Subscribe to our RSS Feed

မမှန်သတင်းထုတ်ပြန် တင်ပြသူ ဦးဥာဏ်ဝင်း (NLD ပါတီ)အား ဥပဒေနှင့် အညီ အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတင်းထုတ်ပြ


From : ခေတ်လူငယ်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တင်ပြချက်အရ ဆန္ဒမဲလက်မှတ် ဖယောင်းသုတ်မှု ဖြစ်ပွားသည်ဆိုသည့် မြို့နယ် (၁၀)မြို့နယ်လုံးသို့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီ နှစ်ပါတီမှ မြို့နယ်အဆင့် ဥက္ကဋ္ဌ/အတွင်းရေးမှူးတို့ ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ အဖြစ်မှန်ကို ထုတ်ဖော်စစ်ဆေးစေခြင်း၊ မဲရုံအသီးသီးရှိ မဲပေးပြီးသည့် ဆန္ဒမဲလက်မှတ်များကိုပါ ဖွင့်ဖောက်စစ်ဆေး ပြသစေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက်များအရ “တိုင်ကြားခံရသည့် မြို့နယ် ၁၀ မြို့နယ်လုံးတွင် ဆန္ဒမဲလက်မှတ်များကို ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ ယင်းသို့ ဖြစ်စဉ်ရှိသည်ဟု တရားဝင် တိုင်ကြားသူလည်း မရှိကြောင်း၊ သတင်းအခြေအမြစ်မရှိသည့် တစ်ဆင့်ကြားစကား ထင်မြင်ချက် စကားများဖြင့် ကော်မရှင်သို့ တိုင်ကြားခြင်းဖြစ်ပါကြောင်း၊ ၁.၄.၂၀၁၂ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲသည် အမျိုးသားရေးကိစ္စဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုကို ကမ္ဘာနှင့်အဝန်း စောင့်ကြည့်နေသည့် ကာလအတွင်း ယခုကဲ့သို့ မမှန်မကန် စွပ်စွဲပြောဆိုမှုကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သဖြင့် မမှန်မကန် တိုင်ကြားသူအား ဥပဒေအရ အရေးယူသင့်ကြောင်း” စုံစမ်းစစ်ဆေးရေး အဖွဲ့များနှင့် နိုင်ငံရေးပါတီအချို့တို့က သုံးသပ်တင်ပြမှုများ ရှိလာခဲ့ပါသည်။ ထို့ကြောင့် ၁.၄.၂၀၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူးက တင်ပြတိုင်ကြားသည့် မြို့နယ် ၁၀ မြို့နယ်၌ ဆန္ဒမဲလက်မှတ်များတွင် ဖယောင်းသုတ်ထားသည် ဆိုသည့် ဖြစ်စဉ်မှာ မှန်ကန်မှုမရှိပါကြောင်းနှင့် ယင်းသို့ သတင်းအခြေအမြစ် မှန်ကန်မှုမရှိသည့် တစ်ဆင့်ကြားစကားများဖြင့် ပြည်သူများကို ထင်ယောင်ထင်မှား ဖြစ်စေအောင် ထုတ်ဖော်ရေးသား၊ ပြောဆိုခြင်းမပြုရေးအတွက် သက်ဆိုင်ရာပါတီ အတွင်းရေးမှူးအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လိုအပ်ပါက အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေး ပြောကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ယင်းသို့တွေ့ဆုံ ဆွေးနွေးရာတွင် ပြည်သူများ အဖြစ်မှန်အတိုင်း ပြန်လည်သိရှိနိုင်ရေးအတွက် (က) NLD က တင်ပြခဲ့သည့် ဆန္ဒမဲလက်မှတ်များကို ဖယောင်းသုတ်ထားခြင်းမှာ မှန်ကန်မှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲ ပြန်လည်ပြုလုပ်ပေးသွားရန်နှင့် ဂျာနယ်များတွင် ထည့်သွင်းဖော်ပြရန်၊ (ခ) NLD က မဲလက်မှတ်များကို ဖယောင်းသုတ်ထားသည်ဟု ကြားသိရသည့် သတင်းအပေါ် စိစစ်မှုမရှိဘဲ၊ ဖြစ်နိုင် မဖြစ်နိုင် ဝေဖန်ဆန်းစစ်မှုမရှိဘဲ အရေးယူပေးရန် ကော်မရှင်သို့ တင်ပြခဲ့ခြင်းအပေါ် တောင်းပန်၍ တင်ပြစာကို ပြန်လည်ရုပ်သိမ်းပေးရန် စသည့်တို့ကို ဆောင်ရွက်ပေးရန် ဦးဥာဏ်ဝင်းကို ပြောဆိုညွှန်ကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ မှတ်တမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD သို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်စာဖြင့် ပေးပို့ခဲ့ပြီး အထက်အပိုဒ်ပါ အချက်(၂) ချက်ကို ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပြီးစီးမှုကို ၂၂.၅.၂၀၁၂ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်တင်ပြပေးရန် အကြောင်းကြားခဲ့ပါသည်။ သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ၂၁.၅.၂၀၁၂ ရက်စွဲပါ စာအမှတ် ဗအန/ကမရ/၀၄၃ စာဖြင့် အဖွဲ့ချုပ်၏ လုပ်ဆောင်မှုသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပေါ်ပေါက်ရေးအတွက် ဦးတည်လုပ်ဆောင်မှုသာ ဖြစ်ကြောင်း၊ အဖွဲ့ချုပ်၏ လုပ်ဆောင်မှုသည် မှားယွင်းသော လုပ်ဆောင်မှု မဟုတ်သည့်အတွက် ကော်မရှင်၏ ညွှန်ကြားစာပါအချက် (၂)ချက်ကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း ကော်မရှင်သို့ အကြေင်းပြန်ကြားခဲ့ပါသည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁၀(ဋ္ဌ) ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်အရ မမှန်သတင်းထုတ်ပြန် တင်ပြသူ ဦးဥာဏ်ဝင်း (NLD ပါတီ) အား ဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ပြည်သူအများ သိရှိနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

4 comments:

ကောင်းလိုက်တာ.. လိုချင်တာကိုလဲ ရပါတယ်. ဘာကြောင့်ပေးတဲ့ သူကိုလဲ အကောင်း မပြောတာလဲ ဗျာ.. အခုတော့ အထဲမှာ သွားနေရတော့မယ်.. ဒါကြောင့်ပြောတာပေါ့ စကားဆိုတာ အသံထွက်တိုင်း စကား မဟုတ်ဘူးတဲ့.. အခုတော့ အဖြစ်ဆိုးလှချည် လားးးးး

သေဒဏ်ပေးပစ်လိုက်ကွာ.. မိန်မထမိန်နားခိုစားနေတဲ့ အလကားဆန်ကုန်မြေလေးတွေ

NLD မှာ စောက်ရမ်းပြော တစောက်ကမ်းလုပ်တတ်တဲ့ ဥာဏ်ဝင်းလိုလူတွေရှိနေသ၍ ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူး မှားရင်မှားတဲ့အတိုင်းဝန်ခံလိုက်ရင်ပြီးနေတာကို ပြည်သူအတွက်ဆိုပြီး အသံကောင်းဟစ် ဖင်ပိတ်ငြင်းနေတော့ ခံပေါ့ဗျာ ဘယ်သူကမှမဲလက်မှတ်ပေါ်မှာ ဖယောင်းမသုတ်ဘူး ခင်ဗျားကြီးကသာ ဒေါ်စုကြည်အဖုတ် ဖယောင်းသုတ်တာ

သူတို့မ၇မှာစိုးလို့ သွားအော်တာ ခုမှ ကိုယ့်အတတ်နဲ့ကိုစူးပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်