Subscribe to our RSS Feed

သရက်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ ၀န်းကျင်က ရင်ခြင်းဆက် အမွှာမိန်းကလေး နှစ်ဦးကို အောင်မြင်စွာ မွေးဖွားခဲ့

(သတင်းနှင့်ဓာတ်ပုံ-ကိုဟိန်းလင်းဦး-သရက်)

သရက်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ ၀န်းကျင်က ရင်ခြင်းဆက် အမွှာမိန်းကလေး နှစ်ဦးကို အောင်မြင်စွာ မွေးဖွားခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ရင်ခြင်းဆက်အမွှာ မိန်းကလေး နှစ်ဦးကို သရက်မြို့၊ အနောက်ရပ်တောင်ပိုင်း ရပ်ကွက်၊ အောင်သီရိကွက်သစ်နေ ဖခင် ကျော်ခိုင်ဦး၊ အမိ ဒေါ်ယဉ်မိုးခိုင် တို့၏ ဒုတိယမြောက် ရင်သွေးများအဖြစ် သရက်ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်အေး၊ သားဖွားမီးယပ်အထူးကု ဒေါက်တာမြင့်မြင့်ဆွေ၊ ကလေးအထူးကု ဒေါက်တာ ဆွေဇင်အေး၊ မေ့ဆေးအထူးကု ဒေါက်တာမေသက်မြင့်၊ ဒေါက်တာ သူဇာအောင်နှင့် ခွဲစိတ်ခန်း တာဝန်ကျဝန်ထမ်းများက ကျန်းမာအောင်မြင်စွာဖြင့် မွေးဖွားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်