Subscribe to our RSS Feed

မိုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည် ခရီး(၃)

From : မေသင်္ကြန်ဟိန်(မြစ်မခ)

ကိုမိုးသီးဇွန်တို့ရဲ့ သတင်းစာရှင်းလင်းပွဲအမေးအဖြေတွေကို ဆက်မရေးဖို့နဲ့သူတို့ ရဲဘော်တွေက အမည်အမျိုးမျိုးနဲ့ facebook တွေမှာ ရေးပြီး တိုက်ခိုက်ကြမယ်လို့မိတ်ဆွေတွေက သတိပေးလာကြပြန်ပါတယ်။

ကျမကို ရန်များမှာ စိုးရိမ်တဲ့စိတ်၊ ပူပင်စိတ်နဲ့ ပြောနေတဲ့ သတိပေးနေတဲ့ သူတွေရဲ့ စေတနာကို နားလည်ပါတယ်။

ကျမရဲ့ အလုပ်ကို ကျမ ပုံမှန်အတိုင်း ဆက်လုပ်သွားဖို့ပဲ စဉ်းစားပါတယ်။ ကျမက သတင်းထောက်တဦးပါ၊ ကျမ သတင်းယူခဲ့တဲ့သတင်းကို ရေးသားဖို့ ကျမမှာ တာဝန်ရှိပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲ သတင်းကို သတင်းတိုအနေနဲ့ကျမရဲ့ အမြင်မပါဘဲ စက်တင်ဘာ ၃ ရက်နေ့မှာ မြစ်မခ မီဒီယာအတွက် သတင်းသီးသန့် ရေးသားခဲ့ပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲနဲ့ပတ်သက်တဲ့ ကျမရဲ့ opinion ကိုတော့ ကျမကရဲ့ facebook မှာ ရေးပါတယ်။ သတင်းရေးသားရာမှာ opinion ထည့်ဖို့ မသင့်ပေမဲ့ opinion ဆောင်းပါးမှာတော့ ကိုယ့်ရဲ့ အမြင်၊ သဘောထားသာမက စိတ်ခံစားမှုကိုပါ ထည့်သွင်းရေးသားနိုင်ပါတယ်။

ခုလည်းကျမရဲ့ အမြင်ကို လွတ်လပ်စွာ ရေးသားခြင်းသာ ဖြစ်ပြီး ပုတ်ခတ်စော်ကားနေခြင်း မဟုတ်တာကိုတော့ ကျမ စာကို ဖတ်တဲ့ သူတိုင်း သိမှာပါ။

ဒီလူကိုတော့ ဒီလို မမြင်ရဘူးလို့ ပြောခွင့်ရှိပါသလား။ ငါတို့အကြောင်းတော့ အကောင်းပဲ ရေးရမယ်၊ ငါတို့ကို ဝေဖန်ဖို့ မကြိုစားနဲ့ လို့ ပြောနေရင် ဒါဟာ ... စဉ်းစားစရာဖြစ်လာပြီ။ ပြီးတော့ လူ့အခွင့်ရေးအတွက် တိုက်ပွဲဝင်နေတယ်လို့ ပြောတဲ့ သူတွေကိုယ်တိုင်ကလည်း ကိုယ်ကိုယ်တိုင်က သူ့အခွင့်အရေးကို တကယ်လေးစား လိုက်နာမှု ရှိဖို့လိုတယ်ဆိုတာကိုလည်း မမေ့လျော့ကြစေချင်ပါဘူး။

ဒီစာကိုလည်း ပြီးဆုံးသည့်တိုင် ရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။

အာအက်ဖ်အေက သတင်းထောက်မေးပြီးတဲ့နောက်မှာတော့ sky net က ရုပ်သံသတင်းထောက် မေထွမ်ရဲ့ အလှည့်ဖြစ်ပါတယ်။ သူမကတော့ အသားညိုညိုနဲ့ အကျီာင်္အနီရောင်နဲ့ ထမီအစိမ်းရောင်ကို ထူးထူးခြားခြားတွဲဝတ်ထားပါတယ်။သူမက ဦးမူးသာကိုမေးချင်ပါတယ်လို့ ပြောပြီး မေးခွန်းကိုစမေးပါတယ်။

မေး။ ။KIAက စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့အစီစဉ်ရှိပါသလား။ နောက်ပြီးတော့ တွေ့ပြီးလို့ ဆွေးနွေးပြီးရင်ရော အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက်ရော ရအောင်ဆွေးနွေးနိုင်မယ်လို့ ထင်ပါသလား။

ဖြေ။ ။ ဦးမူးသာ- ရှိမယ်လို့ ကျနော် ယုံကြည်ထားတာပေါ့လေ၊ ဖြစ်လာတဲ့အခြေအနေပေါ်မှာတော့ ဘယ်သူမှ ပြောလို့မရဘူးပေါ့လေ၊ ကျနော့်ယုံကြည်ချက်အရတော့ ယုံကြည်ထားပါတယ်၊ အဲဒီမှာသွားဖို့ ဆိုရမှာလည်း ကျနော်တို့က လက်ရှိမှာ မြန်မာနိုင်ငံသားမဟုတ်တော့ အစိုးရက ခွင့်ပြုမှသာလျှင် ကျနော်တို့က သွားရမှာပါ။ ဟိုဘက်မှာ ရှိတဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့နဲ့ သူတို့နဲ့သက်ဆိုင်တဲ့သူတွေကတော့ ဟိုဘက်ကတော့ ကျနော်တို့ကို ခင်မင်ပြီးသားပါ၊ ကျနော်တို့နဲ့ငယ်တုန်းက ကျောင်းတက်ခဲ့တဲ့ ညီအကိုတွေကပါပဲ။ သူတို့လည်း ၈ လေးလုံးကနေ ပေါက်ဖွားလာကြတဲ့ သူတွေပါ။

မေထွမ်ပြီးတော့ မေထွမ်းရဲ့ ရှေ့က မဇ္စျိမက သတင်းထောက်ပါ၊ ပြီးရင် ကျမ အလှည့်ဖြစ်ပါတယ်။ ကျမအနေနဲ့ သတင်းစာရှင်းလင်းပွဲ မတိုင်မီမှာ မေးမယ်လို့ ရည်ရွယ်ခဲ့တဲ့မေးခွန်းတွေ ရှိပါတယ်။ ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲမှာမေးရခြင်းဖြစ်တဲ့အတွက် သတ်မှတ်တဲ့အတိုင်း မေးခွန်း ၂ ခုကို ခွဲထုတ်ရပါတယ်။

ကျမ သိချင်တဲ့ မေးခွန်းအချို့ကိုလည်း ရှေ့က မေးတာမှာပါသွားပြီး ဖြစ်ပါတယ်။ လောလောဆယ်အခြေအနေအရ ကျမ မေးချင်တဲ့ မေးခွန်းတွေထဲကနေ ၂ ခုကို နောက်ဆုံးအနေနဲ့ စိတ်ပိုင်းဖြတ်ပြီး ရွေးထုတ်လိုက်ပါတယ်။

ကျမရှေ့က မဇ္စျိမက သတင်းထောက်အလှည့်ရောက်ပါပြီ။

မေး။ ။ အကိုတို့က ငြိမ်းချမ်းရေးကိစ္စလည်းရှိမယ်၊ပြီးတော့ တိုင်းပြည် မြှင့်တင်ဖို့လည်း ကူညီမယ်လို့လည်း ပြောသွားတယ်၊ပြီးတော့ရတဲ့အချိန်ကလည်း ၂၁ ရက်ဖြစ်နေတော့ ကျနော် မေးချင်တာက ၂၁ ရက်အချိန်နဲ့ အမေရိကန်နိုင်ငံသားလည်း ဖြစ်နေတော့ ကူညီဖို့ ဖြစ်နိုင်ပါ့မလား။

ဒီမေးခွန်းကို ဖြေတာကတော့ဦးကိုကိုလေးက ထပြီးဖြေပေးပါတယ်။

ဖြေ။ ။ဦးကိုကိုလေး တကယ့်တကယ်တော့ ကျနော်တို့ ဗီဇာက ၇ ရက်ပဲ အချိန်ရပါတယ်၊ ဒါပေမဲ့ဝန်ကြီး ဦးအောင်မင်းက ၇ ရက်နဲ့ ဘာမှ မဖြစ်နိုင်ဘူးဆိုပြီးတော့ ကျနော်တို့ကို ၂၁ ရက်တိုးပေးလို့ ကျနော်တို့ ၂၁ ရက်နေရတာ ဖြစ်ပါတယ်။ အစိုးရပိုင်းမှာ အစီစဉ်တွေ ရှိပါတယ်။ ကျနော်တို့ရဲ့ ဆွေးနွေးမှုပိုင်းမှာ မူတည်ပြီးတော့ ကျနော်တို့ ဒီမှာ ခဏခဏ၀င်ခွင့်ရအောင် သူတို့ ဆောင်ရွက်ပေးမဲ့ အစီစဉ်တွေ ရှိတယ်၊ပြီးတော့ ကျနော်တို့မှ မဟုတ်ပါဘူး၊ ပြည်ပမှာ အကြောင်းအမျိုးမျိုးကြောင့်ရောက်နေတဲ့ အခြားနိုင်ငံသားတွေကို ပြန်လာပြီးတော့ ဒီမှာ အခြေချပြီး စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်ဖို့ Civil Society တွေ တည်ဆောက်ပြီး ပြည်သူလူထုကို ကူဖို့၊ ခုဏ ဦးမိုးသီးဇွန်ပြောသလိုပဲ ကျနော်တို့ နိုင်ငံက တော်တော်ကြီးကို နောက်ကျ ကျန်ခဲ့တာ။ ပြည်ပက ရှိနေတဲ့ မျိုးချစ်မြန်မာတွေက နည်းပေါင်းစုံနဲ့ ထောင့်ပေါင်းစုံကနေ ၀င်လာပြီး လုပ်မလား၊ ဒီက ပြည်သူတွေကလည်း ၀ိုင်းလုပ်ရမယ်။ ဆိုတော့ ၂၁ ရက်နဲ့တော့ မပြီးနိုင်ဘူး၊ သို့သော် ပြန်လာခွင့်ရအောင် ကျနော်တို့ ဒီမှာ ရေရှည်နေထိုင်ခွင့်ပြုအောင်တော့ ကျနော်တို့လည်း တောင်းဆိုမယ်။ အခု ဒီမှာ ရှိနေတဲ့ မီဒီယာလုပ်နေတဲ့ ညီအကိုတွေနဲ့ ပြည်သူလူထုကြီးကလည်း ကျနော်တို့ကို နေခွင့်ရအောင် ပြောပေးမယ် တောင်းဆိုပေးမယ်ဆိုရင် ကျနော်တို့လို ညီအကိုမျိုးတွေ အချိန်ကြာကြာလာပြီးတော့ ကူညီနိုင်မှာဖြစ်ပါတယ်။ မဖြစ်သေးတာပဲ ရှိတယ်၊ မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး လောကကြီးမှာ ကျနော်တို့ မဖြစ်ဖြစ်အောင် လုပ်ရမယ်။ဒါကတော့ ပထမဆုံး အခေါက်ဆိုတော့ ကျနော်တို့က စွန့်စွန့်စားစားလာရတယ်၊ သေဒဏ်ကျထားတဲ့ သူတွေ ဖြစ်တယ်။ အမိမြန်မာပြည်ကို စွန့်ပြီးတော့ လာတာဖြစ်တယ်၊ ဒါပေမဲ့ ကျနော်တို့တွေ စိုးရိမ်ကြောင့်ကျတာတွေက မနေ့က ၀န်ကြီးတွေနဲ့အခါမှာ ကျနော်တို့ရဲ့ စိုးရိမ်ကြောင့်ကျမှုတွေဟာ ကွယ်ပျောက်သွားတယ်။ သူတို့တွေကလည်း ကျနော်တို့ကို ကူညီပေးမယ်ဆိုတော့ ဒီ ၂၁ ရက်နဲ့တန်အောင် ကျနော်တို့တွေ ကြိုးစားသွားမယ်။

ဒုတိယမေးခွန်းကတော့ မြောက်ပိုင်းက ကျောင်းသားတွေရဲ့ ကိစ္စပဲဖြစ်ပါတယ်။ မြောက်ပိုင်းကိစ္စ ဆိုပြီးစတဲ့ မေးခွန်းတိုင်းကို သတင်းထောက်တွေရော၊ လာရောက်နားထောင်ကြတဲ့သူတွေရော စိတ်ဝင်တစားရှိလှတာလည်း တွေ့ရပါတယ်။

ဒီ သတင်းစာရှင်းလင်းပွဲ မစခင်ကတည်းက မြောက်ပိုင်းကိစ္စဘယ်လို ဖြေမလဲ ဆိုတာကို သိချင်လို့ သေချာ လာနားထောင်တဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မေး။ ။မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ စွတ်စွဲချက်တွေလည်း ရှိနေပါတယ်ခင်ဗျာ၊အဲဒီကိစ္စကို ဖြေရှင်းချက်သော်လည်းကောင်း၊ကြေငြာချက်သော်လည်းကောင်း တစုံတရာထုတ်ဖေါ်ဖို့ ရှိပါသလားကျေးဇူးပါပဲ။

ဒီကိစ္စနဲ့ပတ်သက်တဲ့ အဖြေကိုတော့ ဦးကိုကိုလေးက ဦးထွန်းအောင်ကျော်ကို လှည့်ကြည့်ပါတယ် ဦးထွန်းအောင်ကျော်က ခေါင်းအသာငဲ့ပြီး စ ဖြေပါတယ်။

ဖြေ။ ။ ဦးထွန်းအောင်ကျော်- မြောက်ပိုင်းနဲ့ပတ်သက်လို့က ကျနော်က ABSDF ကို တည်ထောင်ခဲ့တဲ့ ဥက္ကဋ္ဌအနေနဲ့ရှင်းရှင်းလင်းလင်းပြောရရင် အင်မတန်ကို ကြေကွဲဝမ်းနည်းခဲ့ရတယ်၊ ခံပြင်းဒေါသ ထွက်ခဲ့ရတယ်၊ဘာကြောင့်လဲ ဆိုတော့ ABSDF ဟာကျောင်းသား တပ်မတော်ဖြစ်တယ်၊ ကျောင်းသားတပ်မတော်ဟာ ခွပ်ဒေါင်းကိစ္စနဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ ဖွဲ့စည်းခဲ့တဲ့တပ်မတော်ဖြစ်တယ်။ အဲဒီတပ်မတော်ဟာ ဒီလူသတ်မှု ကျူးလွန်တယ်ဆိုတဲ့ ဒီလွဲမှားတဲ့ခေါင်းဆောင်တွေရဲ့ အာဏာရှုးမှုကြောင့် နောက်ပြီးတော့အတွေ့အကြုံ မရင့်ကျက်မှုတွေကြောင့်၊ ကျနော်တို့ ABSDF တွေက အမည်းစက်စွန်းခဲ့ရတယ်၊ ဒါကြောင့်မို့ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့အမှန်တရားပေါ်ပေါက်ရေးကို ကျနော်ကိုယ်တိုင် ဦးဆောင်ပြီးတော့ပါဝင်တယ်။ အဲဒီလို အမှန်တရားပေါ်ပေါက်ရေးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့တယ်၊မြောက်ပိုင်းကိစ္စနဲ့ပတ်သက်လို့ ခံခဲ့ရတဲ့ အသက်မသေပဲ ကျန်ခဲ့ရတဲ့ လူတွေနဲ့လည်း ကျနော်တို့ ထဲထဲဝင်ဝင် အဆက်အသွယ်ရှိပါတယ်။ သူတို့ မိဘတွေကသူတို့သားသမီးတွေရဲ့ ဂုဏ်သရေကို ပြန်ဆယ်နိုင်ဖို့ ပြည်သူတွေကြားထဲမှာ သူတို့သားသမီးတွေဟာ တော်လှန်ရေးထဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေ ဖြစ်တယ်ဆိုတာမျိုးဖြစ်နိုင်ဖို့၊ အသိအမှတ်အပြုခံရဖို့ကို ကျနော်တို့ ကြိုးစားပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်။

အဲဒီအချိန်မှာပဲ တီရှပ်အမည်းရောင်ဝတ်ထားတဲ့ ABSDFက ရဲဘော်ဟောင်းတဦးလို့ သိရတဲ့ အမျိုးသားတဦးက တန်းစီခြင်းမရှိဘဲ တန်းစီနေတဲ့သူတွေကိုတိုးဝှေ့ပြီး ရှေ့ဆုံးကိုရောက်လာပြီး မေးခွန်းမေးဖို့ပြင်ဆင်ပါတယ်။

သူ့ကို အခမ်းအနား စီစဉ်နေတဲ့ သူတွေကလည်း သူ့ကို တန်းစီပြီးမှ မေးပါလို့ ပြောကြတယ်၊ အဲလို ပြောလိုက်လို့ စိတ်ဆိုးပြီး အခန်းထဲကနေ ၀ုန်းဒိုင်းကျဲပြီး ထွက်သွားတယ်။ ပါးစပ်ကလည်း မင်းတို့တွေဘဲမေး၊ ဒီပွဲမှာငါတို့ကရောမေးခွင့်မရှိဘူးလားလို့ အော်ဟစ်ရင်း ပြောသွားခဲ့တယ်။

တကယ်တော့ သူ့ကို မမေးနဲ့လို့ ဘယ်သူကမှ တားတာ မဟုတ်ပါဘူး။ မေးပါ ဒါပေမဲ့ တန်းစီပါ၊ ရှေ့ကလူတွေကလည်း တန်းစီပြီးကိုယ့်အလှည့်ရောက်မှ မေးတယ်၊ အဲလို စနစ်တကျနဲ့ တန်းစီပါလို့ ပြောတာကို လက်မခံနိုင်ဘဲ ဒေါသထွက်ပြီးပေါက်ကွဲသွားတာကိုတွေ့ရတော့လည်း အံ့သြမိပါတယ်။

ဒီမိုကရေစီလို့ ပြောတဲ့ သူတိုင်းဟာ ဒီမိုကရေစီဆိုတာကို တကယ် နားလည် ထားရဲ့လား။

လူ့အခွင့်ရေးလို့ ပြောပြီး လူ့အခွင့်ရေး ချိုးဖောက်နေတာတွေကရော...။

လူ့အခွင့်ရေးဟာ ကိုယ့်အခွင့်ရေးပါ၊ သူ့အခွင့်ရေးတော့ မဟုတ်ဘူးလို့များ နားလည်ထားကြသလား။ ကျမ ခေါင်းထဲမှာလည်းအတွေးတွေ မေးခွန်းတွေနဲ့ပါ။

ဒီတခါမေးရမှာကတော့ ကျမ အလှည့်ပါ၊ ကျမကိုယ် ကျမ မိတ်ဆက်ပြီးမှမေးခွန်း ၂ ခုမေးဖို့ ခွင့်တောင်းပါတယ်။

မေး။ ။ အကိုတို့ကို မေးခွန်း ၂ ခုမေးချင်ပါတယ်။ အကိုတို့ ပြောစကားအရ ဆိုရင် မြန်မာပြည် ခုလို ပြောင်းလဲလာအောင် ပြည်ပနိုင်ငံမှာ နေထိုင်ပြီး မြန်မာပြည် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့တယ်လို့ ပြောပါတယ်၊ ကျမ တခုလောက်မေးချင်ပါတယ်။ ဘာကြောင့်တိုက်ပွဲဟာ ၂၄ နှစ်ကြာခဲ့ရတာပါလဲရှင့်။

ကျမ မေးခွန်းကိုတော့ ကိုရင်အေးက ဖြေပါတယ်။

ဖြေ။ ။ ကိုရင်အေး- ကျနော်တို့တွေ လိုအပ်သလောက်ကို မစွမ်းဆောင်နိုင်လို့ပါ။ ရှင်းပါတယ်။ ကျနော်တို့အားလုံးရဲ့စွမ်းဆောင်ချက်တွေဟာ အောင်မြင်မှု ရဖို့အတွက် လျော့နည်းနေခဲ့လို့ပါ။ ဒါကို ကျနော်တို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ၀န်ခံရတာဖြစ်ပါတယ်။

ဒုတိယမေးခွန်းကတော့ ပြည်တွင်း၊ ပြည်ပက ABSDF အဖွဲ့ဝင်တွေထဲမှာ ရိုဟင်ဂျာတွေ ပါဝင်ပါသလား။ကျေးဇူးတင်ပါတယ်။

ဒုတိယမေးခွန်းကိုလည်း ကိုရင်အေးကပဲ ဆက်ဖြေပါတယ်။

ဖြေ။ ။ ရိုဟင်ဂျာတယောက်မှ မပါဘူး။

အဲလိုဖြေပြီးတော့ ကိုရင်အေး၊ ကိုရွှေစင်ထွန်းတို့က ပြုံးကြတယ်။ ဘာကြောင့် ပြုံးရယ်ကြသလဲ ဆိုတာကတော သူတို့ပဲ သိပါလိမ့်မယ်။

တကယ်လို့ ကျမမှာသာ ဆက်မေးခွင့်ရခဲ့ရင်လည်း နောက်ဆုံးတွဲမေးချင်တာတွေလည်း ရှိနေပါသေးတယ်။ ကျန်တဲ့ မေးခွန်းတွေကိုတော့ တကယ်လို့များ သတင်းစာရှင်းလင်းပွဲ ပြီးသွားလို့ ကိုမိုးသီးဇွန်ကို အင်တာဗျူးခွင့်တောင်းပြီး မေးမယ်လို့ စဉ်းစားထားပါတယ်။

နောက်တဦးကတော့ The Trade Time ဂျာနယ်ကပါ။ မဟာနဖူးနဲ့ အကျီာင်္အမည်းရောင်ဝတ်ထားပါတယ်။

မေး။ ။ABSDF က ခေါင်းဆောင်တွေဟာ လက်ရှိမှာ နိုင်ငံခြာသားတွေဖြစ်နေကြတော့ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေ ပွင့်လင်းနေတဲ့ အချိန်အခါမှာဘယ်လိုရပ်တည်ပြီးတော့သွားမလဲ။ နောက်ဒုတိယက တော့ မြောက်ပိုင်းကိစ္စတွေ က တော်တော်နာမည်ကြီးတဲ့အခါကြတော့လေသမ္မတနဲ့တွေ့တဲ့အချိန်မှာ ဘယ်လိုဖြေရှင်းမလဲ ဆိုတာသိချင်ပါတယ်။

ဖြေ။ ။ကျနော် သမ္မတနဲ့ တွေ့တဲ့အခါမှာ ဆွေးနွေးပါမယ်။ ဒီမှာ ဥပဒေရှိပါတယ် ကျနော်တို့ ဒီလိုလာခဲ့တယ် ဆိုတာ ကျနော်တို့ တိုင်းပြည်မှာ အဓိက အရေးကြီးဆုံးက ပြည်တွင်းစစ်ကြီးရပ်ဆဲဖို့ လိုတယ်၊ တနေ့ကို တပ်မတော်သား ၅ ယောက် ကျဆုံးနေပါတယ်။ တိုင်းရင်းသား ညီအကိုတွေလည်း ရာနဲ့ချီပြီး ဆုံးနေပါတယ်။ ဒုက္ခတွေရောက်နေပါတယ်။ ပြည်တွင်းစစ်ကြီးကို ရပ်ဆိုင်းဖို့ လာခဲ့ကြတာပါ၊ သက်ဆိုင်ရာ လူကြီးတွေကိုတင်ပြပါမယ်လို့ ကျနော့်အနေနဲ့ ဒါပဲ ပြောချင်ပါတယ်။

အဲဒီမေးခွန်းကိုပဲ ဦးထွန်းအောင်ကျော်က ထပြီး ဆက်ဖြေပါတယ်။

ဖြေ။ ထွန်းအောင်ကျော်- ခုဏ ကိုမိုးသီးဇွန်လည်း ပြောသွားပြီးပါပြီ။ ကျနော်တို့အနေနဲကလည်း PR –( Permanent Resident) ရအောင် လုပ်ပေးမယ်လို့လည်း လူကြီးတွေကလည်း ပြောသွားတယ်။ ခင်ဗျားတို့လို ပညာတတ်တွေ လိုတယ်၊ ကျနော်တို့ တိုင်းပြည်မှာ ရှင်းရှင်း ပြောရရင်တော့ capacity ရှိတဲ့သူတွေ နည်းနေတယ်။ ၀ိုင်းကူကြဖို့ပါ၊ ခင်ဗျားတို့ ဒီမှာလာပြီးတော့လည်း PR ရအောင် ကျနော်တို့ ကြိုးစားနေပါတယ်လို့ ဆိုတယ်။ ကျနော်တို့ ဘယ်လိုသွားမလဲ ဆိုတော့ အဲဒီလို တရားဝင်နေထိုင်ခွင့်ရတဲ့ အချိန်မှာ ပိုလုပ်နိုင်မယ်။ ကိုကိုလေး ပြောသွားသလိုပေါ့ ၂၁ ရက်အတွင်းမှာ ၂၁ ရက်နဲ့ တန်အောင် ကျနော်တို့ကြိုးစားမှာဖြစ်တယ်။ ABSDF နဲ့ပတ်သက်လို့လည်း အခုခေါင်းဆောင် ကိုသံခဲတို့လာရောက်တဲ့အခါမှာ ခင်ဗျားတို့ မေးနိုင်ပါတယ်။

နောက်တဦးကတော့အမျိုးသမီးတဦးပါပဲ။ ဘယ်ဂျာနယ်က ဆိုတာကို ကြေငြာသွားတာတော့မသိလိုက်ရပါဘူး။

မေး။ ။ အမေရိကန်နိုင်ငံသားဆိုတဲ့ အခြေအနေကိုစွန့်ပြီးတော့မြန်မာနိုင်ငံသားဖြစ်အောင်လုပ်ဖို့ အချိန်ဘယ်လောက်လောက်ကြာမလဲရှင့်။

ဖြေ။ ။ ဦးကိုကိုလေး- ကျနော်တို့ကလေ ကျနော်တို့ရဲ့ ဆန္ဒနဲ့ဖြစ်နေတာပေါ့နော်၊ လက်ရှိ အစိုးရရဲ့ အနေအထား သဘောထား၊ လက်ရှိ ဥပဒေ အဲဒီပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့ တွေကတော့ ရောက်လာပါပြီ၊ တုန်းတိုက်တိုက်ကျားကိုက်ကိုက်ပါ၊ ကျနော်တို့ဘက် အခြမ်းကတော့ပြီးပီလို့ထင်ပါတယ်။

နောက်တဦးကတော့ ဆံပင်ကိုစည်းထားတဲ့ တီရှပ်ဝတ်ပြီး ကျောပိုးအိတ်လွယ်ထားတဲ့ သတင်းထောက်တဦးပါ။ အမည်ကိုတော့ကျမ မသိပါဘူး။

မေး။ ။ မြောက်ပိုင်းကိစ္စအတွက် တခုခုများ သမိုင်းအမှန်ကို ဖော်ထုတ်ဖို့အတွက် အားလုံးညှိုနှိုင်းပြီး သမိုင်းမှန်ကို ချန်ခဲ့နိုင်မလား။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မိတ်ဆွေများကို လေးစားခင်မင်လျက်ပါ

မေသင်္ကြန်ဟိန်(မြစ်မခ)

Myanmar Express

3 comments:

ဘာ ဆောက် ဆင့် ရှိ လို့ ကယ် တင် ရှင်
ကြီး လေ သံ တွေ နဲ့ ဆောက် ရှက် မ ရှိ
ဖင် ခေါင်း ကျယ် ပြီး လျှောက် ပြော နေ တာ လည်း?????
ပြည် တွင်း မှာ ဒုက္ခ ခံ ပြီး နိုင် ငံ ရေး လုပ် တဲ့ သူ တွေ
ကို အား နာ ပါ ဦး ကွာ။

မင်းတို့တွေ မေးတာဖြေတာကို ပိုက်ဆံအကုန်ခံပြီး ဖတ်တာကမင်းတို့တွေကိုလေးစားလွန်းလို့ထင်မနေနဲ့ မင်းတို့တွေက ဒီကိုစွန့်စားပြီးလာရတယ် capacity building ပိုင်းအားနည်းတယ် ငါတို့ကူမှရမယ် သိပ်ထင်မနေနဲ့ကိုယ့်ကို ကို တကယ်မလုပ်သေးလို့ဘာမှမဖြစ်သေးတာပါ တကယ်ပိုက်ဆံအကုန်ခံပြီး လုပ်ရင်ခဏပါ မင်းတို့တွေဝင်မပါနဲ့ဝင်မရှုပ်နဲ့ တကယ့်professional တွေကိုပိုက်ဆံပေးပြီး train ခိုင်းရင် ရတယ် မင်းတို့ပြည်ပရောက်နေတဲ့ နိုင်ငံ့ကိုယ်ကျိုးရေးသမား တွေကို ငါတို့တွေက နိုင်ငံရေးသင်္ချိုင်း ရောက်ပြီးသူတွေလို့သတ်မှတ်တယ် လူမသေခင်ကနာမည်သေပြီးသားပါ ပြီးတော့ပြောသေးတယ်မင်းတို့က လုံခြုံမှုမရှိလို့မလာရဲ သေးတာ လုံခြုံမှလုပ်တယ်ဆိုတာအခွင့်အရေးသမားတွေအလုပ်ကွ မင်းတို့အခြေစိုက်တဲ့နိုင်ငံကိုပြန် ဒုက္ခသည်အမည်ခံပြီး မြန်မာပြည်ပြန်ခဲ့ ဒါဆိုမင်းတို့လိုချင်တဲ့ P.R ရမယ် ဒီအတောအတွင်းကိုယ်ကျင့်တရား ကောင်းမှ citizen အသနားခံလျှောက်ကြည့်ပေါ့

I really like 2nd Anonymous comment, they under estimate now a day Myanmar people's knowledge and talents, they forget things are totally changing, today Myanmar is not as same as last 24 years. Many of Myanmar youths are smarter and more educated than these "More Theezon group", many Myanmar people are much much wealthier, richer than them, they live in United States and working low jobs and they are not supposed to come and tell in Myanmar as they will be saviors in Myanmar, actually they are nothing and too much big mouths, shame on them, it's so funny.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်