Subscribe to our RSS Feed

မုံရွာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်သည်ဆိုသည့် သတင်း မှာ လိမ်ညာ သတင်းလွှင့်ခြင်းသာဖြစ်


မုံရွာမြို့ပေါ်၌ ယနေ့ ညနေ ၆ နာရီခွဲ အချိန်အထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း မုံရွာ NLD မှ ဦးနေသီဟကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေးနှင့် ယနေ့ညနေတွင် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အချက်နှစ်ချက်တောင်းဆိုခဲ့ကြောင်း သူမက ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကိုပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက “တောင်းဆိုချက်များကို ဒီရက်ပိုင်းအ တွင်း အမြန်ဆုံးလိုက်လျောသွားနိုင်အောင် ကြိုးစား သွားပါ့မယ်”ဟုပြော ကြားကြောင်း ဒေါ်ခင်စန်းလှိုင်ကပြောကြားသည်။

ထိန်းသိမ်းခံထားရသူ ၄ဦးမှာ ပြစ်မှု့များကျူးလွန်ထားသည့်အတွက် ဖမ်းဆီးထားရခြင်းဖြစ်ကြောင်းဝန်ကြီးချုပ်ကရှင်းလင်းပြောကြားခဲ့ကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။

ယနေ့ညနေ ဖေ့ဘွတ်လူမှုကွန်ယက်တွင် သတင်းပျံ့နှံ့လာသကဲ့သို့ မုံရွာမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းမရှိကြောင်းလည်း 7 Day News မုံရွာသတင်းထောက်က သတင်းပေးပို့သည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်