Subscribe to our RSS Feed

၈၈၈၈ ရုံးခန်းမှာ ညစာစားခဲ့သော ကြောင်စုန်းကြီးများ (သို့) နောက်ဖေး အိမ်မလွယ်ပေါက်မှ လာသောဧည့်သည်များ

From : အေးအေးစိုးဝင်း

မြန်မာတွေ လိုက်လျှောသည်းခံ အားနာတတ်တဲ့စိတ်က ကမာ
္ဘကျော်သည်။ နိုင်ငံများစွာကို သွားနိုင်အောင် ချိတ်ဆက် ထားသော ခရီးရှည် ရထားများကို အစုန်အဆန်စီးပြီး ခရီးသွား ရထားဆောင်းပါးများဖြင့် ကမ္ဘာကျော်ခဲ့သော ပေါလ် သရိုးက သူရောက်ဖူးသမျှ နိုင်ငံတွေအားလုံးထဲမှာ မြန်မာပြည်က လူတွေလောက် ဒုက္ခကို ခါးစည်းခံနိုင်တဲ့လူမျိုး မတွေ့ ဖူးသေးဟု ပြောဖူးသည်။ ဤဆောင်းပါးသည် ရထားအကြောင်းမဟုတ်။ ရထားတွေစီးရင်း ဘ၀တက္ကသိုလ်ခရီးသွားတဦး ဖြစ်လေသည့် ပေါလ်သရိုး အကြောင်းမဟုတ်။ မြန်မာပြည်က ရထားဝန်ကြီးနှင့် အခါခါလက်ဝါးရိုက်ပြီး ပြည်တွင်းပြန် ရောက်နေသော ကြောင်စုန်းကြီးအချို့က၊ သူတို့နှင့် လားလားမဆိုင်သော ၈၈၈၈ ရုံးခန်းကို အိမ်နောက်ပေါက်က၀င်ကာ တိုင်းပြည်နှင့် အတိုက်အခံ လောကကို ရည်ရွယ်ချက်ကြီးတွေဖြင့် အကွက်ချ ဆက်ဖျက်ဆီးမည့် လူ့ကပ်ပါး ဖေါက်ပြန် ရေးသမားများတို့အကြောင်း ဖြစ်သည်။

ကိုမိုးသီး၏ ဆန်ဇေးရှင်းနယ်အချိန် ဆိုက်ရောက်ခြင်း Sensational Week

သူကတော့အများသိပြီးဖြစ်တဲ့အတိုင်းပွဲဆူစေသည်။ ဆန်ဇေးရှင်းနယ်ဖြစ်စေအောင် နေတတ်ထိုင်တတ် ပြောတတ်ပါ သည်။ သူအနေအထိုင်မတတ်၍ ၈၈၈၈ သမိုင်းနှင့်ဝေးသောသူများကပင် သတင်းစောင်ရေများအောင်၊ သူ လက်လှုပ် ခြေလှုပ်လေးတွေကအစ တခုတ်တရ ဆောင်းပါးရေးကြသည်။ (တခါမှ ကြမ်းကြမ်းတမ်းတမ်း မဝေဖန်ဖူးသော သူုတွေ ကပါ ဆွမ်းကြီးဝင်လောင်းကြသည်) လေသာပြူတင်းမှာ ရပ်၍ မိန့်ခွန်းလည်း ချွေတတ်သည်။ လူတွေက သူ့အကြောင်း လိုက်ကြရေးကြသည်။ ဒီိတော့ နိုင်အောင်၊ သောင်းထွန်း၊ ဇော်ဦး အညစ်ပတ်ဆုံး ခြေကြီးလက်ကြီးများက ပျောက်နေ သည်။

ပိုပြီးညစ်ပတ်လေသည့် လေဘာ ပြည်သစ်ညွန့်ဝေ (၀ါ) မောင်မောင်ကြီးကလည်း ခပ်ကုတ်ကုတ်နဲ့ ဒီနေ့ ရောက်လာ သည်။ မိချောင်းမျက်ရည်လား ဘာလား တစ နှစ်စ သောမျက်ရေ သူ့မျက်ဝန်းမှာတွေ့လိုက်ပါသေးရဲ့။ အို.. ၀ိုင်းတော် သားတို့ စုံကြပြီ။ သူတို့ကလဲ ခေသူတွေမဟုတ်။ ၀ူးဝူးဝါးဝါး အော်ဆဲချင်သူတွေ၊ ဉာဏ်နိမ့်သော သူတွေကို မိုးသီးနှင့် လွှတ်ပေးထားပြီး သူတို့က သီးသန့် ကြံနေကြသည်။ မီဒီယာကလည်း နိုင်အောင်ကို သက်သာစေသည်မို့ နဲနဲတော့ အံ့သြမိသည်။ သတင်းထောက်ဆိုတာ လူတကာသိပြီးသားတွေကို စာစီပေဖွဲ့နေမဲ့အစား၊ အဖုံးအုပ်ထားတဲ့ အိုးထဲက အရာတွေကိုသာ လူတွေတွေးမိအောင် စဉ်းစားမိအောင်ရေးပြသင့်သည်ဟု ယူဆထားပါသည်။ ပြည်တွင်းမှာ ဘယ်တုန်း ကမှ ပရိတ်သတ်မရှိသူတို့က သူတို့ ခြေရွှေ့ကွက်တွေကို အထူးညက်ညောစွာ ဆင်ထားနိုင်ကြသည်။ အချောင်သမား တစုက ၈၈၈၈ အားလုံးကို တလွှာစီ တစစီ ဖျက်စီးဖို့ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်လေမည့် အကြံကြီးဖြစ်သည်။ အန္တရာယ်အစစ်ကို ပြည်သူတွေကို ပြောမှဖြစ်မည်ဟု ယူဆသောကြောင့် ဒီစာရေးဖြစ်သည်။

အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်၊ ကြောင်စုန်းကြီးတို့ ခြေဖျောက်ဝင်၊

အေဘီ မြောက်ပိုင်းစခန်း လူသတ်မှု များအကြောင်း စုံလင်စွာထွက်လာသည့် အချိန်ကစလျှင် ခု ၉လ နီးပါးရှိပြီ။ လူ သတ်သမားတွေ၏ လက်တွေခြေတွေကို ခိုင်ခိုင်တုပ်နိုင်သော အခြေအနေသည် ရာသီရောက်၍ ပေါ်လာသည့် အခွင့်အ ရေးမဟုတ်။ ရာဇ၀တ်မှုကြီးများကို စိမ်ပြေနပြေ ကျူးလွန်ထားပြီးလျှင်၊ ရာဇ၀တ်မှုမြောက်ပြီးသား ဖြစ်နေပြီး၊ ရင်မဆိုင် လိုသော ရာဇ၀တ်သားက တွန့်ဆုတ် ရှောင်ပြေး၊ ပတ်လည်ပြေး တပြေးထဲပြေးနေရသရွေ့ မှန်ကန်သောသူတွေဖက်က စိတ်ဓါတ်အရနိုင်ပြီးသားဖြစ်သည်ဟု တွက်လို့ရသည်။ သို့သော် ရာဖ၀တ်သားက သူဆက်ပြေးလို့မရတော့ဘူးလို့ သိသွား လျှင် လိုက်သောသူတွေဖက်ကလည်း မြေခွေးလိုက်ပွဲကို မရပ်သေးဘူးဆိုလျင်၊ မျက်နှာချင်းဆိုင်ဆုံရမဲ့အချိန် တခုမကြာ ခင်ကြုံရတော့မည်ဟု ထင်မိသည်။ ဤအချိန်နေရာကိုရောက်လျှင် သစ္စာသမားတွေကို တနည်းနည်းဖြင့် တရားစောင့် သော နတ်က ကူညီလိမ့်မည် ယုံဆဲဖြစ်သည်။

သူတို့ကို မရသေးတာက အချိန်မသင့်သေးတဲ့ အပိုင်း ကတပိုင်း၊ သူတို့မှာအကာအကွယ်တခုခု ရထားလေသလားဆိုတဲ့ အပိုင်းကတပိုင်း ဖြစ်နိုင်သည်။ ပြောင်းမရတဲ့ ခိုင်မြဲနေမဲ့ အမှန်တရားကို အခွင့်အရေး အခွင့်အလန်းလို့ မြင်လို့မဖြစ်။ ခု အခွင့် ရှိရှိ မရှိရှိ အမှန်က အမှန်အတိုင်းပဲ သမိုင်းမှာတည်နေမှာ ဖြစ်သည်။ ဒါကြောင့်ပဲ လူ့ကပ်ပါး။ လူသတ်သမားတို့ သည် ၈၈၈၈ ရုံခန်းအတွင်းကို နောက်ဖေးပေါက်က ၀င်သွားခြင်း ဖြစ်သည်။ မည်သည့်သတင်းထောက်က ဒီအိမ်နောက် ဖေးမှာ ဈေးဆိုင်တည်မည့် သူတွေအကြောင်း ရီရအာင် ဖွဲ့ဖွဲနွဲ့နွဲ့ မပြော၍ နဲနဲအံ့အားသင့်မိသည်။

လူတွေအများကြီးသတ်ခဲ့သော အေဘီ ဥက္ကဋ္ဌဟောင်း နိုင်အောင်က က ၈၈၈၈ ရုံးခန်းကို နောက်ဖေးပေါက်က တက် သည်။ အကြံပေး သောင်းထွန်းက ကိုမင်းကိုနိုင် အတွက် ဆုတခုယူလာပြီး ပီအာလုပ်ပြသွားသည်။ ဦးကိုကိုကြီး၊ ကိုမင်း ကိုနိုင် တို့က သောင်းထွန်း၊ နိုင်အောင်နဲ့အတူ မနေ့က ၈၈၈၈ ရုံးခန်းမှာ ညစာတူတူစားကြသည်ဟုကြားလိုက်ရသည်။ သူတို့ထိုင်သွားတဲ့နေရာကို နို့နဲ့ တောင်ဆေးချင်တယ်လို့ လူငယ်လေးတယောက်က သူ့ခံစားချက်တွေကို သူ့အီးမေးထဲမှာ ပြောသည်။ ၈၈၈၈ ရုံုးခန်းနောက်မှာ ခိုးချောင်ခိုးဝှက် ဈေးဆိုင်တည်မဲ့ သူတွေမို့ သူတို့က အကြိမ်ကြိမ်လာမှာ။ဒီတော့ ခဏခဏ နို့တွေနဲ့ဆေးနေရမှာပေါ့လို့ ခပ်ပေါ့ပေါ့ပဲ ပြန်ပြောလိုက်သည်။

ဤသို့ဖြင့် ကြောင်စုန်းကြီးများ သည် ၈၈၈၈ အိမ်နောက်ဖေးက ၀င်ခဲ့သည်။ ပြီးတော့ ခြေဖျားထောက်ပြီး သားကောင်ရှာ သကဲ့သို့ ညင်ညင်သာသာလေး ၀ပ်ဝပ်လေး ဂုတ်လျို မျက်လုံးဒေါင့်ကပ်ကြည့်ပြီး ၀င်သွားကြတော့သည်။ (ကြောင်စုန်း ကြီးတွေ အ၀င်ကျွမ်းလေ၍ ဟိုတယောက် ကိုမိုးသီး လိုလည်း အဆဲမခံရ။) ကံက ကောင်းလေတော့ ကြောင်စုန်း နိုင်အောင် သောင်းထွန်း တို့က မီဒီယာစက်ကွင်းမှာ လုံးဝ အဆဲမခံရဘဲ၊ ၈၈၈၈ ထိပ်သီးတွေနဲ့ ညစာတောင်တူတူ စား လိုက်ရသေးသည်။ အမေရိက က လာတာချင်းအတူတူ ဟိုအုပ်စုနဲ့ တမူထူးကာ သူတို့က ရောင်းစရာအိုင်ဒီယာတွေကို လူမမြင်ရတဲ့ အိတ်မဲကြီးထဲ ထည့်ယူလာပုံရသည်။ အမြတ်ထွက် နိုင်ငံရေးဈေးကွက် အစီအစဉ်တွေကို ဒီိကြောင်စုန်း ၂ ကောင်က အကွက်တွေ ဇယားတွေနဲ့ ချပြရန်ရှိသည်။ ကိုမင်းကိုနိုင်တို့ သဘောကောင်းပုံကတော့ စာဖွဲ့လောက်ပါသည်။ လူသတ်သမားတွေနဲ့ တွဲထိုင်ရသည်။ သူတို့က နိုင်ငံခြားပြန်ဆရာကြီးတွေဆိုတော့ ပွင့်လင်းအဖွဲ့အစည်းတွေအတွက် နိုင်ငံခြားက ငွေရမဲ့နေရာတွေကို သောင်းထွန်းနဲ့ လူသတ်သမားနိုင်အောင်က ကြိုးကိုင်ပြီး ၈၈၈၈ ကို အကူအညီိပေးမယ် ဆိုပဲ။ ဤသို့ကြားနာလိုက်ရပါသည်။

အစိုးရထက်တောင် ကွက်ကျော်ရိုက်နိုင်၍ ဗူးတလုံးဆောင် အိုအောင်မဆင်းရဲ၊ အပြစ်မရှိချင်ယောင်ဆောင်နေသော လူ သတ်သမားနိုင်အောင်၊ အခါပေး ဦးပုံည သောင်းထွန်း၊ ကပ်ပါးဇော်ဦးတို့ ရောင်းဝယ်မည့်ပစ္စည်းက အထူးအဆန်းမဟုတ်။ ပွဲဦးထွက် မားကက်တင်းန် marketing လုပ်သွားသော နေရာ၊နှင့် အချိန်ကိုက်မှုကိုသာ နဲနဲ အံ့သြမိသည်။

ပြတ်သားသော ကိုကိုကြီး

ရခိုင်ကိစ္စ ဦးကိုကိုကြီး ဘယ်လို ပြောခဲ့တယ်ဆိုတာ မှတ်မိနေပါသေးသည်။ ရခိုင်အရေးမှာ ပြည်သူလူထု နှလုံးသည်းပွတ် ထိအောင် စိတ်ဆင်းရဲခဲ့ရသည်။ ထိုအချိန်မျိုးတွင် ဦးကိုကိုကြီးက ပြည်သူလူထုအတွက် အားကြီးသော အသံတခုပေးခဲ့ သည်။

ကိုမိုးသီး လာမဲ့နေမှာ စီ နီယာ ၈၈၈၈ များက ကြိုသင့် မကြိုသင့် အလွတ်ပြောပြောကြရင်း အချင်းချင်း ဆွေးနွေး ကြ သောအခါ ဦးကိုကိုကြီး၏ စကားသံကအလွန်ပြတ်သားလှပါသည်။ ဦးမင်းဇေယျာကြီးက ကိုမိုးသီးကို ပုဂ္ဂိုလ်ရေး သံယော ဇဉ်ဖြင့်သွား ကြိုရင်ကောင်းမလားဆိုပြီး အလွတ်ပြော၊ ပြောခဲ့ဖူးသည်။ ဦးကိုကိုကြီး ၏ ပြတ်သားသောစကားတခွန်း ကြောင့် ဘယ်သူမှ သွားမကြိုရဲကြ။ (နိုင်အောင့်မှာ ပြည်တွင်းပရိသတ်မရှိ။ နိုင်အောင်ကို ကြိုသင့်မကြိုသင့် ဘယ်သူမှ စကားထဲ ထည့်ပြောစရာမလို။) ဒါပေမဲ့ ဦးကိုကိုကြီး ပြတ်သားလိုက်ပုံများ၊ ကိုမိုးသီး သူငယ်ချင်းတောင် မချန်ထား၊ ဤ သို့ဆိုခဲ့သည်။ မိုးသီး ထွက်သွားတုန်းက သူ့သဘောနဲ့သူ ငါတို့ အားလုံးက ၀မ်းနည်းပေးခဲ့ရတယ်။ ခု ပြန်လာပြန်တော့ လည်း သူသဘောနဲ့ သူ။ ဒီတော့ သူ့အတွက် ငါတို့တွေ ၀ိုင်းပြီး ၀မ်းသာပေးဖို့ အချိန်မရှိဘူးလို့ ဆိုခဲ့သည်။ ဒီိလို ပြတ် သားခဲ့တဲ့ ကိုကိုကြီး က serial killer စီရီရယ်ကေးလာ နိုင်အောင်၊ သူ့ အကြံပေးသောင်းထွန်း တို့နဲ့ ညစာတူတူစားတာ ကြားရတော့ နဲနဲတော့အံ့သြမိပါသည်။

နိုင်အောင့် မိန်းမ ပို့ထားသော သိန်း ၆၀၀

ပွင့်လင်း ရုံးထူထောင်ရေးအစမှာ နိုင်အောင်က သူ့မိန်းမကတဆင့် သိန်း ၆၀၀ ကို ၈၈၈၈ တွေအားလှူသတဲ့။ ထိုပမာဏ အတွက်တော့ ပြည်တွင်းက ၈၈၈၈ စီနီယာအုပ်စုသည် သူတို့မူကို တော်ရုံနဲ့ပြောင်းရန် အကြောင်းမရှိ။ ပွင့်လင်းကာလ ဆိုတော့ ပွင့်လင်းရပေမဲ့၊ သူတို့ရပ်တည်နေရသော အနေအထားအရ ဘယ်လိုနည်းနဲ့မှ ၈၈၈၈ စိနီယာအုပ်စုသည် လာ တွေ့သောသူတွေကို နှင်ချလို့မရ။ ထူးဆန်းတာက ကြောင်စုန်းကြီး ၂ ကောင်က သူတို့ ကြောင်စုန်းဆိုတာကို မေ့မေ့ လျော့လျော့ ဖြစ်နေသောသူတွေကြားမှာ They were having a good time ဆိုတာပဲ ဖြစ်သည်။

ပရိတ်သတ်က နဲနဲ စိတ်ရှုတ်ထွေးနားမလည်နေတဲ့အချိန်မှာ ကြောင်စုန်းကြီး၂ကောင်က ပြုံးနေသည်။ ဥရောပနှင့် အမေ ရိကန် အစိုးရစီက တရားဝင် ထောက်ပံ့ကူညီငွေတွေအတွက် ဦးသောင်းထွန်း က တာဝန်ယူမည်။ နိုင်ငံတကာက လာမဲ့ အန်ဂျီအိုတွေ ဒေါက်တာ နိုင်အောင်က ဦးစီးမည်။ ဗဟု က တဆင့် နေပြည်တော်ကို ဇော်ဦး ပဉ္စမံ ခံတပ်ဖြင့် ၀င်စီးထားပီး သား။ ရန်ကုန်က ၈၈၈၈ စီနီယာကြီးတွေကိုရလျှင် ပွဲပြတ်ပြီလို့ အချင်းချင်း အီးမေးပို့ ကြွားနေကြသည်။ ၈၈၈၈ အချင်း ချင်းကြားမှာတောင် ကိုမိုးသီးကို အရူးဆိုပြီး ဇော်ဦးလို ကီးမာစတာက ဖြုတ်ထားပြီးသားဆိုပြီး၊ ၀င့်ဝါနေကြသည်။ အလွန် ညစ်ပတ်သော ခြေထိုးပွဲတွေ မစခင်မှာကို ဇော်ဦးက အချိန်မစိသေးဘဲ ကြိုအောင်ပွဲခံချင်နေတဲ့အသွင်ဆောင်တဲ့ အီးမေး တွေက ၀င်နေသည်။ ကိုမင်းကိုနိုင် ကတော့ အသံတိတ်နေလေတော့၏။

(စိတ်ပူရန် စောလွန်းပါသေးသည်။ ဦးကိုကိုကြီး၊ ကိုမင်းကိုနိုင် ၂ ယောက်လုံး ဒီလောက် စိတ်ဓါတ်မပျော့လောက်တန်ရာ သောင်းထွန်း နဲ့ နိုင်အောင် ပြောချင်တဲ့သူက အတင်းကြီးပြောလေတော့ နိုင်ငံတကာက အန်ဂျီအိုတွေ ခေါ်လာပေးမယ် ဆိုတဲ့စကားနဲ့ ဘယ်လောက်ပဲ ဝေေ၀ဆာဆောတွေ မက်လောက်အောင်ပြောနေသည့်တိုင်၊ ထိုင်နားထောင်နေရေးသည် အစားအစာပါသော ညစာ စကားဝိုင်းတွင်သိပ်ခက်ခဲလှတာမဟုတ်၊ ဒေါက်တာနိုင်အောင် ၏ တို့ဆေးမှာ ၈၈၈၈ စီနီနိယာ ကြီးတွေက မတိုးနိုင်လောက်အောင် ဆေးပြီးပြီးသားဟု စာရေးသူက တွက်ထားပြီးသား ဖြစ်ပါသည်။)

ငမိုးရိပ်မြေကွက်ကြီးမှာ လူစုံပြီ။

သင်ကန်းကျွန်းငမိုးရိပ်က မြေကွက်ကြီးကို ၁၉၉၁ ကတည်း က စစ်တပ်လည်းမဟုတ်။ စည်ပင်သာယာကလည်းမဟုတ်။ မီးရထားဌာနက သိမ်းထားတာ ခု ၂၁ နှစ် ရှိပြီဟု ကြားသိရသည်။ အသိမ်းခံမြေကွက်ကြီးသည် ဟာလာဟင်းလင်း၊ ဒီ မြေဆုံး၍ ဘ၀ပျက်ခဲ့သူတိုင်း ဒီမြေကွက်ကြီးနားမှာ ရင်ကွဲ ပက်လက်ဖြစ်ကြသည်။ စစ်ဖိနပ်အောက်မှာ စုန်းစုန်းမြုပ်နေ သော ဆင်းရဲသားတွေက ကိုမင်းကိုနိုင်၊ ကိုမိုးသီးတို့ကို သူတို့ အဖြစ်တွေ ပြောပြလို၍ အသိမ်းခံ ငမိုးရိပ်မြေကွက်ကြီးနား စုရုံးရောက်လာကြသည်။ လူ ၃၀၀ ၄၀၀ လောက်ဖြစ်နိုင်သည်။ အားလုံးက သူတို့ကို မျှော်လင့်ကြသည်။ သူတို့မြေသူတို့ ပြန်လိုချင်ပါတယ်လို့ မျှော်လင့်တကြီး ၀ိုင်းပြောကြလေသည်။

ကိုမိုးသီးကတော့ ထုံးစံအတိုင်း သူနဲ့ဘာမှလည်းမဆိုင်ဘဲ၊ သူလည်း ဘာမှလုပ်မပေးနိုင်ဘဲ ကတိတွေပေးပါတော့သည်။ နောက်တခေါက်ပြန်လာရင် အတတ်နိုင်ဆုံး လုပ်ပေးကူညီိပေးပါ့မယ်လို့ လူတွေကို နှစ်သိမ့် ကတိပေးခဲ့သည်ဟု ကြား သည်။ မီးရထားဌာနက သိမ်းတယ်ဆိုတော့ သူ့ခမြာ ဦးအောင်မင်းကို ပြောကြည့်ရင်ရမလားလို့ အထင်နဲ့ လွယ်လွယ် ကတိပေးတာလည်း ဖြစ်နိုင်သည်။ ကိုမင်းကိုနိုင် ကတော့ ဆိတ်ဆိတ်သာနေတော့သည်။ သူမျက်လုံးတွေက မြေကွက် ကြီးကို ငေးရင်း၊ ကွင်းပြင်ကျယ်ကြီးကို ကျော်ကြည့်ရင်း၊ လူတွေကိုလည်း နားစွင့်နေရင်း၊ ပြုံးလို့သာနေတော့သည် ဟု နောက်ဆုံးကြားသိရပါသည်။


စာရေးသူ၏ အတွေး

ကိုမိုးသီးကို စောလူးမင်း ဟု ပြောခဲ့ဖူးသည်။ သို့သော်သူသည် သူများသတ်လို့သေမဲ့သူတော့ မဟုတ်။ အေဘီ မြောက် ပိုင်း စခန်းပြန်တွေကို အပါယ်ခံ အနှိမ်ခံ မျက်နှာမွဲတွေလို့ ကျမ သိထားသည်။ ရေများရာ မိုးမရွာရဆိုတာလည်း ကျင့်ဝတ် တခုဖြစ်သည်ဟု ဆက်စဉ်းစားသည်။ ကိုမင်းကိုနိုင်နှင့်ဦး ကိုကိုကြီးတို့သည်လည်း ကြောင်စုန်ကြီးများ အစားခံမည့်မွေး ကင်းစ လှုပ်လိလှုပ်လှည့် ကြောင်ပေါက်သားငယ်လေးများမဟုတ်ကြ။ အဖြူနဲ့အမဲက တွဲလို့မဖြစ်နိုင်တဲ့အကြောင်း၊ စဉ်း စားသည်။ အိမ်နောက်ဖေးမှာဈေးဆိုင်တည် မည့်သူများဖြစ်သည့် ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဇော်ဦး သူတို့စိတ်မှာတော့ ငါတို့က လမ်းဖေါက် ပြီးသားပဲလို့ တလွဲယုံကြည်နေပုံရှိသည်။ သူတို့ခမြာ အမှောင်မှာ ထိုင်နေကြသူ များပေမို့ လက်ဖျောက်ခြေဖျောက် လိပ်ပြာမရှိ မာန်မာနမရှိ ဂုဏ်သိက္ခာမရှိ၊ ဒါတွေအပေါ်မှာသာ ထိုင်ကျေနပ်နေသူများ ဖြစ်ခဲ့လျှင်ဆိုတဲ့ အတွေးတွေ ဆက်ပေါ်လာတော့သည်။ ဒန်တေ၏ အင်ဖာနို ကို နဲနဲ ပြန်မှတ်မိနေသေးသည်။

ဤလိုလူစားတွေ၏ ယုံကြည်မှုအကြောင်းကိုသာ (စိတ်မသက်မသာမဖြစ်ဘဲ)အကြောင်းအကျိုးသဘောကို အနည်းငယ် စဉ်းစားဖြစ်သည်။ သူတို့ လျောက်သောလမ်းကျဉ်း၏ လွတ်လပ်မှုပမာဏကိုသာ အလွတ်တွေး တွေးနေတော့သည်။ သစ္စာသမားတွေကို တနည်းနည်းဖြင့် တရားစောင့်သောနတ်တွေက ကူညီလိမ့်မည်ဟု သေချာပေါက်ယုံ၏။

Photo: ၈၈၈၈ ရုံးခန်းမှာ ညစာစားခဲ့သော ကြောင်စုန်းကြီးများ (သို့) နောက်ဖေး အိမ်မလွယ်ပေါက်မှ လာသောဧည့်သည်များ by Aye Aye Soe Win on Wednesday, September 5, 2012 at 2:59pm  ရထားဝန်ကြီး၏ အထူးဧည့်သည်များ   မြန်မာတွေ လိုက်လျှောသည်းခံ အားနာတတ်တဲ့စိတ်က ကမ္ဘာကျော်သည်။ နိုင်ငံများစွာကို သွားနိုင်အောင် ချိတ်ဆက် ထားသော ခရီးရှည် ရထားများကို အစုန်အဆန်စီးပြီး ခရီးသွား ရထားဆောင်းပါးများဖြင့် ကမ္ဘာကျော်ခဲ့သော ပေါလ် သရိုးက သူရောက်ဖူးသမျှ နိုင်ငံတွေအားလုံးထဲမှာ မြန်မာပြည်က လူတွေလောက် ဒုက္ခကို ခါးစည်းခံနိုင်တဲ့လူမျိုး မတွေ့ ဖူးသေးဟု ပြောဖူးသည်။ ဤဆောင်းပါးသည် ရထားအကြောင်းမဟုတ်။ ရထားတွေစီးရင်း ဘ၀တက္ကသိုလ်ခရီးသွားတဦး ဖြစ်လေသည့် ပေါလ်သရိုး အကြောင်းမဟုတ်။ မြန်မာပြည်က ရထားဝန်ကြီးနှင့် အခါခါလက်ဝါးရိုက်ပြီး ပြည်တွင်းပြန် ရောက်နေသော ကြောင်စုန်းကြီးအချို့က၊ သူတို့နှင့် လားလားမဆိုင်သော ၈၈၈၈ ရုံးခန်းကို အိမ်နောက်ပေါက်က၀င်ကာ တိုင်းပြည်နှင့် အတိုက်အခံ လောကကို ရည်ရွယ်ချက်ကြီးတွေဖြင့် အကွက်ချ ဆက်ဖျက်ဆီးမည့် လူ့ကပ်ပါး ဖေါက်ပြန် ရေးသမားများတို့အကြောင်း ဖြစ်သည်။   ကိုမိုးသီး၏ ဆန်ဇေးရှင်းနယ်အချိန် ဆိုက်ရောက်ခြင်း Sensational Week   သူကတော့အများသိပြီးဖြစ်တဲ့အတိုင်းပွဲဆူစေသည်။ ဆန်ဇေးရှင်းနယ်ဖြစ်စေအောင် နေတတ်ထိုင်တတ် ပြောတတ်ပါ သည်။ သူအနေအထိုင်မတတ်၍ ၈၈၈၈ သမိုင်းနှင့်ဝေးသောသူများကပင် သတင်းစောင်ရေများအောင်၊ သူ လက်လှုပ် ခြေလှုပ်လေးတွေကအစ တခုတ်တရ ဆောင်းပါးရေးကြသည်။ (တခါမှ ကြမ်းကြမ်းတမ်းတမ်း မဝေဖန်ဖူးသော သူုတွေ ကပါ ဆွမ်းကြီးဝင်လောင်းကြသည်) လေသာပြူတင်းမှာ ရပ်၍ မိန့်ခွန်းလည်း ချွေတတ်သည်။ လူတွေက သူ့အကြောင်း လိုက်ကြရေးကြသည်။ ဒီိတော့ နိုင်အောင်၊ သောင်းထွန်း၊ ဇော်ဦး အညစ်ပတ်ဆုံး ခြေကြီးလက်ကြီးများက ပျောက်နေ သည်။   ပိုပြီးညစ်ပတ်လေသည့် လေဘာ ပြည်သစ်ညွန့်ဝေ (၀ါ) မောင်မောင်ကြီးကလည်း ခပ်ကုတ်ကုတ်နဲ့ ဒီနေ့ ရောက်လာ သည်။ မိချောင်းမျက်ရည်လား ဘာလား တစ နှစ်စ သောမျက်ရေ သူ့မျက်ဝန်းမှာတွေ့လိုက်ပါသေးရဲ့။ အို.. ၀ိုင်းတော် သားတို့ စုံကြပြီ။ သူတို့ကလဲ ခေသူတွေမဟုတ်။ ၀ူးဝူးဝါးဝါး အော်ဆဲချင်သူတွေ၊ ဉာဏ်နိမ့်သော သူတွေကို မိုးသီးနှင့် လွှတ်ပေးထားပြီး သူတို့က သီးသန့် ကြံနေကြသည်။ မီဒီယာကလည်း နိုင်အောင်ကို သက်သာစေသည်မို့ နဲနဲတော့ အံ့သြမိသည်။ သတင်းထောက်ဆိုတာ လူတကာသိပြီးသားတွေကို စာစီပေဖွဲ့နေမဲ့အစား၊ အဖုံးအုပ်ထားတဲ့ အိုးထဲက အရာတွေကိုသာ လူတွေတွေးမိအောင် စဉ်းစားမိအောင်ရေးပြသင့်သည်ဟု ယူဆထားပါသည်။ ပြည်တွင်းမှာ ဘယ်တုန်း ကမှ ပရိတ်သတ်မရှိသူတို့က သူတို့ ခြေရွှေ့ကွက်တွေကို အထူးညက်ညောစွာ ဆင်ထားနိုင်ကြသည်။ အချောင်သမား တစုက ၈၈၈၈ အားလုံးကို တလွှာစီ တစစီ ဖျက်စီးဖို့ အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်လေမည့် အကြံကြီးဖြစ်သည်။ အန္တရာယ်အစစ်ကို ပြည်သူတွေကို ပြောမှဖြစ်မည်ဟု ယူဆသောကြောင့် ဒီစာရေးဖြစ်သည်။  အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်၊ ကြောင်စုန်းကြီးတို့ ခြေဖျောက်ဝင်၊   အေဘီ မြောက်ပိုင်းစခန်း လူသတ်မှု များအကြောင်း စုံလင်စွာထွက်လာသည့် အချိန်ကစလျှင် ခု ၉လ နီးပါးရှိပြီ။ လူ သတ်သမားတွေ၏ လက်တွေခြေတွေကို ခိုင်ခိုင်တုပ်နိုင်သော အခြေအနေသည် ရာသီရောက်၍ ပေါ်လာသည့် အခွင့်အ ရေးမဟုတ်။ ရာဇ၀တ်မှုကြီးများကို စိမ်ပြေနပြေ ကျူးလွန်ထားပြီးလျှင်၊ ရာဇ၀တ်မှုမြောက်ပြီးသား ဖြစ်နေပြီး၊ ရင်မဆိုင် လိုသော ရာဇ၀တ်သားက တွန့်ဆုတ် ရှောင်ပြေး၊ ပတ်လည်ပြေး တပြေးထဲပြေးနေရသရွေ့ မှန်ကန်သောသူတွေဖက်က စိတ်ဓါတ်အရနိုင်ပြီးသားဖြစ်သည်ဟု တွက်လို့ရသည်။ သို့သော် ရာဖ၀တ်သားက သူဆက်ပြေးလို့မရတော့ဘူးလို့ သိသွား လျှင် လိုက်သောသူတွေဖက်ကလည်း မြေခွေးလိုက်ပွဲကို မရပ်သေးဘူးဆိုလျင်၊ မျက်နှာချင်းဆိုင်ဆုံရမဲ့အချိန် တခုမကြာ ခင်ကြုံရတော့မည်ဟု ထင်မိသည်။ ဤအချိန်နေရာကိုရောက်လျှင် သစ္စာသမားတွေကို တနည်းနည်းဖြင့် တရားစောင့် သော နတ်က ကူညီလိမ့်မည် ယုံဆဲဖြစ်သည်။   သူတို့ကို မရသေးတာက အချိန်မသင့်သေးတဲ့ အပိုင်း ကတပိုင်း၊ သူတို့မှာအကာအကွယ်တခုခု ရထားလေသလားဆိုတဲ့ အပိုင်းကတပိုင်း ဖြစ်နိုင်သည်။ ပြောင်းမရတဲ့ ခိုင်မြဲနေမဲ့ အမှန်တရားကို အခွင့်အရေး အခွင့်အလန်းလို့ မြင်လို့မဖြစ်။ ခု အခွင့် ရှိရှိ မရှိရှိ အမှန်က အမှန်အတိုင်းပဲ သမိုင်းမှာတည်နေမှာ ဖြစ်သည်။ ဒါကြောင့်ပဲ လူ့ကပ်ပါး။ လူသတ်သမားတို့ သည် ၈၈၈၈ ရုံခန်းအတွင်းကို နောက်ဖေးပေါက်က ၀င်သွားခြင်း ဖြစ်သည်။ မည်သည့်သတင်းထောက်က ဒီအိမ်နောက် ဖေးမှာ ဈေးဆိုင်တည်မည့် သူတွေအကြောင်း ရီရအာင် ဖွဲ့ဖွဲနွဲ့နွဲ့ မပြော၍ နဲနဲအံ့အားသင့်မိသည်။  လူတွေအများကြီးသတ်ခဲ့သော အေဘီ ဥက္ကဋ္ဌဟောင်း နိုင်အောင်က က ၈၈၈၈ ရုံးခန်းကို နောက်ဖေးပေါက်က တက် သည်။ အကြံပေး သောင်းထွန်းက ကိုမင်းကိုနိုင် အတွက် ဆုတခုယူလာပြီး ပီအာလုပ်ပြသွားသည်။ ဦးကိုကိုကြီး၊ ကိုမင်း ကိုနိုင် တို့က သောင်းထွန်း၊ နိုင်အောင်နဲ့အတူ မနေ့က ၈၈၈၈ ရုံးခန်းမှာ ညစာတူတူစားကြသည်ဟုကြားလိုက်ရသည်။ သူတို့ထိုင်သွားတဲ့နေရာကို နို့နဲ့ တောင်ဆေးချင်တယ်လို့ လူငယ်လေးတယောက်က သူ့ခံစားချက်တွေကို သူ့အီးမေးထဲမှာ ပြောသည်။ ၈၈၈၈ ရုံုးခန်းနောက်မှာ ခိုးချောင်ခိုးဝှက် ဈေးဆိုင်တည်မဲ့ သူတွေမို့ သူတို့က အကြိမ်ကြိမ်လာမှာ။ဒီတော့ ခဏခဏ နို့တွေနဲ့ဆေးနေရမှာပေါ့လို့ ခပ်ပေါ့ပေါ့ပဲ ပြန်ပြောလိုက်သည်။   ဤသို့ဖြင့် ကြောင်စုန်းကြီးများ သည် ၈၈၈၈ အိမ်နောက်ဖေးက ၀င်ခဲ့သည်။ ပြီးတော့ ခြေဖျားထောက်ပြီး သားကောင်ရှာ သကဲ့သို့ ညင်ညင်သာသာလေး ၀ပ်ဝပ်လေး ဂုတ်လျို မျက်လုံးဒေါင့်ကပ်ကြည့်ပြီး ၀င်သွားကြတော့သည်။ (ကြောင်စုန်း ကြီးတွေ အ၀င်ကျွမ်းလေ၍ ဟိုတယောက် ကိုမိုးသီး လိုလည်း အဆဲမခံရ။) ကံက ကောင်းလေတော့ ကြောင်စုန်း နိုင်အောင် သောင်းထွန်း တို့က မီဒီယာစက်ကွင်းမှာ လုံးဝ အဆဲမခံရဘဲ၊ ၈၈၈၈ ထိပ်သီးတွေနဲ့ ညစာတောင်တူတူ စား လိုက်ရသေးသည်။ အမေရိက က လာတာချင်းအတူတူ ဟိုအုပ်စုနဲ့ တမူထူးကာ သူတို့က ရောင်းစရာအိုင်ဒီယာတွေကို လူမမြင်ရတဲ့ အိတ်မဲကြီးထဲ ထည့်ယူလာပုံရသည်။ အမြတ်ထွက် နိုင်ငံရေးဈေးကွက် အစီအစဉ်တွေကို ဒီိကြောင်စုန်း ၂ ကောင်က အကွက်တွေ ဇယားတွေနဲ့ ချပြရန်ရှိသည်။ ကိုမင်းကိုနိုင်တို့ သဘောကောင်းပုံကတော့ စာဖွဲ့လောက်ပါသည်။ လူသတ်သမားတွေနဲ့ တွဲထိုင်ရသည်။ သူတို့က နိုင်ငံခြားပြန်ဆရာကြီးတွေဆိုတော့ ပွင့်လင်းအဖွဲ့အစည်းတွေအတွက် နိုင်ငံခြားက ငွေရမဲ့နေရာတွေကို သောင်းထွန်းနဲ့ လူသတ်သမားနိုင်အောင်က ကြိုးကိုင်ပြီး ၈၈၈၈ ကို အကူအညီိပေးမယ် ဆိုပဲ။ ဤသို့ကြားနာလိုက်ရပါသည်။   အစိုးရထက်တောင် ကွက်ကျော်ရိုက်နိုင်၍ ဗူးတလုံးဆောင် အိုအောင်မဆင်းရဲ၊ အပြစ်မရှိချင်ယောင်ဆောင်နေသော လူ သတ်သမားနိုင်အောင်၊ အခါပေး ဦးပုံည သောင်းထွန်း၊ ကပ်ပါးဇော်ဦးတို့ ရောင်းဝယ်မည့်ပစ္စည်းက အထူးအဆန်းမဟုတ်။ ပွဲဦးထွက် မားကက်တင်းန် marketing လုပ်သွားသော နေရာ၊နှင့် အချိန်ကိုက်မှုကိုသာ နဲနဲ အံ့သြမိသည်။    ပြတ်သားသော ကိုကိုကြီး   ရခိုင်ကိစ္စ ဦးကိုကိုကြီး ဘယ်လို ပြောခဲ့တယ်ဆိုတာ မှတ်မိနေပါသေးသည်။ ရခိုင်အရေးမှာ ပြည်သူလူထု နှလုံးသည်းပွတ် ထိအောင် စိတ်ဆင်းရဲခဲ့ရသည်။ ထိုအချိန်မျိုးတွင် ဦးကိုကိုကြီးက ပြည်သူလူထုအတွက် အားကြီးသော အသံတခုပေးခဲ့ သည်။   ကိုမိုးသီး လာမဲ့နေမှာ စီ နီယာ ၈၈၈၈ များက ကြိုသင့် မကြိုသင့် အလွတ်ပြောပြောကြရင်း အချင်းချင်း ဆွေးနွေး ကြ သောအခါ ဦးကိုကိုကြီး၏ စကားသံကအလွန်ပြတ်သားလှပါသည်။ ဦးမင်းဇေယျာကြီးက ကိုမိုးသီးကို ပုဂ္ဂိုလ်ရေး သံယော ဇဉ်ဖြင့်သွား ကြိုရင်ကောင်းမလားဆိုပြီး အလွတ်ပြော၊ ပြောခဲ့ဖူးသည်။ ဦးကိုကိုကြီး ၏ ပြတ်သားသောစကားတခွန်း ကြောင့် ဘယ်သူမှ သွားမကြိုရဲကြ။ (နိုင်အောင့်မှာ ပြည်တွင်းပရိသတ်မရှိ။ နိုင်အောင်ကို ကြိုသင့်မကြိုသင့် ဘယ်သူမှ စကားထဲ ထည့်ပြောစရာမလို။) ဒါပေမဲ့ ဦးကိုကိုကြီး ပြတ်သားလိုက်ပုံများ၊ ကိုမိုးသီး သူငယ်ချင်းတောင် မချန်ထား၊ ဤ သို့ဆိုခဲ့သည်။ မိုးသီး ထွက်သွားတုန်းက သူ့သဘောနဲ့သူ ငါတို့ အားလုံးက ၀မ်းနည်းပေးခဲ့ရတယ်။ ခု ပြန်လာပြန်တော့ လည်း သူသဘောနဲ့ သူ။ ဒီတော့ သူ့အတွက် ငါတို့တွေ ၀ိုင်းပြီး ၀မ်းသာပေးဖို့ အချိန်မရှိဘူးလို့ ဆိုခဲ့သည်။ ဒီိလို ပြတ် သားခဲ့တဲ့ ကိုကိုကြီး က serial killer စီရီရယ်ကေးလာ နိုင်အောင်၊ သူ့ အကြံပေးသောင်းထွန်း တို့နဲ့ ညစာတူတူစားတာ ကြားရတော့ နဲနဲတော့အံ့သြမိပါသည်။   နိုင်အောင့် မိန်းမ ပို့ထားသော သိန်း ၆၀၀   ပွင့်လင်း ရုံးထူထောင်ရေးအစမှာ နိုင်အောင်က သူ့မိန်းမကတဆင့် သိန်း ၆၀၀ ကို ၈၈၈၈ တွေအားလှူသတဲ့။ ထိုပမာဏ အတွက်တော့ ပြည်တွင်းက ၈၈၈၈ စီနီယာအုပ်စုသည် သူတို့မူကို တော်ရုံနဲ့ပြောင်းရန် အကြောင်းမရှိ။ ပွင့်လင်းကာလ ဆိုတော့ ပွင့်လင်းရပေမဲ့၊ သူတို့ရပ်တည်နေရသော အနေအထားအရ ဘယ်လိုနည်းနဲ့မှ ၈၈၈၈ စိနီယာအုပ်စုသည် လာ တွေ့သောသူတွေကို နှင်ချလို့မရ။ ထူးဆန်းတာက ကြောင်စုန်းကြီး ၂ ကောင်က သူတို့ ကြောင်စုန်းဆိုတာကို မေ့မေ့ လျော့လျော့ ဖြစ်နေသောသူတွေကြားမှာ They were having a good time ဆိုတာပဲ ဖြစ်သည်။   ပရိတ်သတ်က နဲနဲ စိတ်ရှုတ်ထွေးနားမလည်နေတဲ့အချိန်မှာ ကြောင်စုန်းကြီး၂ကောင်က ပြုံးနေသည်။ ဥရောပနှင့် အမေ ရိကန် အစိုးရစီက တရားဝင် ထောက်ပံ့ကူညီငွေတွေအတွက် ဦးသောင်းထွန်း က တာဝန်ယူမည်။ နိုင်ငံတကာက လာမဲ့ အန်ဂျီအိုတွေ ဒေါက်တာ နိုင်အောင်က ဦးစီးမည်။ ဗဟု က တဆင့် နေပြည်တော်ကို ဇော်ဦး ပဉ္စမံ ခံတပ်ဖြင့် ၀င်စီးထားပီး သား။ ရန်ကုန်က ၈၈၈၈ စီနီယာကြီးတွေကိုရလျှင် ပွဲပြတ်ပြီလို့ အချင်းချင်း အီးမေးပို့ ကြွားနေကြသည်။ ၈၈၈၈ အချင်း ချင်းကြားမှာတောင် ကိုမိုးသီးကို အရူးဆိုပြီး ဇော်ဦးလို ကီးမာစတာက ဖြုတ်ထားပြီးသားဆိုပြီး၊ ၀င့်ဝါနေကြသည်။ အလွန် ညစ်ပတ်သော ခြေထိုးပွဲတွေ မစခင်မှာကို ဇော်ဦးက အချိန်မစိသေးဘဲ ကြိုအောင်ပွဲခံချင်နေတဲ့အသွင်ဆောင်တဲ့ အီးမေး တွေက ၀င်နေသည်။ ကိုမင်းကိုနိုင် ကတော့ အသံတိတ်နေလေတော့၏။   (စိတ်ပူရန် စောလွန်းပါသေးသည်။ ဦးကိုကိုကြီး၊ ကိုမင်းကိုနိုင် ၂ ယောက်လုံး ဒီလောက် စိတ်ဓါတ်မပျော့လောက်တန်ရာ သောင်းထွန်း နဲ့ နိုင်အောင် ပြောချင်တဲ့သူက အတင်းကြီးပြောလေတော့ နိုင်ငံတကာက အန်ဂျီအိုတွေ ခေါ်လာပေးမယ် ဆိုတဲ့စကားနဲ့ ဘယ်လောက်ပဲ ဝေေ၀ဆာဆောတွေ မက်လောက်အောင်ပြောနေသည့်တိုင်၊ ထိုင်နားထောင်နေရေးသည် အစားအစာပါသော ညစာ စကားဝိုင်းတွင်သိပ်ခက်ခဲလှတာမဟုတ်၊ ဒေါက်တာနိုင်အောင် ၏ တို့ဆေးမှာ ၈၈၈၈ စီနီနိယာ ကြီးတွေက မတိုးနိုင်လောက်အောင် ဆေးပြီးပြီးသားဟု စာရေးသူက တွက်ထားပြီးသား ဖြစ်ပါသည်။)   ငမိုးရိပ်မြေကွက်ကြီးမှာ လူစုံပြီ။   သင်ကန်းကျွန်းငမိုးရိပ်က မြေကွက်ကြီးကို ၁၉၉၁ ကတည်း က စစ်တပ်လည်းမဟုတ်။ စည်ပင်သာယာကလည်းမဟုတ်။ မီးရထားဌာနက သိမ်းထားတာ ခု ၂၁ နှစ် ရှိပြီဟု ကြားသိရသည်။ အသိမ်းခံမြေကွက်ကြီးသည် ဟာလာဟင်းလင်း၊ ဒီ မြေဆုံး၍ ဘ၀ပျက်ခဲ့သူတိုင်း ဒီမြေကွက်ကြီးနားမှာ ရင်ကွဲ ပက်လက်ဖြစ်ကြသည်။ စစ်ဖိနပ်အောက်မှာ စုန်းစုန်းမြုပ်နေ သော ဆင်းရဲသားတွေက ကိုမင်းကိုနိုင်၊ ကိုမိုးသီးတို့ကို သူတို့ အဖြစ်တွေ ပြောပြလို၍ အသိမ်းခံ ငမိုးရိပ်မြေကွက်ကြီးနား စုရုံးရောက်လာကြသည်။ လူ ၃၀၀ ၄၀၀ လောက်ဖြစ်နိုင်သည်။ အားလုံးက သူတို့ကို မျှော်လင့်ကြသည်။ သူတို့မြေသူတို့ ပြန်လိုချင်ပါတယ်လို့ မျှော်လင့်တကြီး ၀ိုင်းပြောကြလေသည်။   ကိုမိုးသီးကတော့ ထုံးစံအတိုင်း သူနဲ့ဘာမှလည်းမဆိုင်ဘဲ၊ သူလည်း ဘာမှလုပ်မပေးနိုင်ဘဲ ကတိတွေပေးပါတော့သည်။ နောက်တခေါက်ပြန်လာရင် အတတ်နိုင်ဆုံး လုပ်ပေးကူညီိပေးပါ့မယ်လို့ လူတွေကို နှစ်သိမ့် ကတိပေးခဲ့သည်ဟု ကြား သည်။ မီးရထားဌာနက သိမ်းတယ်ဆိုတော့ သူ့ခမြာ ဦးအောင်မင်းကို ပြောကြည့်ရင်ရမလားလို့ အထင်နဲ့ လွယ်လွယ် ကတိပေးတာလည်း ဖြစ်နိုင်သည်။ ကိုမင်းကိုနိုင် ကတော့ ဆိတ်ဆိတ်သာနေတော့သည်။ သူမျက်လုံးတွေက မြေကွက် ကြီးကို ငေးရင်း၊ ကွင်းပြင်ကျယ်ကြီးကို ကျော်ကြည့်ရင်း၊ လူတွေကိုလည်း နားစွင့်နေရင်း၊ ပြုံးလို့သာနေတော့သည် ဟု နောက်ဆုံးကြားသိရပါသည်။     စာရေးသူ၏ အတွေး   ကိုမိုးသီးကို စောလူးမင်း ဟု ပြောခဲ့ဖူးသည်။ သို့သော်သူသည် သူများသတ်လို့သေမဲ့သူတော့ မဟုတ်။ အေဘီ မြောက် ပိုင်း စခန်းပြန်တွေကို အပါယ်ခံ အနှိမ်ခံ မျက်နှာမွဲတွေလို့ ကျမ သိထားသည်။ ရေများရာ မိုးမရွာရဆိုတာလည်း ကျင့်ဝတ် တခုဖြစ်သည်ဟု ဆက်စဉ်းစားသည်။ ကိုမင်းကိုနိုင်နှင့်ဦး ကိုကိုကြီးတို့သည်လည်း ကြောင်စုန်ကြီးများ အစားခံမည့်မွေး ကင်းစ လှုပ်လိလှုပ်လှည့် ကြောင်ပေါက်သားငယ်လေးများမဟုတ်ကြ။ အဖြူနဲ့အမဲက တွဲလို့မဖြစ်နိုင်တဲ့အကြောင်း၊ စဉ်း စားသည်။ အိမ်နောက်ဖေးမှာဈေးဆိုင်တည် မည့်သူများဖြစ်သည့် ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဇော်ဦး သူတို့စိတ်မှာတော့ ငါတို့က လမ်းဖေါက် ပြီးသားပဲလို့ တလွဲယုံကြည်နေပုံရှိသည်။ သူတို့ခမြာ အမှောင်မှာ ထိုင်နေကြသူ များပေမို့ လက်ဖျောက်ခြေဖျောက် လိပ်ပြာမရှိ မာန်မာနမရှိ ဂုဏ်သိက္ခာမရှိ၊ ဒါတွေအပေါ်မှာသာ ထိုင်ကျေနပ်နေသူများ ဖြစ်ခဲ့လျှင်ဆိုတဲ့ အတွေးတွေ ဆက်ပေါ်လာတော့သည်။ ဒန်တေ၏ အင်ဖာနို ကို နဲနဲ ပြန်မှတ်မိနေသေးသည်။  ဤလိုလူစားတွေ၏ ယုံကြည်မှုအကြောင်းကိုသာ (စိတ်မသက်မသာမဖြစ်ဘဲ)အကြောင်းအကျိုးသဘောကို အနည်းငယ် စဉ်းစားဖြစ်သည်။ သူတို့ လျောက်သောလမ်းကျဉ်း၏ လွတ်လပ်မှုပမာဏကိုသာ အလွတ်တွေး တွေးနေတော့သည်။ သစ္စာသမားတွေကို တနည်းနည်းဖြင့် တရားစောင့်သောနတ်တွေက ကူညီလိမ့်မည်ဟု သေချာပေါက်ယုံ၏။  ကျေးဇူးပါ အေးအေးစိုးဝင်း စက်တင်ဘာ ၅-၂၀၁၂

Myanmar Express

1 comments:

All 88 students are piece of shit .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်