From :ခေတ်လူငယ်
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာနမှ ဥပဒေပညာရပ် သင်ယူလိုသူများအတွက် အွန်လိုင်းမှ လေ့လာရမည့် ဘွဲ့လွန်ဥပဒေ ဒီပလိုမာသင်တန်းကို နိုဝင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်။ ဆယ်လကြာမြင့်မည့် သင်တန်းအတွက် ဘွဲ့တစ်ခုရရှိထားသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်ငါးသိန်း၊ မှတ်ပုံတင်ကြေး ကျပ်တစ်သောင်းနှင့် စာမေးပွဲကြေး ကျပ်သုံးသောင်း ပေးသွင်းရမည်ဖြစ်သည်။ “ဥပဒေပညာကို အကြောင်းအမျိုးမျိုးကြောင့် မသင်ယူလိုက်ရတဲ့သူတွေ ဗဟုသုတရဖို့ ရည်ရွယ်ပါတယ်။ ယာယီအားဖြင့်ကတော့ သင်တန်းသား ၅၀ သတ်မှတ်ထားပြီး နောက်ပိုင်းမှာ တိုးခေါ်ဖို့ အစီအစဉ် ရှိပါတယ်။ သင်တန်းကို တစ်နှစ်တစ်ကြိမ် ဖွင့်လှစ်သွားမှာပါ” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန ဌာနမှူးဖြစ်သူက ပြောသည်။ ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ရုပ်မြင်သံကြား ရိုက်ကူးရေး စတူဒီယိုတွင် ရိုက်ကူးထားသော သင်ခန်းစာများကို www.yudeonline.com.mm မှတစ်ဆင့် သင်ကြားပို့ချမည် ဖြစ်ပြီး သင်တန်းသားများ အနေဖြင့် အင်တာနက် ချိတ်ဆက်ထားသော ကွန်ပျူတာကို အသုံးပြု၍ သင်ခန်းစာများ ဖတ်ရှုလေ့လာခြင်း၊ လေ့ကျင့်ခန်းနှင့် လက်တွေ့များ ဖြေဆိုခြင်း ဆောင်ရွက်ရမည် ဖြစ်သည်။ ရန်ကုန်အဝေးသင် တက္ကသိုလ်အနေဖြင့် အွန်လိုင်းဒီပလိုမာ သင်တန်းကို ပထမဆုံးအကြိမ် ဆောင်ရွက်နိုင်ခြင်း ဖြစ်ပြီး ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်သည် ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းကို အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချလျက် ရှိကြောင်း သိရှိရသည်။
Myanmar Express

3 comments:
မန္တလေးက တက်ချင်တဲ့လူကဘယ်ကိုစုံစမ်း ရမှာာလဲ
အဓိပ္ပါယ်မရှိလိုက်တာကွယ်•••တက္ကသိုလ်မှာday တက်ပြီး ဆရာနဲ့တိုက်ရိုက်ထိတွေ့သင်နေကြတာတောင်
ဟုတ်တိပတ်တိဘာမှမသိကြ မတတ်ကြတာ on line ဆိုရင်တော့ပြီးရောပေါ့ အချိန်နဲ့ငွေကိုအလဟဿဖြုန်း
တီးရာကျနေပြီပေါ့ ••ဆရာလုပ်တဲ့လူတွေကလည်းသိ
နေတဲ့ကိစ္စတစ်ခုကိုဘာလို့များမကန့်ကွက်ကြပါလိမ့်
သြော်••အနာဂတ်အရေး ရင်လေးစရာ ဒို့မြန်မာ
လူကိုယ်တိုင်စာရင်းမသွင်းဖရင် ပိုအဆင် ပြေတယ် အွန်လိုင်းကပဲ ငွေသွင်းရင်ကောင်းမယ် အားလုံးအဆင် ပြေပြေတက် နိုင်အောင်စီစဉ်ပေးပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်