Subscribe to our RSS Feed

ကိုယ့်နိုင်ငံအကြောင်း ကောင်းကောင်းမသိသေးတဲ့ NLD နဲ့ အန်တီစု

ဒီမိုကရေစီခေါင်းဆောင် အန်တီစုသည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု၊ အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါရဂူဆု၊ ပြင်သစ်နိုင်ငံရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုတွေ လက်ခံရယူရန်နဲ့ အင်္ဂလန်နိုင်ငံမှာ ရှိသော မိသားစုဝင်တွေနဲ့တွေ့ဆုံဖို့ ဥရောပတလွှား ၁၆ ရက်ကြာသွားရောက်ခဲ့ပြီး ဇွန် ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။ လေဆိပ်မှာလည်း အန်တီစုကို ထောက်ခံသူအချို့ရှိခဲ့သလို အန်တီစုကို မကျေနပ်တဲ့ ပြည်သူအချို့ကလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

ဇူလိုင် ၃ ရက်နေ့မှာ ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်မှာ အဲဒီဥရောပခရီးစဉ်နဲ့ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်က သတိပေးထုတ်ပြန်ခဲ့သည့် “Burma”လို့ သုံးစွဲခဲ့တဲ့အကြောင်းရင်းကို ပထမဦးစွာ ရှင်းလင်းခဲ့ပါတယ်။ “Myanmar“ ကို “Burma” လို့ သုံးစွဲရခြင်းမှာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အင်္ဂလိပ်လို မရှိတဲ့အတွက် သုံးစွဲရတာဖြစ်ကြောင်း၊ နောက်ပြီး ဒီမိုကရေစီကျင့်စဉ်နဲ့ ဒီမိုကရေစီအခွင့်အရေးအရ “Burma” ဟု လွတ်လပ်စွာ ပြောဆိုသုံးနှုန်းနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ဟာ မြန်မာလိုရော၊အင်္ဂလိပ်လိုရော ရှိတယ်ဆိုတာ အန်တီစု နဲ့ NLD ဥပဒေပညာရှင် ဦးဥာဏ်ဝင်းတို့ တကယ်ပဲမသိတာလား။ ဒီစာအုပ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးလုံးနဲ့ ကျေးလက်ဒေသက ကျေးရွာစာကြည့်တိုက် တွေမှာတောင် ရှာလို့ရနိုင်တာကိုအင်္ဂလိပ်လို မရှိဘူးလို့ ပြီးစလွယ်ပြောလိုက်တာ ကတော့ အန်တီစုတို့အနေနဲ့ စာမဖတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။ ဒီမိုကရေစီခေါင်းဆောင်လို့ဆိုတဲ့ အန်တီစုတစ်ယောက် အခြေခံဥပဒေ အားကာကွယ်စောင့်ရှောက်ပါမည်လို့ လွှတ်တော်မှာ ကျမ်းကျိမ်ခဲ့ပေမဲ့ အဲဒီစာအုပ်ကို မြင်ရောမြင်ဘူးရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။

ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် NLD နဲ့ အန်တီစုကို ထောက်ခံမဲ ပေးခဲ့ကြတဲ့ ပြည်သူတွေ အတွက်ကတော့ တော်တော်လေး ရင်လေးစရာပါပဲ။ နောက်ထပ်ပြီး “Burma” ကို “Myanmar” လို့ ပြောင်းခဲ့တဲ့ အချိန်က ပြည်သူ့ဆန္ဒမပါတဲ့အတွက် “Myanmar” လို့ မခေါ်ဆိုနိုင်ကြောင်း ပြောဆိုခဲ့တာ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံကို ကျွန်ပြုအုပ်ချုပ် ခဲ့တဲ့ အင်္ဂလိပ်တွေက Burma လို့အမည်ပေးခဲ့တာကရော ပြည်သူရဲ့ ဆန္ဒအရ ပေးခဲ့တာလားလို့ ပြန်မေးချင်ပါတယ်။ နောက်ပြီး “ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီ အခွင့်အရေးအရ” “Burma” လို့ လွတ်လွတ်လပ်လပ် ခေါ်ဆိုသုံးစွဲနိုင်ကြောင်း လည်းပြောကြားခဲ့ပါတယ်။ ဒီလိုပြောဆိုတာတွေက အန်တီစုအနေနဲ့ သူ့ဆွေမျိုးတွေဖြစ်တဲ့ အင်္ဂလိပ်ကိုလိုနီ တွေရဲ့အသုံးအနှုန်းနဲ့ ကိုလိုနီဘဝကို ပြန်လည်တမ်းတနေသလို ထင်မှတ်ရပါတယ်။ သူမ ပြောခဲ့သလိုပဲ လွတ်လွတ်လပ်လပ် ခေါ်ဆိုသုံးနှုန်းခွင့်သာ ရှိမယ်ဆိုရင် သူမနာမည် ဒေါ်အောင်ဆန်းစုကြည်လို့မခေါ်ဘဲ “ကုလား မယားစုကြည်” လို့ ခေါ်တာကို ကြည်ကြည်ဖြူဖြူ လက်ခံနိုင်ရမှာပေါ့။ ကိုယ့်တိုင်းရင်းသား ရခိုင်လူမျိုးဘက်က မရပ်တည်ဘဲ ဘင်္ဂါလီကုလားတွေဘက်က ရပ်တည် ခဲ့လို့ ရှစ်မိုင်လမ်းဆုံအနီးမှာ ရခိုင်လူမျိုး တစ်စုက “ကုလားမယား စုကြည်”လို့ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒပြတာကို NLDပါတီဝင် လူတွေက ကိုယ်ထိလက်ရောက်စော်ကားခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှထွက်ခွာလာစဉ်လမ်းတွင်ဆန္ဒပြနေသော ရခိုင်တိုင်းရင်းသားများ။



ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှထွက်ခွာလာစဉ် ရှစ်မိုင်လမ်းဆုံတွင်
ကုလားမစုကြည် အလိုမရှိဟူသောစာတန်းကိုင်ဆောင်ဆန္ဒပြနေသူများ




ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှထွက်ခွာလာစဉ် ရှစ်မိုင်လမ်းဆုံတွင်
ကုလားမစုကြည်အလိုမရှိဟူသောစာတန်းကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်စီးနင်း
လာသောမော်တော်ယာဉ်အားဆန္ဒပြနေသောပြည်သူများ။


ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှထွက်ခွာလာစဉ် ရှစ်မိုင်လမ်းဆုံတွင်
ကုလားမစုကြည်အလိုမရှိဟူသောစာတန်းကိုင်ဆောင်ပြီးဆန္ဒပြနေသူများအား ဒေါ်အောင်ဆန်းစုကြည်၏
လုံခြုံရေးတာဝန်ယူထားသူများမှ လိုက်လံထိုးကြိတ်နေပုံများ

ဆက်လက်ပြီး အန်တီစုက ဥရောပ ခရီးစဉ်က ပြန်လာလို့ ခရီးပန်းနေတဲ့အတွက် ဇူလိုင် ၄ ရက်နေ့မှာ ကျင်းပမဲ့ လွှတ်တော် အစည်းအဝေးကို မတက်တော့ဘဲ ခွင့်ယူမယ့်အကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ခွင့်ယူတဲ့ကာလအတွင်းမှာ ကော့မှူးမြို့ကိုသွားမဲ့ အကြောင်းကို တစ်ပါတည်းပြောကြား သွားခဲ့ပါတယ်။ ခရီးပန်းလာလို့ ကျန်းမာရေးအခြေအနေအရ လွှတ်တော်မတက်ဘဲ ခွင့်တင်တာကို နားလည်နိုင်ပေမဲ့ လွှတ်တော်ကျတော့မတက်ဘဲ ကော့မှူးဘက်ကို သွားခဲ့တာကိုတော့ အန်တီစုနဲ့ NLD ကို ထောက်ခံတဲ့ ပြည်သူလူထုက နားမလည်နိုင်ဘူး ဖြစ်နေကြပါတယ်။ အန်တီစု လွှတ်တော် မတက်တော့လို့ သူမကိုယ်စား လွှတ်တော် ဆိုင်ရာအရာရှိအဖြစ် ဥရောပခရီးစဉ်အတူ သွားခဲ့တဲ့ လမ်းသရဲ ဟစ်(ပ်)ဟော့အဆိုတော် ဇေယျာသော်ကို ခန့်အပ်ခဲ့တာကို ကျန်တဲ့ ၀ါရင့် NLD ကိုယ်စားလှယ်တွေကလည်း မကျေမနပ်ဖြစ်နေကြတဲ့အပြင် လွှတ်တော်အပေါ် စိတ်ဝင်စားမှုအားနည်းတဲ့ အန်တီစုကို ပြည်သူတွေက စိုးရိမ်လာကြပါတယ်။

ဒါ့အပြင် သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို သူမရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးကိုယ်တာကိစ္စရပ် များအား မေးမြန်းခြင်းမပြုရန် တားမြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ သတင်းစာရှင်းလင်းပွဲရဲ့ အစောပိုင်းက ``Myanmar`` ကို ``Burma`` လို့ ပြောဆိုသုံးနှုန်းတာကျတော့ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ကြောင်း၊ ဒါဟာ ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီအခွင့်အရေးဖြစ်တယ်လို့ ပြောခဲ့ပြီးတော့ သူမကို မီဒီယာတွေက သိချင်တာတွေ မေးမြန်းတဲ့အခါကျတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး မမေးဖို့တားမြစ်ခဲ့တာဟာ အနောက်နိုင်ငံတွေက ခေါ်ဆိုနေတဲ့ ဒီမိုကရေစီခေါင်းဆောင်နဲ့မတူဘဲ အာဏာရှင်တစ်ယောက်ပုံစံ ပေါက်နေ ပါတယ်။ NLD ပါတီအသိုင်းအဝိုင်းနဲ့ သူ့ကိုထောက်ခံတဲ့ အသိုင်းအဝိုင်းကြားမှာလည်း အန်တီစု ဥရောပခရီးစဉ်မှပြန်လာပြီး အနောက်နိုင်ငံကြီးများရဲ့ မဟာဗျူဟာမြောက်ကြိုဆိုအရေးပေးမှုတွေကို တကယ် အဟုတ်ထင်ပြီး ထင်ပေါ်ကျော်ကြားမှုနဲ့ အာဏာနောက်ကိုလိုက်ပြီး တိုင်းပြည်အရေး တကယ်မလုပ်မှာ၊ စိတ်မဝင်စားမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Myanmar Express

6 comments:

သူဟာမြန်မာမှ မဟုတ်တာ ကုလားမယား အစစ်ဘဲ

Myanmar Government must do step by step the following for all Illegal Bangladesh muslim Separatists in Rakhine state and Myanmar.

( 1) President U Thein Sein and Aung San Su Kyi visit Rakhine refugees and declare Rohingya is not Myanmar Ethnicity forever ( ( 2 ) Arrest and Death sentence for corrupted Myanmar Border Security officer Aung Gyi and other officers and border immigration officers who take a lot of money and bribe form illegal Bangladesh muslims from Rakhine state and support illegal Bangladesh muslim immigrants enter Rakhine state. . Expel all UNHCR, INGO ,NGO , AZG and other pro Rohingya organizations from Maungdaw and Rakhine state.
( 3 ) All Immigration Minister and officers in Rakhine must be Rakhine people.
( 4 ) Deport all Bangladesh muslim to Bangladesh.
(5 ) Form Rakhine Border Security guard force and build high and strong border wall in Myanmar Bangladesh border and shoot illegal Bangladesh Muslim on the spot like India.
( 6 ) Myanmar government must establish good transportation and economy in muslim majority towns and must do more Rakhine people and Myanmar people from other states to settle and live in muslims majority towns like Chinese government do in Xinjiang province ( muslim majority province ) in China . If so , Rakhine and Myanmar people will be majority in Muslim majority towns in future.

ဒီအဘွားကြီးလုပ်ချင်ရာလျှောက်လုပ်နေတာ

ကုလားမ ကိုကုလားမလို့ပြောတာ နာစရာလား
အစကတည်းက ကုလားကိုမယူပါနဲ့လား ဒေါ်စုရယ်

ပြည်သူ့တွေကိုချစ်တယ် အမေစု ရခိုင်အရေးလည်းဖြစ်ရော ဘယ်ရောက်နေလည်း ဆင်ခြေလေးပေးပါအုံး

ရခိုင်တွေ ဒုက္ခ ရောက်နေချိန်မှာ အမျိုးတွေဆီ အလည်သွားကာ မြန်မာပြည်ကို အခုချိန်မှာကျွန်ပြန် ဖြစ်လာအောင် ကြိုးစားထားကြောင်း ပြောပြီးဆုတွေ အလကားရတိုင်းသွားယူနေတာလေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်