Subscribe to our RSS Feed

ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းပြီး ဝန်ကြီးများ ပြောင်းလဲမည်ဟုဆို

From : ခေတ်လူငယ်

အစိုးရအဖွဲ့ ပိုမိုအားကောင်းလာစေရေးအတွက် ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲများ ပြုလုပ်မည့်စာရင်းကို စတင်ကျင်းပနေပြီဖြစ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက ယခုရက်ပိုင်းအတွင်း တင်ပြရန်ရှိကြောင်း အစိုးရအဖွဲ့ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ “ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းဖို့ထက် ဝန်ကြီးအပြောင်းအလဲလုပ်ဖို့ ပိုများမယ်ထင်တယ်။ သမ္မတကြီးရဲ့ သွားနေတဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့သူတွေ၊ လိုက်လျောညီထွေ မရှိတဲ့သူတွေ အနားပေးခံရလိမ့်မယ်။ အရည်အချင်းရှိတာ မရှိတာနဲ့ မဆိုင်ဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက သုံးသပ်ပြောကြားသည်။ အစိုးရအဖွဲ့ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများ၏ အဆိုအရ ဝန်ကြီးဌာနများ ကျစ်လျစ်အားကောင်းလာစေရေးအတွက် လက်ရှိအရေအတွက်ထက် လျှော့ချသွားရန်ရှိပြီး ဝန်ကြီးဌာန စုစုပေါင်း ၂၀ ခန့်သာ ထားရှိသွားရန်ရှိကြောင်း၊ ဝန်ကြီးအပြောင်းအလဲများလည်း ပြုလုပ်ရန်ရှိရာ အချို့ဝန်ကြီးများကို အနားပေးခြင်း၊ အချို့ဝန်ကြီးများကို ပိုမိုကိုက်ညီသော ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။ ဝန်ကြီးဌာန ပြင်ဆင်မှုနှင့် ဝန်ကြီးအပြောင်းအလဲမှာ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများတွင ရှေးရိုးစွဲဝါဒီများနှင့် နောက်ကြောင်းပြန်လိုသူများကို ထားခဲ့မည်ကို ပါရှိပြီးဖြစ်ကြောင်း၊ ယင်းမှာ သမ္မတ၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး လွှတ်တော်က သဘောတူလျှင် လုပ်ဆောင်၍ ရကြောင်း၊ လွှတ်တော်ကလည်း အများကောင်းကျိုးအတွက် လုပ်ဆောင်ခြင်းဖြစ်ရာ သဘောမတူနိုင်စရာ မရှိဟုထင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၂ တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကိုပြင်ဆင် သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်းပြုနိုင်သည်။ ပြည်ထောင်စုဝန်ကြီး ဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်းလျှော့ခြင်း ပြုနိုင်သည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

9 comments:

လုပ်သင့်သော လုပ်ရပ်တစ်ခု ဖြစ်ပါသည်။

နိုင်ငံရေးငါမသိဘူးကွာ တိုင်းပြည်တိုးတက်ဖို့အတွက်
အတ္တမရှိဘဲ တကယ့်လက်တွေ့လုပ်နေသူတွေ ပေါင်းပြီး
တည်ဆောက်ကြပါ၊ ဥပမာ ယခင်က (ပင်လုံစာချုပ်မှလွတ်လပ်ရေး၊ လွတ်လပ်ရေးမှပါတီစုံ)
ယခု(လက်တွေ့လုပ်နေသူတွေ ပေါင်းမှဒီမိုကရေစီ၊ဒီမိုကရေစီမှပါတီစုံ) အားလုံးနည်းလေးမှားနေသလိုဘဲနော်။
အရီးကြီးခေတ်ဆိုတာ ရှိခဲ့တဲ့အတွက် ငါကိုယ်တိုင်မျိုးမစစ်ပေမဲ့ လူစစ်ဖို့ လူပီသဖို့တော့လိုတယ် အမြဲဆန်းစစ်နေတယ်ကွာ၊
ငါတို့ကတာဝန်အရဆိုတာ မင်းမိသားစုအတွက်ပါ တိုင်းပြည်အတွက် မဟုက်ပါဘူး ပြန်ဆန်းစစ်ပါအုံးကွာ။ မင်းကောလူသားတွေအတွက် သွားကြားထိုးတံ တန်ဘိုးလောက် လုပ်ပြီးပြီလါး၊ တိုင်းပြည်ဖျက်မဲ့ ငါကဘာကောင် ဘာရာထူးကွ ငါကခေါင်းဆောင်ကွ ဆိုတဲ့ဝေလေလေစုန်းပြူးတွေဖယ်ရှားပြီး လက်တွဲကြပါ၊
ကောလဟာလနဲ့ အာချောင်မယ်ဆို ဝေးဝေးနေပေးပါ၊
မင်းကတကယ်ဘဲ တာဝန်အရဘဲဖြစ်ဖြစ် မျိုးချစ်စိက်နဲ့ဘဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်ဖို့ လုပ်မယ်ဆိုရင်
(ရှေ့ကသွားရင်အီးမပေါက်နဲ့ နောက်ကလိုက်ရင် ဖိနပ်မနင်းနဲ့ကွာ အရမ်းစိက်ဆိုးတယ်)
ငါတို့နိင်ငံက ကမ္ဘာမှာအရမ်းနောက်ကြနေပြီ အချိန်မရှိပါ။
လူသားအကျိုးပြုဂီတဥယျာဉ် (၀၉၅၀ ၈၂၈၀၈) တာမွေလူမိုက်ကြီး ၀င်းကိုလှိုင်
JJ (CLUB) နားမှာနေတယ်………
http://www.facebook.com/media/set/?set=a.482823941733642.110392329.100000181218020&type=3&l=a6af18c97d

သင့်တော်တဲ့သူကို သင့်တော်သလိုနေရာခိုင်းမှာခိုင်းသင့်ပါတယ်
Civil ကို PhD ပြီးထားတဲ့ နိုင်ငံတကာဘွဲတွေရထားတဲ့ သူကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ မခိုင်းဘဲ မဆိုင်တဲ့နေရာတွေမှာ ဇာတ်မြုပ်ခိုင်းတာမျိုး ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဒေါက်တာမြင့်အောင်ကို ပြောတာပါ သူသာဆောက်လုပ်ရေးဝန်ကြီးဆိုဆောက်လုပ်ရေးဝန်ကြီးဌာန တော်တော် တိုးတက်မှာ ခုတော့ ...........

သမ္မတကြီးကို လုံးဝယုံကြည်တယ် ထောက်ခံတယ် ကန့်လန့်တိုက်နေတဲ့လူတွေ ဝါးရမှလုပ်မဲ့လူတွေ အကုန်ထားခဲ့

It's good news for our country.thanks Myanmar Expess.

သမ္မတကြီးရေ အားကိုးပါတယ်။ ဒီတစ်ခါ ပြောင်းလဲဖွဲ့စည်း မှုက တိုင်းပြည်ရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးလိမ့်မယ် ထင်ပါတယ်။ လုပ်သင့်သည် များကို မည်သူ့မျက်နှာမှမကြည့်ဘဲ ပြည်သူတွေအတွက် ပြတ်ပြတ် သားသား လုပ်ဆောင်ပေးပါ။ သမ္မတကြီး ဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော်ကြီး တည်ဆောက် နိုင်ပါစေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်