Subscribe to our RSS Feed

သတင်းသမားကိုကိုအောင် လေ့လာပြီးမှရေးစေချင်

From : hot news


The Hot Newsဂျာနယ် Vol-3, No-101, 2-8 Aug 2012 နေ့ထုတ်တွင်ပါသော ကိုကိုအောင် ၏ ပိတောက်ပင်ရေနံမှော်မှ ရေနံ စိမ်းများ လျှံထွက်နေသော်လည်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေး ခြင်းမရှိ ““သတင်းနှင့် ပတ်သက်၍ ဘ၀င်မကျ၍ ရှင်းလင်းတင်ပြချင် ပါသည်။Water Jet ဆိုသည့် စကားလုံးနှင့် ပတ်သက်ပြီး ရှင်းပြ ချင်သည်။
မြန်မာနိုင်ငံတွင် လက်ယက် တွင်း ရေနံမြေအများအပြားရှိ သည်။ ၎င်းရေနံမြေများတွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း မှာရှိသော ဆူးဝင်ရွာဝယ်တောင် ဘက်ရွာ၊ ၀ယ်တောင်မြောက် ဘက်ရွာ ရေနံမြေများလည်း အပါ အ၀င်ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ထိုရေနံမြေများ စတင်ပေါ်ပေါက် လာသည်။ ထိုအချိန်က ရေနံတူး ရင်း ရေပေါက်သွားလျှင် နောက် တစ်တွင်း ရွေ့တူးပါသည်။ ရေမကာတတ်၍ ဖြစ်ပါသည်။
ထိုဒေသရေနံမြေတွင် စက် အကူအညီမပါဘဲ လူအားနှင့် တူး ခဲ့သည်။ ရေနံတူးရင်း ရေပေါက် လာလျှင် ရေလုံးသည်။ ရေကြော လွန်အောင် ဆက်တူးပြီး ရေ ကြောသဲကြောလွန်၍ ကျစ်စီး ကြောတွေ့လျှင် ပလပ်စတစ် ကော်ပိုက် (ကွန်ကျူး)များ ဆက် ချပြီး ရေနံတွင်းထဲသို့ ရေမ၀င် အောင် ကာကွယ်ကြသည်။
ရေနံတူးသည့်အခါတွင် ရေလုံးစက်ဆိုသည်မှာ ရေနံ ပေါက်သည်အထိ မသုံးဘဲ ရေနံ ကျင်းရေလုံရန်အတွက်သာ သုံးပါ သည်။ ရေလုံသွားမှ ရေနံပေါက် သည်အထိ တူးပါသည်။ ရေလုံ ရန်အတွက် သုံးသော စက်ကို ရေ သုံးစက်ဟု ခေါ်သည်။ သတင်း သမား ကိုကိုအောင်ကWaterစက်ဟု မသုံးဘဲWater Jet ဟု သုံးထားသည်ကို တွေ့ရသည်။Jet ဆိုသည့် စကားလုံးကို သာလွန် အင်္ဂလိပ်-မြန်မာ အသံထွက် အဘိဓာန်ထဲတွင် မဟူရာကျောက်၊ ဂျက်ကျောက်နက်၊ ရေနွေးငွေ့၊ ဓာတ်ငွေ့ စသည်တို့ ပန်းထွက် ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါ သည်။ ဖြစ်ရပ်မှန်ကို အသေအချာ မလေ့လာခြင်းWater စက်ကိုWater Jet ဟု သုံးစွဲခြင်းမှာ လွဲမှား နေခြင်း၊ ရေနှင့် ရောပါသော ရေနံငွေ့များကို ရေနံစိမ်းများဟု ရေးသားခြင်းဖြစ်၍ အဖြစ်မှန်ကို စာဖတ်သူတို့ အဖြစ်မှန်သိစေရန် ပြန်လည်တင်ပြအပ်ပါသည်။

Myanmar Express

3 comments:

The purpose of the article was pointing out for regional development. There could be mistake of technical terms in the article but it is no matter for the purpose.

ကျေးဇူးပဲ။
စာဖတ်သူတွေအမှတ်
မှားတော့မလို့ ။
MEG အဆင့်မြငိ့လာပြီ။

ရေနံမှော်တွေ မှာ ဒီလိုပဲခေါ် နေကြတယ် ၀ါးတားဂျက်တဲ့ ။ကလပ်ခုံတဲ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်