Subscribe to our RSS Feed

ဇွန်လ (၈) ရက်နေ့က ဘူးသီးတောင်မြို့ကို အကြမ်းဖက်တိုက်ခိုက်ရန် ချီတက်လာသူ (၆)ဦး ထောင်ဒဏ်(၁၀)နှစ်ချမှတ်



ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သော ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့ကိုလည်း အကြမ်းဖက် တိုက်ခိုက်ရန် ချီတက်လာသူ ဘင်္ဂလီ(၆)ဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးမှ ဇူလိုင်လ (၁၈) ရက်နေ့က ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း အမိန့်ချရာသို့ သွားရောက်နားထောင်ခဲ့သူများက ပြောကြားသည်။

''တရားခံခြောက်ဦးက ဇော်ကီးအာမက်ပါ (၆)ဦး ဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)နဲ့ (၅၀၆)ဒုတိယပိုင်းတွေနဲ့ စွဲတာဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)က ဥပဒေနှင့် ဆန့်ကျင်သော ဆူပူမှုတွင် သေစေနိုင်လောက်သော လက်နက်ကိုင်ဆောင်ခြင်းဖြစ်ပြီး ပုဒ်မ (၅၀၆) ဒုတိယပိုင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)က ထောင်ဒဏ် (၃)နှစ်နဲ့ ပုဒ်မ (၅၀၆)ဒုတိယပိုင်းက ထောင်ဒဏ် (၇)နှစ် စုစုပေါင်း (၁၀)နှစ်ဖြစ်ပါတယ်။''ဟု ဥပဒေအရာရှိတစ်ဦးက ပြောကြားသည်။

ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သည့် ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့နယ်တွင်လည်း ဘင်္ဂလီများက မြို့ကိုဝိုင်းဝန်းတိုက်ခိုက်ရန် ချီတက်လာခဲ့ကြပြီး ဆူပူအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန်အတွက် ဘူးသီးတောင် ရဲစခန်းမှ စခန်းမှုးမှ မိမိကိုယ်ပေါ်တွင် လက်နက်၊ ဗုံးများတပ်ဆင်ကာ ချီတက်လာသော ဘင်္ဂလီလူအုပ်ကို ဆက်လက်မချီတက်ဘဲ နောက်ဆုတ်ရန်ပြောကြားကာ ဆူပူအကြမ်းဖက်မှု မဖြစ်ပွါးအောင် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

Myanmar Express

2 comments:

သေဒဏ်ပေးရမှာလေ ထောင်ဒဏ်ပေးတော့ ဒိခွေးကုလားတွေ
ရယ်တာပေါ့ သူတို့ကအပြင်မှာ ငတ်နေကြတာ အခုတော့
ထောင်ထမင်း ထောင်ဟင်းနဲ့ မှန်သွားပြိဆိုတော့ ထောင်ထဲမှာ
ကုလားဘုရားပွဲကျင်းပမယ် ထင်တယ်

မှန်တယ် ဖြစ်နိုင်ရင် သံသရာအဆက်ဆက် အတွက်ပါ သေဒဏ်ပေးရမှာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်