Subscribe to our RSS Feed

အခြေခံပညာဆရာ၊ ဆရာမများ၏ လစာများကို စိစစ်ရွေးချယ်မှုဖြင့် အဆင့်အလိုက် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိက ပြောသည်။


From : popular

လစာတိုးမြှင့်ပေးမှုကို သြဂုတ်လနှင့် စက်တင်ဘာလများတွင် စတင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၎င်းကဆိုသည်။

တိုးမြှင့်ပေးသွားမည့် အစီအစဉ်အရ အလယ်တန်းကျောင်းအုပ်တစ်ဦး၏အခြေခံလစာမှာ
ကျပ်တစ်သိန်း၊ မူလတန်းကျောင်းအုပ်တစ်ဦး၏ အခြေခံလစာမှာ ကျပ်ငါးသောင်းကိုးထောင်နှင့် မူလတန်းပြဆရာတစ်ဦး၏ အခြေခံလစာမှာ ကျပ်ငါးသောင်းသုံးထောင် ခံစားရရှိမည်ဖြစ်ကြောင်းသိရသည်။

““ အကုန်လုံးကိုတိုးပေးသွားမှာတော့မဟုတ်ဘူး။ ၀န်ထမ်းတွေရဲ့အရေအသွေးတွေစစ်ဆေးပြီး တိုးမြှင့်ပေးသင့်တဲ့ ၀န်ထမ်းတွေကိုပဲ စတင်တိုးမြှင့်ပေးသွားမယ်”” ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

လစာနှုန်းထားများအပါအ၀င် တိုးမြှင့်ခန့်အပ်သွားမည့်ရာထူးများအတွက် ပြည်ထောင်စုဝန်ကြီး ၊ဒုတိယ၀န်ကြီးများနှင့် တာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြို့နယ်ပညာရေးမှူးများကို လက်ထောက်ညွှန်ကြားရေးမှူးအဆင့်သို့တိုးမြှင့်ပေး မှုကိုလည်း ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မူလတန်းပြတစ်ဦး၏အခြေခံလစာမှာ ကျပ် လေးသောင်းခုနစ်ထောင်၊ မူလတန်းကျောင်းအုပ်တစ်ဦး၏အခြေခံလစာမှာ ငါးသောင်းသုံးထောင်၊အလယ်တန်းကျောင်းအုပ်တစ်ဦး၏
အခြေခံလစာမှာ ကျပ်ငါးသောင်းကိုးထောင် ဖြစ်ကြောင်းသိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်