တပ်မတော်အတွင်း စစ်မှုထမ်းဆောင်လျက်ရှိသည့် အရွယ်မရောက်သေးသူကလေးသူငယ် ၄၂ ဦးကို စစ်မှုထမ်းဆောင်ခြင်းမှနုတ်ထွက်ခွင့်ပြုခဲ့ပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံမှုကို ယနေ့(စက်တင်ဘာ ၃ရက်)တွင် ရန်ကုန်မြို့ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်ခဲ့သည်။ တပ်မတော်မှနုတ်ထွက်ခွင့်ပြုလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ အရွယ်မရောက်သေးသူကလေးသူငယ်များ မြန်မာ့တပ်မတော်တွင် စစ်မှုထမ်းခြင်းမှကာကွယ်ရန်နှင့် အသက်မပြည့်သေးသောတပ်သားသစ်များ လွတ်မြောက်ခွင့်ပြုရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂတို့အကြား သဘောတူလက်မှတ်ရေးထိုးမှုကို ပြီးခဲ့သည့်ဇွန်လအတွင်းက ပြုလုပ်ခဲ့သည်
ထိုးပွဲသို့ UN,UNICEF,ILO စသည့် အဖွဲ့အစည်းများ နှင့် တပ်မတော် မှ တာဝန်ရှိသူများ ၊ စစ်သည်များ ၊ ၄င်းတို့ ၏ မိဘများနဲ့ ပြည်တွင်းပြည်ပ သတင်းထောက်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်