Subscribe to our RSS Feed

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားသည့် အက်ဥပဒေ သုံးနှစ်သက်တမ်းတိုး



မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားသည့် အမေရိကန်ပြည်ထောင်စု၏ ၂၀၀၃ ခုနှစ် မြန်မာပြည် ဒီမိုကရေစီရေးနှင့် လွတ်မြောက်ရေး အက်ဥပဒေကို ဇူလိုင် ၁၈ ရက်နေ့၌ နောက်ထပ်သုံးနှစ်အထိ သက်တမ်းတိုးမြှင့်လိုက်ပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်ဖြစ်ပေါ်လာပါက အချိန်မရွေး ဆိုင်းငံ့ရန်၊ ရပ်ဆိုင်းရန် သို့မဟုတ် ဖယ်ရှားနိုင်ရန် သမ္မတအိုဘားမား ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့သို့ အမေရိကန်လွှတ်တော်က လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခဲ့သည်။ ဇူလိုင် ၂၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် အဆိုပါအက်ဥပဒေကို အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက စိစစ်ပြီးနောက် နိုင်ငံခြားဆက်ဆံရေး ကော်မတီကို ဆက်လက်ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်