Subscribe to our RSS Feed

ငါးထောင်တန် ငွေဖြည့်ကတ်ရောင်းချခွင့် မည်သူမဆို လျှောက်ထားနိုင်


From : Popular

ကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များအား ရောင်းချခွင့်ကို မည်သူမဆို ကိုယ်စားလှယ် လျှောက်ထားပါက ပေးအပ် သွားမည်ဖြစ်ကြောင်း ၀န်ဆောင်မှုပေးသည့် Elite Tech ကုမ္ပဏီမှ သိရသည်။ အဆိုပါ ငွေဖြည့်ကတ်များအား ယခုလ တတိယပတ်မှ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရောင်းချပေးရာတွင်လည်း Elite Tech ဆိုင်သီးသန့် ရောင်းချပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ ငွေဖြည့်ကတ်သက်တမ်းများမှာ ဖုန်းအတွင်းတွင် ငွေမဖြည့်သွင်းမီကာလတွင် ၆ လအထိ ထားရှိပေးထားပြီး ဖုန်းအတွင်း ငွေဖြည့်သွင်းပြီး သက်တမ်းမှာ ၄ လဖြစ်ကြောင်း သိရသည်။ “ငွေဖြည့်ကတ် ရောင်းချပေးရာမှာလည်း သက်မှတ်နှုန်းထက် ပိုမရောင်းအောင် ကိုယ်စားလှယ်တွေကို အကျိုးအမြတ်ပေးသွားမှာပါ” ဟု အထက်ပါ ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားသည်။ ထုတ်လုပ်ရောင်းချပေးမည့် ငွေဖြည်ကတ်အမျိုးအစားမှားမှာ CDMA 800 MHz၊ GSM နှင့် CDMA 450 MHz တို့ဖြစ်ကြောင်း CDMA 800 MHz ငွေဖြည့်ကတ်အရောင်မှာ ခဲရောင်အနု၊ CDMA 450 MHz အရောင်မှာ ရွှေဝါရောင်အနုနှင့် GSM ကတ်အရောင်မှာ အစိမ်းနုရောင်တို့ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်