Subscribe to our RSS Feed

ရှမ်းပြည်နယ်မှ ထွန်းလင်းတောက်ပလာမည့် ကြယ်တစ်ပွင့်

ယနေ့အချိန်အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေ စီနိုင်ငံတော်ကြီး ဆီသို့ ရောက်ရှိ ရန် အတွက် အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေပါတယ်။ သဘာဝသယံဇာတတွေ ကြွယ်ဝပေါများ လှတဲ့ နိုင်ငံတစ်နိုင်ငံဟာ ဘာဖြစ်လို့အခုလိုနိမ့်ကျပြီး အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေရတာလဲ၊ ဒီလိုဖြစ်နေတာဟာ စီးပွားရေးပိတ်ဆို့ခံရမှုကြောင့်လား၊ စီးပွားရေးဘာလို့ပိတ်ဆို့ခံရတာလဲ၊ ဘယ်သူတွေေ ကြာင့်လဲ၊ ဘာကြောင့်လဲ၊ အစိုးရကြောင့်လား၊ ပြည်သူတွေကြောင့်လား၊ ဒါမှမဟုတ် ဘယ်နိုင်ငံ၊ ဘယ် အဖွဲ့အစည်း၊ ဘယ်သူတွေရဲ့လုပ်ရပ်၊ ခံယူချက်/ ရပ်တည်ချက်ကြောင့် အခုလိုဖြစ်နေတာလဲဆိုတာ အဖြေထုတ်ကြည့်ဖို့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ ပြည်သူလူထုအားလုံးမှာ တာဝန်ရှိပါတယ်။




အဲဒီဟာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တိုင်းရင်းသားလူထု ကိုယ်စား မီးမောင်းထိုးပြလိုက်တဲ့ လူတစ်ယောက်ကို မထင်မှတ် ဘဲတွေ့ရှိလိုက်ရပါတယ်။ သူကတော့ ရှမ်းပြည်နယ်၊ ကွန်ဟိန်း မဲဆန္ဒနယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဒေါ်နန်းဝါနုလို့ သိရပါတယ်။ အသက်(၃၃)နှစ်သာ ရှိသေးပြီး ဥပဒေရေးရာ ကျွမ်းကျင်တဲ့ ဥပဒေမဟာဘွဲ့ရ အထက်တန်းရှေ့နေ တစ်ဦး ဖြစ်ပါ တယ်။ တောင်ကြီးမြို့နဲ့ တောင်ကြီးတက္ကသိုလ်တို့မှာ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းတို့မှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ ဒေါ်နန်းဝါနုလို ငယ်ငယ်ရွယ်ရွယ်နဲ့ လွှတ်တော် အတွင်းကနေ တိုင်းပြည် အရေးတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် နေတာဟာမြန်မာ အမျိုးသမီးများကိုယ်စား လေးစားဂုဏ်ယူစရာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့လည်း လွှတ်တော်အတွင်း ဥပဒေပြုရေး လေ့လာရန်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းနဲ့အတူ ဂျာမနီ၊ ဘယ်လ် ဂျီယန်နဲ့ နော်ဝေနိုင်ငံတွေကို မြန်မာနိုင်ငံလွှတ်တော်ရဲ့ ပထမဦးဆုံး ခရီးစဉ်မှာ ပါဝင်ခွင့်ရရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးလည်းဖြစ်သလို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ အိန္ဒိယ ခရီးစဉ်မှာလဲ ပါဝင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒ်ါနန်းဝါနုက ဇူလိုင်လ ၁၃ ရက်နေ့ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးရဲ့ အဋ္ဌမနေ့မှာ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၃ အရ အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးဖို့ လွှတ်တော် ဥက္ကဋ္ဌထံ အဆိုတစ်ရပ် တင်သွင်းခဲ့တယ်လို့သိရပါတယ်။အဲဒီအဆိုကတော့ “ခေတ်မှီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့် အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများအား အမြန်ဆုံး ရုပ်သိမ်း ပေးရန် လွှတ်တော်နှင့်ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်း ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုတင်သွင်းခဲ့ပါတယ်။

ဒ်ါနန်းဝါနုရဲ့ အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ မြိတ်မဲဆန္ဒနယ်မှ ဦးဌေးမြင့်၊ ရသေ့ တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေတို့က ထောက်ခံဆွေးနွေးခဲ့ကြပေမယ့် ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးနိုင်ငံလင်း၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်းတို့က ရဲရဲတောက် ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။




ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစု ကတော့ ဒေါ်နန်းဝါနုကို ပြည်သူလူထုကိုယ်စား မျိုးဆက်သစ် ပန်းကောင်းတစ်ပွင့်အဖြစ် သတ်မှတ်ထားကြပါတယ်လို့လည်း ပြောဆိုကြပါတယ်။ အသက် (၃၃)နှစ်သာရှိသေးတဲ့ ရှမ်းတိုင်းရင်းသူ ဒေါ်နန်းဝါနုဟာ လွှတ်တော် ဥက္ကဋ္ဌကြီးသွားလေရာခေါ်သွားလေ့ ရှိပြီးလွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ အထူးအလေးပေးခြင်း ခံရကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌကြီး ရဲ့ ပြည်ပ ခရီးစဉ်မှာသာမက ပြည်တွင်းခရီးစဉ်တစ်ခုဖြစ်တဲ့ရခိုင်ခရီးစဉ်မှာလည်း ခေါ်ဆောင်သွားခဲ့တဲ့အတွက်ဥက္ကဋ္ဌကြီး နေရာပေး ရမယ့်ရှမ်းပြည်နယ်မှထွန်းလင်းတောက်ပ လာမည့် ကြယ်တပွင့်အဖြစ် ရှုမြင်နေရပါကြောင်း တင်ပြလိုက် ရပါတယ်။

Myanmar Express

2 comments:

အားကျစရာပါဘဲ ဘယ်သတင်းမီဒီယာကဘာဘဲပြောပြော အရေးမစိုက်ပါနဲ့ ဒီ့ထက်ကောင်းအောင်ပိုကြိုးစားပါ

The first Prostitute MP in Myanmar Hluttaw.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်