသည့် အခြေအနေ တစ်ခုဖြင့် ဖြေရှင်းနိုင်ရန် ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

ပူတင်မှ ပြောရာ၌ ၎င်းအနေဖြင့် အာနန်၏ ကိုယ်စားလှယ် တစ်ဦးအဖြစ် ကြိုးစားနေသည့် လုပ်ရပ်အတွက် အတတ်နိုင်ဆုံး ကူညီသွားမည် ဖြစ်ကြောင်း ပြောခဲ့ကာ နိုင်ငံတ ကာ အဖွဲ့အစည်းများ အနေဖြင့်လည်း သံတမန် နည်းအရသာ ဆက်လက် ဖြေရှင်းကြရန် ထပ်လောင်းပြီး တိုက်တွန်း ပြောကြား သွားခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်