Subscribe to our RSS Feed

ရန်ကုန်စည်ပင် နယ်နိမိတ် အတွင်း မော်တော် ဆိုင်ကယ်စီးနင်းမှုအား ထိရောက်စွာ အရေးယူမည်

From : MRTV-4

ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး မ.ထ.သ ဗဟိုမှ ကျင်းပ ပြုလုပ်တဲ့ လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေး အစည်းအဝေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး နယ်နိမိတ် အတွင်းမှာ မော်တော် ဆိုင်ကယ် စီးနင်းမှု တွေကို ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး နယ်နိမိတ် အတွင်း စီးနင်း ခွင့်ပြုထားတဲ့ ဒေသတွေမှာ ခွင့်ပြုထားတဲ့ တာဝန်ရှိသူ တစ်ဦးသာ စီးနင်းစေရေး အတွက် တာဝန်ရှိ သူတွေဟာ ကြပ်မတ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ဆောင်ရွက်ရာ မှာတော့ စည်းကမ်း လိုက်နာမှု မရှိပါက ၀န်ထမ်းများ အပါအ၀င် လိုက်နာမှု မရှိသူများကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်သွားမှာ ဖြစ်သလို ၀န်ထမ်းများ အတွက် မူလ ထုတ်ပေး ထားတဲ့ ဆိုင်ကယ် များကိုပါ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ သိမ်းဆည်း သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး နယ်နိမိတ် ပြင်ပ မြို့နယ်များ မှာလည်း မော်တော် ဆိုင်ကယ် သုံးယောက် စီးနင်းခြင်း မပြုစေရေးနဲ့ ဆိုင်ကယ်စီး ဦးထုပ် ဆောင်းရေး တို့ကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် များဟာ ကြပ်မတ် ဆောင်ရွက် သွားမှာ ဖြစ်ပြီး လိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်