Subscribe to our RSS Feed

ပြည်တွင်း ဧည့်မထ ၂၅ မှတ်ဆန် အမျိုးအစားကို အာဖရိက နိုင်ငံများမှ အ၀ယ်လိုက်


From : MRTV-4

ပြည်တွင်းမှ ဆန်များကို လစဉ် ပြည်ပနိုင်ငံ များသို့ လစဉ်တင်ပို့ လျက်ရှိပါတယ်။ ဒီလို တင်ပို့ လျက်ရှိရာမှာ ပြီးခဲ့တဲ့ မေလမှ စတင်ကာ ပြည်တွင်း ဧည့်မထ

၂၅ မှတ်ဆန် အမျိုးအစားကို ပြည်ပ နိုင်ငံများက မှာယူမှု ပိုမိုများပြား လာခဲ့တယ်လို့ သိရပါတယ်။ ဒီလို အ၀ယ်လိုက် လျက်ရှိရာမှာ အာဖရိက နိုင်ငံများက အများဆုံး မှာယူမှု ရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ ဥက္ကဋ္ဌရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို ပြည်ပ နိုင်ငံတွေက အဆိုပါ ဆန်အမျိုးအစား ပိုမိုမှာယူ လာရခြင်းဟာ အာရှဒေသ အတွင်း ဆန်တင်ပို့ နိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယ နိုင်ငံမှာ ရာသီဥတု အနည်းငယ် ဖောက်ပြန်မှုကြောင့် ဆန်တင်ပို့ မှုနှုန်းအနည်းငယ် ကျဆင်းခဲ့မှု ကြောင့်လည်း ဖြစ်ပါတယ်။ ဒီလို ၂၅ မှတ် ဆန်ကို တင်ပို့ရာ မှာတော့ တစ်တန်ကို FOB ဈေးနှုန်း အမေရိကန် ဒေါ်လာ ၃၄၀ ပမာဏနဲ့ တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နယ်စပ် ကုန်သွယ်မှု များမှလည်း အဆိုပါဆန်များ တင်ပို့နေ ရတယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်